အခန်း ၈

3.3K 365 1
                                    

[Zawgyi]

အခန်း ၈  ရတနာဆိုင်မှ ဇာတ်လမ်းတစ်ပုဒ်

အဆုံးမှာတော့ ကုမန့်က ညှိနှိုးလိုက်တယ်
တစ်ခုတော့လိုက်နာပေး, နေလို့မကောင်းသလိုခံစားရတာနဲ့ အမေ့ကို တန်းဖုန်းဆက်ရမယ် ဟုတ်ပြီလား

ဟုတ် ဆက်ပါ့မယ်  ကုနင်း ပြန်ဖြေပြီးတာနဲ့ ထွက်သွားတော့တယ်.

ကုနင်း လမ်းပေါ်ရောက်တော့ သူမလက်ထဲက ဖုန်းကိုကြည့်ပြီး တော်တော်လေးစိတ်အလိုမကျဖြစ်သွားတယ်.
ဒီဟာက အရမ်းကို ဈေးပေါပြီး ဟောင်းနေတဲ့ဖုန်းပဲ.

အရိုးသားဆုံးပြောရရင်, ကုနင်းက စမတ်ဖုန်းကိုပဲ အသုံးပြုရတာ ကြိုက်ပါတယ်. ဒီလိုမျိုး ခလုတ်တွေနဲ့ ဖုန်းအဟောင်းကိုတော့ တော်တော်လေးကိုမကြိုက်ပါဘူး.

ပိုက်ဆံမြန်မြန်ရှာပြီး အမေ့အတွက်ရော ငါ့အတွက်ပါ စမတ်ဖုန်းတစ်လုံးစီလောက်ဝယ်မှပါ.
ကုနင်း သူ့ဘာသာတွေးလိုက်တယ်.

ကုနင်းနေတဲ့နေရာနဲ့ ရှေးဟောင်းပစ္စည်းရောင်းသာဈေးကို တိုက်ရိုက်သွားတဲ့ ဘက်စ်ကားမရှိတာကြောင့် မြို့ထဲသို့အရင်သွားရန် ဆုံးဖြတ်လိုက်တယ်.

ကံကောင်းစွာပဲ ရုံးဆင်းရုံးတက်ချိန်မဟုတ်တာကြောင့် မိနစ်လောက်နဲ့ မြို့ထဲကို ရောက်သွားတယ်.

ကုနင်း ဘက်စ်ကားပေါ်ကနေဆင်းလိုက်ပြီး ရှေးဟောင်းပစ္စည်းဈေးကိုသွားတဲ့ နောက်ဘက်စ်ကားဂိတ်ကို ရောက်အောင် မီတာ 300 လောက် လမ်းထပ်လျှောက်လိုက်ရတယ်.

မြို့ထဲမှာတော့ လူသိများတဲ့ ရတနာပစ္စည်းဆိုတွေ အများကြီးရှိတယ်.

အနီးနားရှိ ရတနာပစ္စည်းဆိုင်၏ မျက်နှာစာတွင်ပြထားသော ကျောက်စိမ်းကို ကုနင်း စိတ်ဝင်စားနေမိတယ်. အထဲဝင်ပြီးတော့လဲ ကြည့်ချင်နေတယ်.

ကုနင်းက ကျောက်စိမ်းထဲက စွမ်းအား စုပ်ယူနည်းကို သိထားပေမယ့် လက်တွေ့မလုပ်ဖူးတာကြောင့် ဘယ်လိုခံစားရလဲဆိုတာကို အရမ်းသိချင်နေပါတယ်.

ကုနင်း ရတနာဆိုင်ထဲ ဝင်သွားချိန်မှာပဲ အမျိုးသမီးတစ်ယောက်ရဲ့ ထေ့ငေါ့သံကိုကြားလိုက်ရတယ်.
ဝိုး ဒါကုနင်းမဟုတ်လား? ဘာလား? နင်ကိုယ်တိုင်တောင်စားဖို့ ပိုက်ဆံမရှိဘဲနဲ့ ရတနာဆိုင်ထဲကို လာရဲသေးတယ်လား?

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now