အခန်း ၈၆

2.7K 291 0
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၈၆ နင်ကဘာမို့လို့လဲ?

အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးမှ လင်လိကျွမ်း တုံ့ဆိုင်းမှုမရှိလိမ်လည်လိုက်တယ်,

"ကုချင်, ငါတို့က ဆွေမျိုးတွေလေ. နင်အကူအညီလိုနေတဲ့အချိန် ဘယ်လိုလုပ်ဘေးထွက်ပြီးနေနိုင်မှာလဲ? နင်က ပြဿနာရှိနေရင်တောင် တစ်ခါမှမပြောပြလို့ဖြစ်ရတာလေ! ပြီးတော့ ကုမန့်, အိမ်ဟောင်းက တကယ်ဆိုအမေ့သားတွေအတွက်လေ, ဒါပေမယ့် ငါတို့က နင့်ကို နှစ်ပေါင်းများစွာနေခွင့်ပြုခဲ့တာပါ. ငါတို့ နင်တို့တွေအတွက် အများကြီးလုပ်ပေးပြီးခဲ့ပါပြီ!"

 "သူတို့ နင့်ကို ငှားခပေးတယ်လေ! ပြီးတော့ သူတို့ဒုက္ခရောက်နေတဲ့အချိန်မှ နင်တို့က ကန်ထုတ်လိုက်သေးတယ်.!" ကုချင် ပြန်ခံပြောလိုက်တယ်.

လင်လိကျွမ်း ရုတ်တရက် ဒေါသထွက်သွားကာ,

"အဲ့ဒါ ကုနင်း ငါ့သမီးကို ရိုက်ပြီး မတောင်းပန်တာကြောင့်လေ! အဲ့လိုနဲ့ပဲထိုက်တန်တယ်!"

"သူလဲ ဒါနဲ့ပဲတန်တယ်." ကုနင်း လင်လိကျွမ်းမျက်နှာတည့်တည့်ကိုကြည့်ကာ ပြန်ပြောလိုက်တယ်.

"နင်..." လင်လိကျွမ်း ဒီလိုမျိုး ကုနင်းက ပြန်ပြောရဲတာကြောင့် အံ့ဩသွားရတယ်.

ကုမိသားစုအတွင်းကလူတွေ အထူးသဖြင့် လူငယ်မျိုးဆက်တွေအားလုံးက သူမကို လေးလေးစားစားဆက်ဆံကြပေမယ့် ကုနင်းကတော့ မတူပါဘူး. သူမက လင်လိကျွမ်းရဲ့ရှေ့မှောက်မှာတင် ကုရှောင်ရှောင်ကို အရှက်ခွဲလိုက်သေးတယ်.

"ငါ့သမီးကိုရိုက်ရအောင် နင့်ကိုနင်ဘာများထင်နေလဲ? " လင်လိကျွမ်းပြောလိုက်တယ်.

"သူကကော ကျွန်မကိုစော်ကားရအောင် သူ့ကိုယ်သူဘာထင်နေလို့လဲ?" ကုနင်းပြန်မေးလိုက်တယ်.

"အဲ့တော့ ဘာဖြစ်လဲ? နင့်ကိုနင်ဘာထင်နေလဲ? မိမစစ်ဖမစစ်ကများ!" လင်လိကျွမ်း လူကြားထဲမှာပဲ ကုနင်းကိုကျိန်ဆဲလိုက်တယ်. သူမပုံစံက အရူးမကြီးတစ်ယောက်လိုဖြစ်နေတယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Tempat cerita menjadi hidup. Temukan sekarang