[Zawgyi]
ဖီးနစ်သွေးစက်အခန်း ၅၆ နောက်ထပ်ကျောက်စိမ်း
"မိန်းမကောင်းလေးပဲ," ဆရာကြီးဖူက ချီးမွန်းလိုက်တယ်.
"မင်း ချက်လက်မှတ်နဲ့ယူမလား ဒီတိုင်းလွှဲပေးရမလား?"
"လွှဲပဲလွှဲပေးပါ." ကုနင်းပြောလိုက်ပြီး သူမဘဏ်ကဒ်ကိုထုတ်လိုက်ကာ ဆရာကြီးဖူကို သူမအကောင့်နံပါတ်ပြောပြလိုက်တယ်.
"ကောင်းပြီလေ." ဆရာကြီးဖူပြန်ဖြေလိုက်ပြီး လူတစ်ယောက်ထံဖုန်းဆက်လိုက်ကာ အခုပဲ ပိုက်ဆံလွှဲပေးဖို့ပြောလိုက်တယ်.
မိနစ်အနည်းငယ်ကြာပြီးနောက်မှာတော့ ကုနင်းထံ ယွမ်သန်း၃၀အောင်မြင်စွာ လွှဲပြောင်းပြီးကြောင့် စာဝင်လာခဲ့တယ်. ထိုတော့မှ ကုနင်းလဲ ကျောက်စိမ်းကို ဆရာကြီးဖူထံလက်လွှဲပေးလိုက်တော့တယ်.
"မိန်းကလေး, ကျန်တာတွေကိုဆက်ဖြတ်အုံးမလား?" ကျောက်ဖြတ်တဲ့သူကဝင်မေးလိုက်တယ်.
"ဟုတ်ကဲ့, ဖြတ်ပေးပါ." ကုနင်းဖြေလိုက်ကာ တန်ဖိုးမရှိတဲ့ကျောက်ကို ကျောက်ဖြတ်သူထံလှမ်းပေးလိုက်တယ်.
ဆရာကြီးဖူက ကျောက်ရသွားပြီဆိုတော့ထွက်သွားတော့မလို့ပေမယ့် ကုနင်းထပ်ပြီး ကျောက်ရိုင်းထပ်ဖြတ်ဦးမှာဆိုတော့ သူလဲဆက်နေလိုက်တယ်.
ကုနင်းက အဆင့်မြင့်တဲ့ကျောက်စိမ်းတစ်တုံးကို ဖြတ်နိုင်ထားတာကြောင့် လူအုပ်ကြီးကလဲ နောက်ထပ်ဘာရမလဲဆိုတာကို စိတ်လှုပ်တရှား စောင့်ကြည့်နေကြတယ်.
ကုနင်းနောက်ထပ်ကျောက်စိမ်းတစ်တုံးထပ်ထွက်ဖို့အထိ ကံမကောင်းလောက်ဘူးလို့ ယုံကြည်နေကြပေမယ့်လဲ မျှော်လင့်ချက်အပြည့်နဲ့စောင့်ကြည့်နေကြတုန်းပါပဲ.
မမျှော်လင့်ထားစွာပဲ နောက်တစ်တုံးက တန်ဖိုးမရှိတဲ့ ကျောက်တစ်ခုဖြစ်နေပါတယ်. ဒါပေမယ့် လူအုပ်ကြီးကတော့ မထွက်သွားသေးပါဘူး ဘာလို့ဆို ကုနင်းမှာ နောက်ဆုံးကျောက်ရိုင်းတစ်တုံးရှိနေသေးတယ်လေ.
ČTEŠ
ဖီးနစ်သွေးစက် Book - 1(MMTranslation)
RomanceBook 1 အပိုင်း (1- 200) Title: Reincarnation of Businesswoman at School Author: Warm Color Su Eng Translator: Henyee Translations Mm Translator : Charm.Y ထန်အိုက်နင်းဟာ မိသားစု၏ သာမာန်ကြိုးဆွဲရာကနေရတဲ့သူတစ်ယောက်ပါ. စီးပွားရေးသူလှျိုအဖြစ်သာမက ကြေးစား...