အခန်း ၁၆၂

2.4K 237 0
                                    

[Zawgyi]
ဖီးနစ်သွေးစက်
အခန်း ၁၆၂ အဖွဲ့ဝင်မှုဖျက်သိမ်းခြင်း
ဘာသာပြန်သူ - Charm.Y

"ဒီဆိုင်က ဘယ်လောက်လဲ?" ကုနင်း သူဌေးဖြစ်သူကို မေးလိုက်သည်.

"ရိုးရိုးသားသားပြောရရင် လအနည်းငယ်အတွင်း ကျွန်မ Yနိုင်ငံကို ပြောင်းဖို့ စီစဉ်နေတာ, ဒီတော့ အစထဲက ဆိုင်ကို ရောင်းဖို့ ရည်ရွယ်ချက်ရှိနေပြီးသား. လိုအပ်တဲ့ စာရွက်စာတမ်းတွေလဲ လုပ်ထားပြီးသွားပြီ. ဒီနေရာက ပစ္စည်းအားလုံးအပါအဝင် စုစုပေါင်း ယွမ် ၃.၂သန်းကျသင့်ပါတယ်." ယွီနကပြောရင်း အိတ်ထဲက ပစ္စည်းစာရင်းနှင့် စာချုပ်ကို ထုတ်ယူကာ ကုနင်းကို လှမ်းပေးရင်း,
"ဒါက စားရင်းပါ. မင်းပစ္စည်းတွေကို အရင်စစ်ကြည့်လိုက်လေ. အားလုံးအဆင်ပြေတယ်ဆို ဥပဒေကိစ္စတွေမလုပ်ခင် လက်မှတ်ထိုးကြတာပေါ့."

"ကောင်းပြီလေ." ကုနင်း စာရင်းနှင့် စာချုပ်ကို ယူလိုက်ပေမယ့် မကြည့်ခင် အရင်မေးလိုက်သည်,
"ကျွန်မတို့ ပြဿနာကို အရင်ဖြေရှင်းတာပိုကောင်းမယ်လို့ ကျွန်မထင်တယ်."

"ရှင် ဒီကိစ္စကို ဘယ်လို ကိုင်တွင်ချင်လဲ?" ယွီနမေးလိုက်သည်.

"ကျွန်မမကြာခင် ဒီဆိုင်ကို လက်လွှဲယူတော့မှာဆိုတော့ တချို့ ဆုံးဖြတ်ချက်လေးတွေလောက်ချဖို့တော့ အာဏာရှိပြီထင်တယ်, ဟုတ်တယ်မလား?" ကုနင်းမေးလိုက်တော့ ယွီနက,
"သေချာတာပေါ့."

"ကောင်းပြီ, အရင်ဆုံး အမျိုးသမီးဝူကို အဖွဲ့ဝင်မှုဖျက်သိမ်းရမယ်. ပြီးတော့ ဒီအလှဖန်တီးသူကို အလုပ်ထုတ်ရမယ်. ကျွန်မရဲ့ဆိုင်မှာ စိတ်ကြီးဝင်နေတဲ့ ဝန်ထမ်းတွေ အလိုမရှိဘူး." ကုနင်း ပြန်မငြင်းနိုင်လောက်မယ့် လေသံနှင့်ပြောလိုက်တာကြောင့် ကျန်တဲ့လူတွေ သတိလက်လွတ် သူမကို လေးစားမိသွားကြသည်.

အလှဖန်တီးသူလဲ အလုပ်ထုတ်မခံချင်ပေမယ့် သူပြန်ပြင်ဖို့ အရမ်းနောက်ကျသွားပြီဆိုတာ နားလည်လိုက်ပါသည်.

ဒါပေမယ့် အမျိုးသမီးဝူကတော့ ထိုဆုံးဖြတ်ချက်ကို မကျေနပ်ပါဘူး. ဒါကြောင့် ဒေါသတကြီး မေးလိုက်သည်,
"ငါ့အဖွဲ့ဝင်မှုက ဘာလို့ ဖျက်သီးခံရမှာလဲ?"

