အခန်း ၉၃

2.7K 281 0
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၉၃ လင်ရှောင်းထင်ရဲ့ လိမ်လည်ခံရခြင်း

အလယ်တန်းကျောင်းတွေက အထက်တန်းကျောင်းတွေလို စည်းကမ်းမတင်းကြပ်တဲ့အပြင် ကျန်းရှင်းရွှယ်ကလဲ စာတော်တာကြောင့် ညနေပိုင်းအတန်းတွေမတက်လို့အဆင်ပြေပါတယ်.

အထက်တန်းကျောင်း, အထူးသဖြင့် အထက်တန်းတတိယနှစ်တွင်တော့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဖို့လိုအပ်ပါတယ်. ဒါကြောင့် မင်းကသာအတန်းထဲမှာ ထိပ်ဆုံး၁၀ယောက်ထဲမပါရင် ညနေပိုင်းအတန်းမတက်လို့မရပါဘူး. မဖြစ်မနေကိစ္စရပ်တွေရှိရင်တော့ ရပါတယ်.

ကုနင်းကတော့ ဒီလပတ်စာမေးပွဲမှာ အဆင့်ကောင်းကောင်းရပြီးရင် ညနေပိုင်းအတန်းတွေမတက်တော့ဖို့ ဆုံးဖြတ်ထားပါတယ်.

သူမအခုအားနေတယ်လို့ထင်ရပေမယ့် တကယ်တော့ အချိန်မရှိသလိုခံစားရပြီး လုပ်ချင်တာတွေလဲမလုပ်နိုင်ပါဘူး.

ဒါ့အပြင်, သူမကုမ္ပဏီတည်ထောင်ပြီးသွားရင် အတန်းတက်ဖို့အချိန်မပေးနိုင်တော့ပါဘူး.

အခုချိန်မှာ သူမနေ့လည်ပိုင်းအတန်းတွေမတက်ရင်တောင်မှ အမှတ်ကောင်းကောင်းရဖို့ဆိုတာ မခက်ခဲတော့ပါဘူး.

အတိတ်တုန်းကတော့ ကုနင်းအိမ်ရောက်ရင် အထီးကျန်သလိုခံစားရပေမယ့် အခုတော့ သူမချစ်ရတဲ့မိသားစုဝင်တွေရှိနေတာကြောင့် နေ့ရက်တိုင်းသည် ပျော်စရာကောင်းနေပါတယ်.

 မိသားစုနှစ်ခုသည် အမြဲတမ်းအတူတကွရှိနေကြကာ စကားပြောကြ တီဗီကြည့်ကြနဲ့ ၁၂နာရီမထိုးမချင်း လူစုမခွဲကြပါဘူး.

ကုနင်း သူမဖုန်းကို ယူလိုက်ပြီး မအိပ်ခင်အထိ သူငယ်ချင်းတွေနဲ့စကားပြောနေလိုက်တယ်.

နောက်တစ်နေ့မှာတော့ ကုနင်းပုံမှန်အတိုင်း အိပ်ရာစောစောထပေမယ့် သူမဇုံGကနေထွက်ချိန်မှာပဲ သူမကို အပြင်မှာစောင့်နေတဲ့ လင်ရှောင်းထင်နဲ့ တိုက်မိတော့တယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now