အခန်း ၁၆၈

2.4K 234 0
                                    

[Zawgyi]
ဖီးနစ်သွေးစက်
အခန်း ၁၆၈ လင်ရှောင်းထင် ညတိုင်းမအိပ်နိုင်ခြင်း
ဘာသာပြန်သူ - Charm.Y

ကုနင်း ဆံပင်ကို လေမှုတ်စက်နှင့်အခြောက်ခံလိုက်ကာ အဆင်ပြေသလို ထုံးဖွဲ့လိုက်ပြီး အိမ်သော့နှင့် ဖုန်းကိုယူ၍ ကုချင်တို့အိမ်ကို သွားလိုက်သည်.

ကျန်းရွှီအိမ်ပြန်ရောက်နေတာကို မြင်တော့ ကုနင်း ဂရုတစိုက်နှင့်မေးလိုက်သည်,
"အန်ကယ်, အလုပ်ကိစ္စတွေဘယ်လိုနေလဲ?"

"အားလုံးအဆင်ပြေတယ်. ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေ သန်ဘက်ခါရောက်မယ်ဆိုတော့ အဲ့နေ့ ဆိုင်ဖွင့်ဖို့လဲ အဆင်သင့်ဖြစ်နေပြီ!" ကျန်းရွှီပျော်ရွှင်စွာနဲ့ ပြန်ဖြေလိုက်သည်.

"ဒီလိုကြားရတာ ဝမ်းသာပါတယ်." ကုနင်းပြောပြီးတာနှင့် မီးဖိုချောင်ထဲဝင်သွားသည်, ကုမန့်နှင့် ကုချင်သည်တော့ ဟင်းချက်ရင်းအလုပ်များနေကြကာ,
"အမေ, အန်တီ သမီးဘာကူညီပေးရဦးမလဲ?"

"မလိုပါဘူး, အဲ့နားမှာပဲထိုင်နေ. ဟင်းတွေက ကျက်ခါနီးနေပြီ." ကုချင်ပြန်ပြောလိုက်သည်.

"အိုး, ဟုတ်သားပဲ, အလှပြင်ဆိုင်အခြေနေရော?" ကုနင်းမေးလိုက်သည်.

"တော်တော်ကောင်းတယ်. လုပ်ငန်းနဲ့လဲ ကျွမ်းဝင်လာပြီ." ကုချင်ပဲ ထပ်ဖြေလိုက်သည်.

"ကောင်းတာပေါ့!" ကုနင်းပြောလိုက်ရင်း,
"ရှင်းရွှယ်ကော ဘယ်ရောက်နေလဲ?"

"သူ့အခန်းထဲမှာ, ကျောင်းကပြန်ရောက်ထဲက တံခါးပိတ်ထားတယ်. ဘာဖြစ်နေမှန်းလဲ မသိပါဘူး. ထွက်ကိုမလာတော့ဘူး." ကုချင် စိုးရိမ်နေတဲ့အသံနှင့်ပြောလိုက်သည်.

"သမီး စကားသွားပြောကြည့်လိုက်မယ်." ကုနင်းပြောရင်း ကျန်းရှင်းရွှယ်အခန်းကို သွားကာ တံခါးခေါက်လိုက်သည်.
"ရှင်းရွှယ်, ငါပါ. အထဲမှာဘာလုပ်နေတာလဲ?"

"ဘာမှမလုပ်ဘူး." ကျန်းရှင်းရွှယ် ပြန်တော့ဖြေလာပေမယ့် အပြင်ထွက်လာဖို့ စိတ်ကူးရှိပုံတော့မရပါဘူး. ကုနင်းလဲ ကျန်းရှင်းရွှယ်အသံက ပုံမှန်မဟုတ်တာကို သတိထားမိသွားသည်. သူမငိုနေတာလား? ဘာလို့လဲ?

"ငါဝင်လာလို့ရလား?"ကုနင်းမေးလိုက်သည်.

"ဟင်အင်း, ညီမစာကျက်နေတာ!" ကျန်းရှင်းရွှယ်ချက်ချင်းငြင်းလိုက်သည်.

"ဘာလို့ ရိုင်းနေတာလဲ? အခုချိန်ကြီး စာကျက်နေတာလား? ရှင်းရွှယ် အခုချက်ချင်းအပြင်ထွက်လာခဲ့စမ်း!" ကုချင်က မီးဖိုချောင်ထဲကနေပြေးထွက်လာကာ ဒေါသထွက်နေတဲ့အသံနှင့်ပြောလိုက်သည်.