"ဘာလို့ဆို , ကျွန်မက ဒီဆိုင်ရဲ့ ဘော့စ်ဖြစ်သွားပြီလေ, ဒီတော့ ကျွန်မမှာ အဲ့လိုလုပ်ပိုင်ခွင့် အာဏာရှိတယ်." ကုနင်းပြောလိုက်သည်.

"မင်းက ဘော့စ်ဆိုရင်တော့ ဒီလိုအဖွဲ့ဝင်ကို ဖျက်ချင်တိုင်းဖျက်လိုက်လို့ မင်းတို့ ဂုဏ်သတင်းပျက်စီးသွားမှာမကြောက်ဘူးလား?" အမျိုးသမီးဝူက အလျင်အမြန် ပြန်တုံ့ပြန်ပြောဆိုလိုက်သည်.

"အဲ့လိုလုပ်တာက ဖောက်သည်အပေါ်မှာမူတည်တယ်လေ. ရှင့်လို ဂုဏ်မောက်ပြီး ရိုင်းစိုင်းတဲ့ ဖောက်သည်မျိုးဆိုရင်တော့ ကျွန်မတို့ဘက်က မကြိုဆိုနိုင်ဘူး." ကုနင်းအေးဆေးပြန်ဖြေလိုက်တာကြောင့် တခြားလူတွေကို သူမကို အထင်ကြီးသွားကြပြန်သည်.

"မင်း..." အမျိုးသမီးဝူမှာ ဒေါသထွက်နေပေမယ့် ဘာပြန်ပြောရမှန်းတော့ မသိတော့ပါဘူး.

"လီလီ, သူတို့ကို စည်းမျဉ်းအတိုင်းလုပ်ပေးလိုက်." ယွီနက အမိန့်ပေးလိုက်သည်,
"ဘယ်သူကဂရုစိုက်နေမှာလဲ? အသားအရေထိန်းသိမ်းပေးတဲ့ ဆိုင်က ဒီတစ်ဆိုင်တည်းရှိတာမဟုတ်ဘူး! " အမျိုးသမီးဝူ ဒေါသထွက်သွားပေမယ့် ကုနင်းက ဘော့စ်ဖြစ်သွားပြီဖြစ်တာကြောင့် အချိန်အကြာကြီးဆက်မနေရဲတော့ပါဘူး.

အမျိုးသမီးဝူနှင့် အလှဖန်တီးသူတို့ ထွက်သွားသည်နှင့် ကုနင်း လူအုပ်ကြီးကို ကြည့်ကာ,
"Kameiအလှပြင်ဆိုင်ရဲ့ ဝန်ထမ်းအားလုံး, ကျွန်မကအခုထိ ဘော့စ်မဖြစ်သေးဘူးဆိုပေမယ့် အခုထဲက ရှင်းရှင်းလင်းလင်းပြောထားရင် ပိုကောင်းမယ်ထင်ပါတယ်. ရှင်တို့ နံရံပေါ်မှာရေးထားတဲ့ စည်းမျဉ်းအတိုင်းမလုပ်နိုင်ဘူးဆိုရင် အခုပဲ ကိုယ့်အသိစိတ်နဲ့ကိုယ် ထွက်သွားနိုင်ပါတယ်. မဟုတ်ရင်တော့ စည်းမျဉ်းချိုးဖောက်တာများ ကျွန်မရှာတွေ့လိုက်ရင် အပြစ်ပေးရလိမ့်မယ်."

သူမရဲ့စကားတွေက အားလုံးကို ဆွဲဆောင်လွှမ်းမိုးသွားနိုင်တာကြောင့် ဘယ်သူမှ သူမကို ကောင်မလေးတစ်ယောက်လို့မတွေးမိဘဲ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတစ်ယောက်လို့ တွေးလိုက်မိကြသည်. ထိုသတိပေးချက်ကြောင့် အားလုံး ကုနင်းကို လေးစားသွားကြပြန်သည်. ပုံမှန်စကားပြောကြည့်လိုက်တော့ ဒီဆိုင်ကဝန်ထမ်းတွေက ထူးချွန်ကြပြီး တချို့တလေသာ သိုးမည်းတွေဖြစ်ကြသည်.

