အခန်း ၁၆၃

2.4K 227 0
                                    

[Zawgyi]
ဖီးနစ်သွေးစက်
အခန်း ၁၆၃ ယွီမီရှီ အကူအညီတောင်းခြင်း
ဘာသာပြန်သူ - Charm.Y

"ကောင်းတာပေါ့." ကုနင်းတုံ့ဆိုင်းမနေဘဲ ချက်ချင်းကို သဘောတူလိုက်သည်. စားပြီးသောက်ပြီးတော့ သူတို့အချင်းချင်းနှုတ်ဆက်လိုက်ကြသည်.

ကုမန့်နှင့် ကုချင်ကတော့ သူတို့လုပ်ငန်းနှင့် ရင်းနှီးအောင် အလှပြင်ဆိုင်ကို ပြန်သွားပြီး ကုနင်းကလဲ သေချာပေါက် သူတို့နဲ့ ပြန်လိုက်သွားတာပေါ့.

ယွီနကတော့ Kameiအလှပြင်ဆိုင်က ဝန်ထမ်းအများစုသည် အလုပ်ကြိုးစားကြတဲ့ လူကောင်းတွေဖြစ်ပြီး တချို့တလေကသာ စိတ်ကြီးဝင်နေသူတွေဖြစ်တယ်လို့ ကုနင်းတို့မိသားစုကို ပြောပြခဲ့သည်. သူတို့ တွေ စည်းမျဉ်းကို လိုက်နာမယ်မလိုက်နာဘူးကိုတော့ ယွီနလဲ မသိ၍ ကုနင်းကိုသာ ပိုသတိထားစောင့်ကြည့်ဖို့ သတိပေးလိုက်သည်.

Kameiအလှပြင်ဆိုင်သည် အခုဆို ကုမန့်နှင့် ကုချင်တို့အပိုင်ဖြစ်သွားပြီ ဒါကြောင့် သူတို့ကိုယ်တိုင်ပဲ ဆိုင်ကို ထိန်းသိမ်းဂရုစိုက်ပေးမှ ရပါတော့မယ်.

ကုမန့်က အမြဲတမ်း စိတ်ထားနူးညံ့ပြီး ကြင်နာတတ်တာကြောင့် ဝန်ထမ်းတွေ တစ်ခုခုအမှားလုပ်ခဲ့ရင်တောင်မှ အပြစ်မတင်ရဲမှာ အပြစ်မပေးရဲမှာကို ကုနင်းစိုးရိမ်မိသည်. ဒါကြောင့် သူမအမေကို လိုအပ်ရင်လိုအပ်သလို စည်းကမ်းတင်းကျပ်ပေးဖို့ ကုနင်းမျှော်လင့်သည်. မင်းရဲ့ဝန်ထမ်းက မင်းကို လုံးဝမကြောက်ရင် အလုပ်ကိုလဲ သေချာလုပ်ကြတော့မှာမဟုတ်ပါဘူး.

ပြီးတော့ အကူအညီတစ်ခုခုလိုရင်လဲ သူမကို အားနာမနေပဲ ချက်ချင်းပြောဖို့ ကုနင်းမှာလိုက်ပါသေးသည်.

ဆိုင်မှာ ကုနင်းတို့ ၂နာရီလောက်နေပြီး ပြန်ထွက်လာကြပေမယ့် အိမ်မပြန်ကြသေးပဲ ဈေးဝယ်စင်တာကို  သွားလိုက်ကြသည်.

ကုမန့်နှင့် ကုချင်တို့ လုပ်ငန်းစလုပ်တော့မယ်ဆိုမှတော့ သူတို့သာမာန်လိုဝတ်ဆင်လို့မဖြစ်တော့ပေ. ဒါကြောင့် သူတို့အတွက် လုပ်ငန်းအတွက်အဆင်ပြေမယ့် ဝတ်စုံအများအပြားကို ကုနင်းလိုက်ဝယ်ပေးခဲ့သည်.

သူတို့ တစ်ယောက်ကို ရုံးဝတ်ဒီဇိုင်း ၃စုံစီဝယ်ပေးကာ ဒေါက်ဖိနပ်နှင့် လက်ကိုင်အိတ်တွေပါ အစုံလိုက်ဝယ်ပေးလိုက်သည်.

သူတစ် ယွမ်၁သိန်းဝန်းကျင်လောက်ကို သုံးပစ်လိုက်ပါတယ်.

ကုမန့်နှင့် ကုချင်ကတော့ အဝတ်အစားအတွက်နှင့် ဒီလောက်ငွေအများကြီးကို မသုံးချင်ပေမယ့် အလုပ်အတွက်လိုအပ်တာကြောင့် လက်ခံလိုက်သည်.