"အန်တီ, အဆင်ပြေပါတယ်. သမီးနဲ့ပဲလွှဲခဲ့ပေး!" ကုနင်းချက်ချင်း ကုချင်ကို မီးဖိုချောင်ဘက် ပြန်တွန်းလွှတ်လိုက်သည်.

သူများကိုယ်ရေးကိုယ်တာကိစ္စကို ကုနင်းဝင်မစွက်ဖက်ချင်ပေမယ့် ကျန်းရှင်းရွှယ်ပုံစံက ပုံမှန်မဟုတ်မှန်းသိသာနေတာကြောင့် ကျောက်စိမ်းမျက်ဝန်းကို သုံးကာ အခန်းထဲကို ကြည့်လိုက်သည်.

အထဲမှာတော့ ကျန်းရှင်းရွှယ်က အမှန်တကယ်ကို စာကြည့်စားပွဲမှာထိုင်နေတာပေမယ့် စာကျက်နေတာတော့မဟုတ်ပါဘူး. သူမငိုနေတာဖြစ်ပြီး ဘယ်ဘက်ပါးတွင် ထင်ရှားသည့်လက်ဝါးရာတစ်ခုရှိနေသည်. သေချာကြည့်ကြည့်ရင်တော့ နောက်ထပ်လက်ဝါးရာတွေထပ်တွေ့နေရပါသေးသည်.

ထိုအရာကို မြင်တော့ ကုနင်းအမူအရာပြောင်းသွားကာ ကျန်းရှင်းရွှယ်ဘာလို့ ထွက်မလာချင်မှန်း သဘောပေါက်သွားသည်. သူမမျက်နှာပေါ်က ဒဏ်ရာတွေကို တခြားလူတွေမမြင်စေချင်သောကြောင့်ပင်.

ကုနင်း ချက်ချင်း ရေခဲစိမ်အအေးတစ်ဗူးကို ယူလိုက်ကာ ကျန်းရှင်းရွှယ်ထံ စာတစ်စောင် ပို့လိုက်သည်.
'ရှင်းရွှယ်, နင်ဘာဖြစ်နေမှန်း နင့်မိဘတွေကို မသိစေချင်တာကို ငါနားလည်တယ်. ဒါပေမယ့် ငါကူညီပေးနိုင်ပါတယ်. ငါဝင်ရအောင် တံခါးဖွင့်ပေး.'

ကျန်းရှင်းရွှယ် ထိုစာကို ဖတ်ပြီးတော့ တံခါးဖွင့်ပေးန် တုံ့ဆိုင်းနေသေးပေမယ့် ခနနေတော့ ကုနင်းအတွက် ဖွင့်ပေးလိုက်သည်.

ပြီးတော့ သူမဘယ်ဘက်ပါးကို အုပ်မိအောင် ဆံပင်ကို ဖြည်ချထားသေးသည်. ကုနင်းသူမရှေ့မှာရပ်နေပေမယ့် ကျန်းရှင်းရွှယ်ကတော့ ဘာမှလဲမပြောသလို ကုနင်းရဲ့အကြည့်တွေကိုရှောင်ကာ ခေါင်းကို အတင်းငုံ့ထားသည်.

ကုနင်း အထဲကို ဝင်သွားကာ ချက်ချင်းတံခါးကို ပြန်ပိတ်လိုက်ပြီး ကျန်းရှင်းရွှယ်ကို ကုတင်နားဆွဲခေါ်သွားလိုက်သည်. ပြီးတော့ ဘာမှပြောမနေဘဲ ရေခဲဘူးနှင့် ကျန်းရှင်းရွှယ်ကာထားသည့် ပါးကို ကပ်လိုက်တာကြောင့် ကျန်းရှင်းရွှယ် သတိလက်လွတ်ရုန်းလိုက်မိပေမယ့် ကုနင်းက ပြန်ဆွဲထားကာ,
"နင့်မိဘတွေကို မသိစေချင်ရင် ငြိမ်ငြိမ်နေ."

ရေခဲဘူးက အကာအကွယ်သဘောသာဖြစ်ပြီး တကယ်တော့ ကုနင်း လျှို့ဝှက်စွာနဲ့ စွမ်းအားတွေကို လွှဲပေးနေခြင်းဖြစ်သည်. ဒါပေမယ့် သံသယတွေမဖြစ်သွားအောင် ကျန်းရှင်းရွှယ်ရဲ့ မျက်နှာပေါ် ရေခဲဘူးကို အချိန်ကြာကြီးကပ်ထားလိုက်သည်.