ယွီနလဲ ကုနင်းကို အသိအမှတ်ပြုတဲ့အကြည့်နှင့်ကြည့်လိုက်သည်. ဒီမိန်းကလေးက သာမာန်မဟုတ်ဘူးပဲ.

"သေချာတာပေါ့, ရှင်တို့ စည်းမျဉ်းတွေကို လိုက်နာနေသ၍ ကျွန်မကလဲ ရှင်တို့လစာကို မမျှမတမလုပ်ပါဘူး." ကုနင်းထပ်ပေါင်းပြောလိုက်သည်.

"ပြီးတော့ ဒီမှာရှိနေတဲ့ ဖောက်သည်တွေအားလုံးပဲ, ဒီနေရာက သာတူညီမျှရှိတဲ့ နေရာတစ်ခုပါ. ရှင်တို့ ချမ်းသာတာဖြစ်ဖြစ် အာဏာရှိတာဖြစ်ဖြစ် အရေးမကြီးပါဘူး. ကျေးဇူးပြုပြီး လူလူချင်း လေးစားမှုရှိပေးကြပါ. ရှင်တို့ကို ဆက်ဆံစေချင်တဲ့ပုံစံအတိုင်း တဖက်လူကိုလဲ ပြန်ဆက်ဆံပေးပါ." ကုနင်းပြောလိုက်သည်.

အရှုပ်တွေရှင်းသွားပြီး ဝန်ထမ်းတွေလဲ သူ့အလုပ်သူပြန်လုပ်ကြတော့သည်. ကုနင်းကတော့ ကုမန့်နှင့် ကုချင်ကိုခေါ်ကာ ပစ္စည်းစာရင်းနှင့် ပစ္စည်းတွေကို တိုက်ကြည့်ပြီး ငွေစာရင်းကိုလဲ စစ်ဆေးကြည့်ကြသည်.

ထိုအချိန်တွင် ယွီနက ဆိုင်ဝန်ထမ်းတွေကို Kameiဆိုင်တွင် ကောင်းကောင်းအလုပ်လုပ်ကြရန် သတိထပ်ပေးလိုက်သည်. သူမ ကုနင်းကို ယုံကြည်သလို တခြားလူတွေလဲ ယုံကြည်ကြဖို့ မျှော်လင့်ပါသည်. ယွီနပြောပြီးတော့ အားလုံးလဲ ယုံကြည်လိုက်ကာ သူမပြောတာကို သဘောတူလိုက်ကြသည်.

ကုနင်း၏ထူးချွန်တဲ့ စွမ်းရည်ကြောင့် ပစ္စည်းတိုက်စစ်တာနှင့် ငွေစာရင်းစစ်ဆေးခြင်းကို နာရီဝက်အတွင်းပြီးဆုံးသွားသည်. ဘာမှမမှားနေပါဘူး. ယွီနလဲ ကုနင်းအချိန်တိုတိုနှင့် စစ်ဆေးနိုင်တာကို မြင်တော့ အံ့ဩသွားကာ,
"ဝိုး, ရှင်ခနလေးနဲ့ သေချာစစ်ဆေးနိုင်တာပဲ! အားလုံးမှန်တယ်မလား?"

"ကျွန်မက ဖတ်မှတ်တာတွေမှာတော်တယ်လေ." ကုနင်းပြန်ဖြေလိုက်သည်. သူမကြွားဝါတာမဟုတ်ပဲ အချိန်ကိုက်သူမရဲ့ စွမ်းရည်ကို သက်သေပြလိုက်ခြင်းသာဖြစ်သည်.

"မင်းက ထူးချွန်တဲ့ကျောင်းသူတစ်ယောက်ပဲဖြစ်ရမယ်!" ယွီနပြောလိုက်သည်.

"ရှင်မှန်တယ်." ကုနင်းပြန်ဖြေလိုက်သည်.

ယွီနပြုံးလိုက်ကာ ကုနင်းကို ပိုလို့တောင် အသိအမှတ်ပြုလိုက်သည်. သူမက လုံးဝသာမာန်မဟုတ်တဲ့မိန်းကလေးပဲ.