ကုနင်းတို့ အိမ်ပြန်ရောက်သည်နှင့် သူမဖုန်းမြည်လာကာ ခေါ်ဆိုသူကတော့ ယွီမီရှီဖြစ်သည်.

"ဟိုင်း, မီရှီ" ကုနင်းဖုန်းကိုင်လိုက်သည်.

ယွီမီရှီ ငိုကြွေးရင်း,
"နင်းနင်း, ငါ့ကို ကူညီပါဦး! ငါ့အမေသတိလစ်သွားလို့ ပြီးတော့ ဦးဏှောက်ထဲမှာ အကြိတ်လဲရှိနေသေးတယ်တဲ့. အခုချက်ချင်းအဲ့အကြိတ်ကို ဖယ်ဖို့ ခွဲစိတ်မှုလုပ်ရမယ်ပြောတယ်. ဒါပေမယ့် ခွဲစိတ်ခက ယွမ်၂သိန်းနီးပါးကုန်မှာ. ငါတို့မိသားစုကအဲ့လောက်ထိမတတ်နိုင်ဘူး. ငါ့ကို ငွေနည်းနည်းလောက်ချေးပေးလို့ရမလား?"

ကုနင်းကသာ ယွီမီရှီအတွက် တစ်ခုတည်းသော‌ မျှော်လင့်ချက်ဖြစ်သည်. သူမတို့မိသားစု စုဆောင်းမိသမျှမှာ ယွမ်သောင်းကျော်လောက်သာရှိပြီး လုံးဝမလောက်ပါဘူး.

"ဘာ? နင်အခု ဘယ်ဆေးရုံမှာရောက်နေတာလဲ?" ကုနင်းချက်ချင်းမေးလိုက်သည်.

"အမှတ်၃ ဆေးရုံ. အတွင်လူနာဌာနရဲ့ အခန်းနံပါတ် ၅၁၀မှာ." ယွီမီရှီပြန်ဖြေလိုက်သည်.

"စိတ်မပူနဲ့, ငါအဲ့ကို အခုချက်ချင်းလာခဲ့မယ်." လို့ပြောပြီး ကုနင်း ဖုန်းချက်လိုက်ကာ ချက်ချင်းပြန်ထွက်သွားသည်.

ကံကောင်းစွာပဲ ဖန်ဟွားအဆင့်မြင့်အိမ်ရာကထွက်ထွက်ခြင်းမကြာခင်မှာပဲ တက္ကစီတစ်စီးရလိုက်ပေမယ့် အမှတ်၃ဆေးရုံက နည်းနည်းဝေးနေပါတယ်. အနည်းဆုံး ထိုနေရာကို ရောက်ဖို့ မိနစ်၃၀လောက်လိုပါသည်. ယွီမီရှီရဲ့အမေ ဆေးကုသမှုခံယူဖို့ အချိန်မမှီလိုက်မှာကို စိုးရိမ်တာကြောင့် ကုနင်း သူမသူငယ်ချင်းတွေကို ဖုန်းဆက်ကာ အကူအညီလှမ်းတောင်းလိုက်သည်.

ကုနင်း အရင်ဆုံး ချူးဖေ့ဟန်ကို ဖုန်းလှမ်းခေါ်လိုက်သည်.

"ဟိုင်း, ကုနင်း." ဖုန်းကိုင်သူကတော့ ချူးဖေ့ဟန်မဟုတ်ဘဲ ချူးရွှမ်ဖန်ဖြစ်နေပါသည်,
"ဖေ့ဟန်, မ...."

ချူးရွှမ်ဖန် ပြောလို့မဆုံးခင်မှာပဲ ကုနင်းက ကြားဖြတ်ပြောလိုက်သည်,
"ကျွန်မ ရှင့်ကိုခေါ်တာ."

"ဘာလို့လဲ?" ချူးဖေ့ဟန် အံ့ဩသွားသည်. ကုနင်းက ဆက်ပြီး
"ရှင် အမှတ်၃ဆေးရုံမှာ အလုပ်လုပ်တဲ့သူတွေထဲ သိတဲ့လူရှိလား? ယွီမီရှီ့အမေက အရေးပေါ်ဖြစ်နေတယ်. ဦးဏှောက်အကြိတ်တည်တာတာပြီးတော့ အခုချက်ချင်း ခွဲစိတ်မှဖြစ်မယ်တဲ့. ယွီမီရှီတို့ မိသားစုမှာ ပိုက်ဆံမလောက်လို့ ခွဲစိတ်ခမပေးနိုင်သေးဘူး. ကျွန်မကလဲ အခုလမ်းမှာပဲရှိသေးတာဆိုတော့ အဲ့ဒီကို နောက်မိနစ်၃၀နေလောက်မှရောက်နိုင်မှာ. ယွီမီရှီအမေ ခွဲစိတ်ဖို့မစောင့်ခိုင်းစေချင်ဘူး. အရင်ဆုံး မီရှီ့အမေကို ခွဲစိတ်ခွင့်ရအောင်လုပ်ပေးပါလား? ကျွန်မရောက်တာနဲ့ ပြန်ပေးပါ့မယ်."