"မမ, ဘယ်လိုလုပ်သိတာလဲ..." ကျန်ရှင်းရွှယ် ကုနင်းဘယ်လိုလုပ်သူမဒဏ်ရာအကြောင်းသိသွားမှန်း သူမမသိသေးပါဘူး.

"အဲ့ဒါအရေးမကြီးဘူး. ဘာဖြစ်ခဲ့တာလဲသာပြော!" ကုနင်း သေချာပေါက် ကျန်းရှင်းရွှယ်ကို အမှန်မပြောပါဘူး.

ကျန်းရှင်းရွှယ်ဘယ်ကစပြောလို့ ပြောရမယ်မှန်းမသိတာကြောင့်,
"ပြောမှာသာပြောစမ်း." ကုနင်းအနည်းငယ်ခြိမ်းခြောက်လိုက်သည်. ဒီတော့မှ ကျန်းရှင်းရွှယ်လဲ ချက်ချင်းပဲ,
"ကျောင်းမှာ ညီမကို ကြိုက်နေတဲ့ကောင်လေးက စာလိုက်ပေးတယ်. ဒါပေမယ့် ညီမ,မယူခဲ့ဘူး. ပြီးတော့ အဲ့ကောင်လေးကို ကြိုက်နေတဲ့ ကောင်မလေးက သိသွားပြီး ညီမကို ပါးတွေ အချက်ပေါင်းများစွာ လာရိုက်သွားတာ. ပြီးတော့ ဟိုကောင်လေးနဲ့ ဝေးဝေးနေရင်နေ မဟုတ်ရင် ညီမနဲ့တွေ့တိုင်းထပ်ရိုက်နေဦးမယ်လို့ ခြိမ်းခြောက်သွားသေးတယ်. ဒါ-ဒါပေမယ့် အဲ့ကောင်လေးနဲ့ ညီမ ဘာမှမဟုတ်ပါဘူး." ထိုသို့ပြောရင်းနှင့် ကျန်းရှင်းရွှယ် ဝမ်းနည်းလာကာ ထပ်ပြီး ငိုပြန်သည်.

ထိုစကားကိုကြားတော့ ကုနင်းအလွန်ဒေါသထွက်သွားကာ,
"၉တန်းဘယ်အခန်းကလဲ? နာမည်ကကော ဘယ်သူလဲ?" ကုနင်း သူမဒေါသကို ထိန်းကာ အေးစက်စွာနဲ့မေးလိုက်သည်.

"၉တန်း အခန်း၃က, ရှပေါင်ကျား, ဖန်ရှောင်ယွီ နဲ့ ကျန်းယန်လင်." ကုနင်းနဲ့ရင်ဆိုင်ရတော့ ကျန်းရှင်းရွှယ် ဘာမှမကွယ်ဝှက်ရဲပါဘူး.

"ကောင်းပြီ, ငါနင့်အတွက် လက်တုန့်ပြန်ပေးမယ်. ပြီးတော့ မှတ်ထား, ဘယ်တော့မှထွက်မပြေးနဲ့ တစ်ယောက်ထဲလဲ ငိုမနေနဲ့. နင်ကိုယ်တိုင် ရပ်တည်နိုင်ရမယ်. မကြောက်နဲ့. ဘယ်သူမှ ကြက်ပေါက်လေးတစ်ကောင်ကိုတော့ လေးစားမှာမဟုတ်ဘူး. ကိုယ်တိုင် မကိုင်တွယ်နိုင်တဲ့ကိစ္စဆိုရင်တော့ ငါ့ကို အကူအညီလာတောင်းလို့ရတယ်. ရှင်းပြီလား?" ကုနင်း သူမရဲ့ ဝမ်းကွဲညီမကို သင်ပြနေသည်. သူမရဲ့မိသားစုဝင်ကို အနိုင်ကျင့်မခံစေချင်ပါဘူး.

"ဟုတ်ကဲ့," ကျန်းရှင်းရွှယ်ပြန်ဖြေလိုက်သည်. သူမကအားနည်းတာကြောင့် လူတွေအမြဲအနိုင်ကျင့်ကြမှန်း သိပေမယ့် သူမအမြဲတမ်း တိတ်တဆိတ် ငြိမ်ခံနေခဲ့သည်. ဒါကြောင့် သူမပြောင်းလဲဖို့ အချိန်တော့ယူရပါဦးမယ်.