"ကောင်းပြီလေ, ၁၁နာရီတောင်ထိုးတော့မယ်ဆိုတော့ ဒီနေ့ရုံးတွေမပိတ်ခင် လိုအပ်တာတွေသွားအပြီးသတ်ကြရအောင်." ယွီန နာရီကို တစ်ချက်ကြည့်ရင်းပြောလိုက်သည်.

ဒီနေ့က တနင်္ဂနွေနေ့ဆိုပေမယ့် စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဌာနနှင့် အခွန်ဦးစီးဌာနကတော့ ဖွင့်ပါသည်. သူတို့  စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဌာနနှင့် အခွန်ဦးစီးဌာနကိုသွားပြီး ပိုင်ဆိုမှုပြောင်းလဲသည့် စာရွက်စာတမ်းများလုပ်ကြရပါမည်. ယွီနက ထိုဌာနနှစ်ခုလုံးတွင်လုပ်နေသည့် လူအချို့နှင့်သိတာကြောင့် ကိစ္စတွေကို ချောချောမွေ့မွေ့နှင့် လျင်လျင်မြန်မြန်ပဲ ၁၂နာရီမတိုင်ခင် ဆောင်ရွက်ပြီးစီးသွားခဲ့ပါသည်.

ဥပဒေအရ ကုမန့်က ရှယ်ယာ၅၁ရာခိုင်နှုန်းပိုင်ဆိုင်ကာ တစ်ဦးတည်းသောရှယ်ယာဝင်ဖြစ်သည့် ကုချင်က ရှယ်ယာ၄၉ရာခိုင်နှုန်းပိုင်ဆိုင်ပါသည်.

ကုမန့်ရော ကုချင်ပါ ကိစ္စတွေပြီးသွားတာတောင် အိပ်မက်မက်နေကြတာလို့ ထင်နေကြသည်. ဒါသာ အစစ်ဆိုအရမ်းကောင်းတာပေါ့. အခုကစပြီး, သူတို့က အလှပြင်ဆိုင်ပိုင်ရှင်တွေဖြစ်သွားကြသည်. ဒီကိစ္စတွေဖြစ်ပျက်သွားတာအရမ်းကို မြန်ဆန်လွန်းလှပါသည်.

"ဒီနေ့လုပ်ခဲ့တဲ့ကိစ္စတွေကြောင့် ကျွန်မတော့ စိတ်အေးသွားရပြီ! ကျေးဇူးတင်ပါတယ်, မိန်းကလေးကု." ယွီန ကုနင်းကို ကျေးဇူးတင်လိုက်သည်. ကုနင်းလို စာချုပ်ပါအချက်အလက်တွေကို အားလုံးလက်ခံပေးသည့် ဝယ်သူတစ်ယောကို ရှာတွေ့ဖို့ဆိုတာ မလွယ်ကူပါဘူး. တခြားဝယ်သူတွေသာဆို ဈေးတွေဆစ်နေကြဦးမှာ. စီးပွားရေးသမားတွေဆိုတာ အမြတ်ရဖို့ကို အရင်ကြည့်ကြတာလေ.

ကုနင်း တုံ့ဆိုင်းမှုမရှိပဲ လွယ်လွယ်သဘောတူလိုက်လို့ သူမမှာ စီးပွားရေးအသိအမြင်ဘာမှမရှိဘူးလို့တော့ ယွီနမထင်ပါဘူး. ကုနင်းက ရက်ရောတဲ့ ဝယ်သူတစ်ယောက်ဖြစ်နေရုံပါ.

"မိန်းကလေးယွီ, ကျွန်မကသာ ရှင့်အကူအညီအတွက်ကျေးဇူးတင်ရမှာပေါ့. ကျွန်မလဲ အလှပြင်ဆိုင်တစ်ဆို လိုချင်နေခဲ့တာ." ကုနင်းပြန်ဖြေလိုက်သည်.

"၁၂နာရီတောင်ရှိပြီဆို‌တော့ ကျွန်မတို့ အရောင်းအဝယ်ဖြစ်တာကို ဂုဏ်ပြုဖို့ နေ့လည်စာအတူစားကြရင်မကောင်းဘူးလား? ကျွန်မဒကာခံပါ့မယ်!" ယွီန ဖိတ်ခေါ်လိုက်သည်.

................Book 11 Part162end..............


ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now