"လုပ်ပေးရမှာပေါ့, သူ့အမေနာမည်ကဘယ်သူလဲ?" ချူးရွှမ်ဖန်မေးလိုက်သည်.

"ကျွန်မလဲမသိဘူး. ဒါပေမယ့် အတွင်းလူနာဆောင်က အခန်း၅၁၀မှာရှိတယ်. ယွီမီရှီလဲ အတူတူရှိနေတယ်." ကုနင်းပြန်ဖြေလိုက်သည်.

"ကောင်းပြီ, ငါကြည့်စီစဉ်လိုက်မယ်." ပြီးတော့ ချူးရွှမ်ဖန် ဖုန်းချလိုက်ကာ အမှတ်၃ဆေးရုံ၏ဒါရိုက်တာထံဖုန်းလှမ်းဆက်လိုက်သည်.

ချူးရွှမ်ဖန်က ချင်ဂိုဏ်းမှာလုပ်နေသူဆိုပေမယ့် လူတော်တော်များများနှင့်လဲ အဆက်အသွယ်ရှိပါသည်. အစိုးရအတွက်အလုပ်လုပ်နေကြသည့် ချင်ဂိုဏ်းလူတွေလဲ အများကြီးရှိပေမယ့် သူတို့က ပြစ်မှုကျူးလွန်နေကြသူတွေတော့မဟုတ်ပါဘူး.

ထိုအချိန်တွင် အမှတ်၃ဆေးရုံ၏ ဒါရိုက်တာမှာ အလုပ်ဆင်းရန်ပြင်ဆင်နေချိန်ဖြစ်ပြီး ဆေးရုံပြင်ကို ထွက်ရုံလေးရှိသေး ချူးရွှမ်ဖန်ထံမှ ဖုန်းဝင်လာခြင်းဖြစ်သည်.

ဒါရိုက်တာက ချူးရွှမ်ဖန်ကို အလွန်လေးစားသူဖြစ်တာကြောင့် သူ့ရဲ့တောင်းဆိုချက်ကို ကြားသည်နှင့် ချက်ချင်းပဲ စီစဉ်ပေးဖို့ ပြန်ဝင်သွားသည်.

ချူးရွှမ်ဖန် ဖုန်းချပြီးချိန် ချူးဖေ့ဟန်အိမ်ပြန်ရောက်လာတာကြောင့် ယွီမီရှီအကြောင်းပြောပြလိုက်သည်. ချူးဖေ့ဟန်လဲ စိတ်ပူသွားကာ ဘာမှတောင်မစားတော့ဘဲ ဆေးရုံကို တန်းလိုက်သွားတော့သည်.

ချူးရွှမ်ဖန်လဲ သူမနှင့်အတူလိုက်သွားချင်ပေမယ့် စစ်ထူယဲ့ကို အိမ်မှာတစ်ယောက်ထဲထားခဲ့ဖို့က မသင့်တော်လေဘူး. သို့ပေမယ့် မမျှော်လင့်ထားစွာပဲ စစ်ထူယဲ့ကပါ သူတို့နှင့်အတူလိုက်ချင်ကြောင်းပြောလာသည်.

ချူးရွှမ်ဖန်ရော ချူးဖေ့ဟန်ပါ ထိတ်လန့်အံ့ဩသွားကြသည်. ချင်ဂိုဏ်းရဲ့ ဘော့စ် စစ်ထူယဲ့က ဘာလို့သူတို့နဲ့ ဆေးရုံကို လိုက်မှာလဲ? ဒါပေမယ့် သူတို့မှာထိုအကြောင်းတွေးနေဖို့ အချိန်အများကြီးမရှိနေပါဘူး. ဒါကြောင့် သုံးလောက်လုံးမြန်မြန်ပဲ ဆေးရုံကို သွားလိုက်ကြသည်.

စစ်ထူယဲ့ ဆေးရုံကို လိုက်တယ်ဆိုတာ ကုနင်းကြောင့်မှန်း သံသယရှိစရာတောင်မလိုပါဘူး. ဒါက အခွင့်ကောင်းပဲလေ.

