အခန်း ၆

3.8K 399 0
                                    

[Zawgyi]

အခန်း ၆ ဧည့်သည်

အန်ချင်းလဲ ကုနင်းကို ကသိကအောက်မဖြစ်စေချင်တာကြောင့် ချက်လက်မှတ်ကိုပြန်သိမ်းလိုက်တယ်
ဒါပေမယ့် သူမအသက်ကို ကယ်ထားတာတောင် ဘာမှပြန်မပေးရတော့ သူမလဲ စိတ်မသက်မသာဖြစ်ရတယ်.

ဒါကြောင့် ကုနင်း ချက်လက်မှတ်ကိုမယူတာနဲ့ သူမရဲ့ နာမည်ကဒ်ကို ထုတ်ကာ ကုနင်းထဲ ပေးလိုက်ပြီး
ချက်လက်မှတ်ကို မယူချင်မှတော့ ငါတို့သူငယ်ချင်းလုပ်ကြရအောင်. ဒါကငါ့ နာမည်ကဒ် နောက်အကူညီတစ်ခုခုလိုရင် ငါ့ကို အချိန်မရွေးဖုန်းခေါ်လိုက် ငါကူညီနိုင်သလောက် အတတ်နိုင်ဆုံးလုပ်ပေးမယ်

ငွေထက်စာရင် အဆက်အသွယ်ဆိုတာ ပိုပြီးတန်ဖိုးရှိတယ် ဒါကြောင့် ဒီတစ်ခါတော့ ကုနင်းမငြင်းနေတော့ပါဘူး.

အန်ချင်းက သူငယ်ချင်းဖြစ်ချင်တယ်ဆိုတာကြောင့် သူမလဲသဘောတူလိုက်တာပါ. ဒီတစ်ခါမှ သဘောမတူရင် သူမကို မာနကြီးတယ်လို့သတ်မှတ်သွားနိုင်ပါတယ်.
ကုနင်းလဲ မိတ်ဆွေတွေ အဆက်အသွယ်တွေတကယ်လိုအပ်နေတာပါ သူမကိုသူမ အမြင့်ကြီး မတွေးထားပေမယ့် အဆက်အသွယ်ကောင်းတွေက တကယ်ကိုအကူအညီဖြစ်စေပါတယ်.

သေချာပေါက် ထိုလူတွေကိုတော့ သူမအတွက် အသုံးမချပါဘူး ဒီလိုဆို သူမလဲတခြားသူတွေနဲ့ အတူတူပဲဖြစ်သွားမှာပေါ့

ကောင်းပြီလေ. ငါယူလိုက်ပါ့မယ် ကုနင်းလဲ ဘာမှရှည်ရှည်ဝေးဝေးပြောမေနတော့ဘဲ လက်ခံလိုက်တယ်.

ကုနင်း ကဒ်ကိုလက်ခံလိုက်တာမြင်တော့မှ အန်ချင်းလဲ သူမလက်ကိုဆန့်ထုတ်လိုက်ပြီး

တွေ့ရတာဝမ်းသာပါတယ်. ငါ့နာမည် အန်ချင်းပါ

ကုနင်းလဲ ထိုလက်ကိုပြန်လည်ဆုပ်ကိုင်လိုက်ပြီး
ငါလဲ တွေ့ရတာဝမ်းသာပါတယ်. ငါက ကုနင်းပါ

ဒါကတော့ သူမတို့နှစ်ယောက် တရားဝင်မိတ်ဆက်ခြင်းပါ.

ဆောရီး ငါသွားမှရတော့မယ် ငါ့ကိုရှာမတွေ့ရင် ငါ့အမေစိတ်ပူနေလိမ့်မယ်. ဒီကိစ္စမှာ ငါပါတာ ရဲတွေကိုမပြောနဲ့နော် သက်သက်မဲ့ပြဿနာမဖြစ်ချင်လို့
အန်ချင်းတောင်ပြန်မဖြေရသေးခင်မှာပဲ ကုနင်းထွက်သွားတော့တယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now