အခန်း ၈၂

2.7K 307 0
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၈၂ ကျန်းရွှီကို လုပ်ငန်းစဖို့ ထောက်ပံ့ပေးမယ်

"ဟုတ်ကဲ့. မနက်ဖြန်ဆိုတာနဲ့ အမေတို့အိမ်ကောင်းကောင်းမှာနေရတော့မှာပေါ့." ကုချင်ချစ်ခြင်းတွေပြည့်လျှံစွာကြည့်ပြီးပြန်ဖြေလိုက်တယ်.

အမေဖြစ်သူရဲ့အတည်ပြုချက်ကို ကြားပြီးသွားတော့ ကျန်းရှင်းရွှယ်ပျော်ရွှင်စွာခုန်ပေါက်နေတော့တယ်.

"ဝိုး! ကောင်းလိုက်တာ!"

ကျန်းရှင်းရွှယ်ပျော်ရွှင်နေတာကိုမြင်ရတော့ မိဘတွေဖြစ်တဲ့ ကျန်းရွှီနဲ့ ကုချင်တို့လဲ ပျော်ရွှင်လာကြတယ်.

"ကောင်းပြီ. ည၈နာရီတောင် ထိုးတော့မယ်. သမီးတော့ ဗိုက်ဆာနေပြီ. အမေ, အန်တီ, သမီးတို့အတွက် ညစာချက်ကျွေးပါဦး." ကုနင်းပြောလိုက်တယ်.

"အိုး, ၈နာရီတောင်ရှိတော့မှာပဲ. အခုပဲသွားချက်ကြရအောင်!" ကုချင်ချက်ချင်းပဲ ဆိုဖာကနေထပြီး ကုမန့်လက်ကိုဆွဲကာ မီးဖိုချောင်ကို ခေါ်သွားတော့တယ်.

ကုနင်းကတော့ ကျန်းရွှီနဲ့ ဆွေးနွေးစရာတွေရှိနေသေးတာကြောင့် ကူညီဖို့လိုက်မသွားတော့ပါဘူး. ကူညီဖို့သွားချင်နေတဲ့ ကျန်းရွှီကိုပါ တားလိုက်တယ်.

"အန်ကယ်, သမီးတို့စကားပြောလို့ရလား?" ကုနင်းမေးလိုက်တယ်.

"ရတာပေါ့." ကျန်းရွှီပြန်ဖြေလိုက်ကာ ကျန်းရှင်းရွှယ်ကို သွားကူညီခိုင်းလိုက်တယ်.

"အန်ကယ်, သမီးတို့ အခုမဆင်းရဲတော့ဘူးဆိုတော့ အန်ကယ့်ကိုလဲ လစာနည်းနည်းပဲရတဲ့ အလုပ်မျိုးမလုပ်စေချင်တော့ဘူး. သေချာပေါက် အလုပ်လက်မဲ့အဖြစ်မနေချင်မှန်းတော့သိတာပေါ့. သမီးလဲ အဲ့လိုမျိုးတော့ မမြင်ချင်ပါဘူး. အရင်တုန်းက, ဘဝကခက်ခဲခဲ့တယ်ဆိုပေမယ့် အခုကျ ကောင်းကောင်းနေနိုင်နေပြီလေ. ဒါကြောင့် သမီး အန်ကယ့်ကိုမေးကြည့်ချင်တယ်. အန်ကယ် စီးပွားရေးကြီးတစ်ခုလုပ်ပြီး အနာဂါတ်မှာတိုးတက်အောင်လုပ်ချင်လား? ဒါမှမဟုတ် ကိုယ်ပိုင်စီးပွားရေးအသေးလေးတစ်ခုလောက်ကိုပဲလုပ်ချင်လား? အန်ကယ်တို့ ချမ်းအေးတာတွေ ဆာလောင်တာတွေကို မခံစားရသ၍ ဘာလိုချင်ချင်ကိစ္စမရှိဘူး. သမီး ငွေကြေးအပြည့်အဝထောက်ပံ့ပေးနိုင်တယ်."

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now