အခန်း ၁၆

3.1K 360 0
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၁၆ ရှောင်ဖေးဖေးကိုရိုက်မယ်

သူမရဲ့ဆုံးဖြတ်ချက်တွေကို မေးခွန်းမထုတ်ပဲ သူမရဲ့သူငယ်ချင်းအစစ်အမှန်ဖြစ်သူတဲ့က နားလည်ပေးဖို့ မျှော်လင့်ခဲ့တယ်.

ကုနင်းလဲ ဒီကိစ္စအကြောင်း နောက်မှ ယွီမီရှီကိုပြောပြဖို့ ဆုံးဖြတ်လိုက်တယ်.

ယွီမီရှီအတွက်ကတော့ ကုနင်းရဲ့ ရန်လိုပြီး သတ္တိရှိတဲ့ပုံစံကို ပထမဆုံးအကြိမ်တွေ့ဖူးတာပါပဲ. ဒါကြောင့် သူမပါးစပ်ကို ပိတ်ပြီး ငြိမ်ငြိမ်လေးသာနေလိုက်တော့တယ်.

ရှောင်ဖေးဖေးနဲ့ သူ့အကူနှစ်ယောက်ကို မျက်နှာချင်းဆိုင်လိုက်ပြီး, ကုနင်းက အေးအေးဆေးဆေးနဲ့ပဲ

"ဒါဆို နင့်ရဲ့ဇာတ်လမ်းကို ပြောနေတဲ့တစ်လျှောက်လုံး ဘာလို့ငါ့ကို ကြည့်နေလဲ ဆိုတဲ့အကြောင်းပြောပြလေ"

ကုနင်း တမင်သက်သက် ရှောင်ဖေးဖေးကို ဒေါသထွက်အောင်လုပ်နေတာပါ. ရှောင်ဖေးဖေးကလဲ ချက်ချင်းကို မကျေမနပ်ဖြင့်

"ဘာလို့ဆို အဲ့တစ်စုံတစ်ယောက်က နင်လေ ဘာလဲ နင်ကငြင်းချင်လို့လား?

ရာရာစစ နင့်လိုဆင်းရဲသားကများ ရတနာဆိုင်ထဲ ဖြတ်လျှောက်ရဲတယ်. အဲ့နေရာမှာ နင်တတ်နိုင်တာဘာမှမရှိလို့ ဝယ်နိုင်တဲ့သူတွေကို မနာလိုဖြစ်နေပြီးတော့များ.

ဒီတော့ နင်ရတနာနည်းနည်းလောက်ဖြစ်ဖြစ်ရချင်ရင် ငါ့ရဲ့အကြံအတိုင်း Sugar Daddyတစ်ယောက်လောက်ရှာလိုက်လေ. နင့်ရဲ့ Sugar Daddyဖြစ်နိုင်........."

ရှောင်ဖေးဖေးပြောနေရင်းနဲ့ ရုတ်တရက်ကြီး ရပ်သွားတယ်. အကြောင်းကတော့ သူ့ပါးစပ်ကို စက္ကူလုံးထိုးထည့်ခံလိုက်ရလို့ပါ

သေချာပေါက် ဒီစက္ကူလုံးကို ကုနင်းက တိကျတဲ့လမ်းကြောင်းကနေ ပြင်းပြင်းထန်ထန်နဲ့ လျင်မြန်စွာ ပစ်လိုက်တာပဲဖြစ်တယ်.

လူတိုင်း ဆွံ့အမှင်တက်သွားကြသည်.

"ဘာ? ဘာတွေဖြစ်သွားတာလဲ? ကုနင်းက သုံးမီတာလောက်အကွာကနေပြီး ရှောင်ဖေးဖေးပါးစပ်ထဲ စက္ကူလုံးကိုပစ်လိုက်တာလား?"

ဖီးနစ်သွေးစက် Book - 1(MMTranslation)Όπου ζουν οι ιστορίες. Ανακάλυψε τώρα