ကျန်းရှင်းရွှယ်ရဲ့ မျက်လုံးတွေက အချိန်ကြာကြီးငိုထားတာကြောင့် ယောင်နေပေမယ့် ကုနင်းရဲ့စွမ်းအားက သူမပါးတင်မက မျက်လုံးကိုပါ ကုပေးခဲ့တာဖြစ်သည်. ဒါကြောင့် သူမကုနင်းနှင့်အတူ စားဖို့ထွက်လာတော့ သာမာန်အတိုင်းဘာမှမထူးခြားပဲဖြစ်သွားသည်. ကျန်းရှင်းရွှယ်လဲ အံ့ဩမိပေမယ့် ဘာမှတော့ ရှည်ရှည်ဝေးဝေးတွေးမနေတော့ပါဘူး.

ကုနင်းက ကျန်းရှင်းရွှယ်ကို စာမေးပွဲမှာအဆင်မပြေခဲ့လို့ စိတ်ခံစားချက်မကောင်းဖြစ်နေတာလို့ အကြောင်းပြချက်ပေးခိုင်းခဲ့သည်.

ကုချင်လဲ ယုံသွားကာ သူမကို နောက်တစ်ကြိမ်ကျမှ အကောင်းဆုံးကြိုးစားရန် နှစ်သိမ့်ပေးကြသည်.

သူတို့ ပျော်ရွှင်စွာနဲ့ ညစာအတူစားသောက်လိုက်ကြသည်.

တစ်ချိန်ထဲမှာပဲ လင်ရှောင်းထင်မှာတော့ မိန်းကလေးတစ်ယောက်ကို ပိုးပန်းနည်းများသင်ယူကာ အလုပ်ရှုပ်နေသည်.

သူနည်းလမ်းတွေအများကြီး ဖတ်ခဲ့ကာ: ပန်းပေးခြင်း, ရုပ်ရှင်အတူကြည့်ခြင်း, လက်ဆောင်တွေပေးခြင်း, စကားချိုချိုလေးတွေပြောခြင်း စသဖြင့်ပေါ့. ဒါပေမယ့် အမျိုးမျိုးသောမိန်းကလေးတွေက အမျိုးမျိုးတော ပစ္စည်းကို ကြိုက်နှစ်သက်ကြတာကြောင့် လင်ရှောင်းထင် အလွန်စိတ်ရှုပ်နေရပြန်သည်.

ဒါကြောင့် သူတစ်ညလုံးမအိပ်ပဲ စဉ်းစားနေခဲ့သည်.

နောက်တစ်နေ့မနက်,
ကုနင်း ဇုံGကနေထွက် အနက်ရောင်Land Roverတစ်စီး လမ်းနားမှာရပ်ထားတာကို တွေ့လိုက်ကာ ကားကို မှီထားပြီး သူမဘက်ကိုလှည့်၍ လင်ရှောင်းထင်ရပ်နေခဲ့သည်.

အခုလိုပုံစံနှင့် ထိုလူ အရမ်းကြည့်ကောင်းပြီး ဆွဲဆောင်မှုရှိနေတာကိုတော့ ကုနင်းမငြင်းနိုင်ပါဘူး.

ကုနင်းကို မြင်တော့ လင်ရှောင်းထင် ချက်ချင်းမတ်မတ်ပြန်ရပ်လိုက်ကာ စိတ်လှုပ်ရှားစွာနှင့်,
"အမ်, ငါမင်းကို ကျောင်းလိုက်ပို့ချင်လို့."

ကုနင်းစိတ်ကို ငြိမ်ငြိမ်ထားလိုက်သည်. ထိုလူရဲ့ ကြည့်ကောင်းလှသည့်အသွင်အပြင်ကို ရင်ဆိုင်လိုက်ရတော့ သူမစိတ်လှုပ်ရှားနေမိတာဖြစ်သည်.
"အိုး, မလိုပါဘူး. ကျေးဇူးပဲ. ကျွန်မ အမြဲကျောင်းကို ပြေးသွားနေကြ."

လင်ရှောင်းထင် အနည်းငယ် စိတ်မကောင်းဖြစ်သွားကာ,
"အမ်, ဒါဆို ငါလဲ မင်းနဲ့ အတူကျောင်းကို ပြေးသွားမယ်."

...............Part 168 Book 12.....................
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် Like & Shareလေးတွေလုပ်ပေးကြဖို့ မမေ့နဲ့နော်

ဖီးနစ်သွေးစက် Book - 1(MMTranslation)Donde viven las historias. Descúbrelo ahora