လမ်းရောက်တော့ ချူးရွှမ်ဖန်က ချူးဖေ့ဟန်ကို ကုနင်းထံဖုန်းဆက်ပြီး အားလုံးစီစဉ်ပေးပြီးပြီဖြစ်ကြောင်းလှမ်းပြောခိုင်းလိုက်သည်.

"မီရှီကို အရင်ဆက်တာကောင်းမယ်ထင်တယ်. သူအရမ်းစိုးရိမ်နေလောက်တယ်." ချူးဖေ့ဟန်က ထိုသို့ပြောပြီးချက်ချင်း ယွီမီရှီထံဖုန်းဆက်လိုက်သည်. မကြာခင် သူမအမေခွဲစိတ်ခန်းဝင်လို့ရပြီဆိုတာကို သိလိုက်တော့ ယွီမီရှီ ချူးဖေ့ဟန်ကို စိတ်လှုပ်တရှားကျေးဇူးတင်နေကာ ပြီးတာနဲ့ သူမအဖေကို သတင်းကောင်းသွားပြောတော့သည်.

ယွီမီရှီအဖေလဲ သူ့သမီးက သူငယ်ချင်းတွေဆီအကူအညီတောင်းတာသိသွားပြီး ထိုသို့ သူတို့ကို ကူညီပေးချင်သည့် ချမ်းသာပြီး ကြင်နာတတ်သည့် သူငယ်ချင်းတွေရနေသည့် အတွက် အလွန်ဝမ်းသာနေမိသည်.

ယွီမီရှီကို သူမသူငယ်ချင်းတွေဆီက ပိုက်ဆံမချေးစေချင်ပေမယ့် သူ့မှာ တခြားရွေးချယ်စရာမရှိပေ. သူတို့မိသားစုက ခွဲစိတ်စားရိတ်သွင်းဖို့ အရမ်းဆင်းရဲလွန်ပြီး ဆွေမျိုးတွေကလဲ ငွေမချေးချင်ကြပါဘူး.

သူ ဇနီးဖြစ်သူကို မဆုံးရှုံးချင်သလို သူ့သမီးအတွက်လဲ အမေဖြစ်သူကို မဆုံးရှုံးချင်ပါဘူး. ယွီမီရှီ သူငယ်ချင်းတွေဆီက ပိုက်ဆံချေးရအောင်လုပ်မိလို့ သူအရမ်းရှက်မိပေမယ့် သူ့ဇနီးကို ကယ်တင်နိုင်တော့မည်ဖြစ်၍ အလွန်ပျော်ရွှင်နေမိသည်.

ယွီမီရှီအမေ နေကောင်းသွားတော့မှ သူအလုပ်ပိုကြိုးစားလုပ်ကာ ယွီမီရှီ့သူငယ်ချင်းတွေကို ပြန်ဆပ်ရပါမယ်.

ပြီးသွားတော့ ချူးဖေ့ဟန် ကုနင်းကို ဖုန်းဆက်ကာ ခွဲစိတ်ဖို့ကိစ္စစီစဉ်ပြီးသည့်အကြောင်းနှင့် ယွီမီရှီကိုလဲ ပြောပြီးသည့်အကြောင်းလှမ်းပြောလိုက်သည်.

မိနစ်ပိုင်းလောက်ကြာပြီးတော့ လူနာခန်းနံပါတ်၅၁၀သို့ ဆေးရုံဒါရိုက်တာအပါအဝင် ဆရာဝန်အချို့ရောက်လာခဲ့သည်.

"ယွီမီရှီဆိုတာ ဘယ်သူလဲ?" ဒါရိုက်တာက မေးလိုက်သည်.

"ကျွန်မပါ." ယွီမီရှီချက်ချင်းမတ်တပ်ထရပ်လိုက်သည်. သူမအဖေလဲ ဆရာဝန်တွေကို မြင်တော့ အလွန်ဝမ်းသာသွားသည်.

"တွေ့ရတာဝမ်းသာပါတယ်. ကျွန်တော်က ဒီအမှတ်၃ဆေးရုံရဲ့ ဒါရိုက်တာပါ. အခုလေးတင် လူကြီးမင်းချူးဆက်သွယ်ထားပါတယ်. အခုချက်ချင်းမင်းအမေအတွက် ခွဲစိတ်ဖို့လိုအပ်တာတွေစာရင်းသွင်းဖို့လိုတယ်."

ဒါရိုက်တာကိုယ်တိုင်ရောက်လာတာကြောင့် ယွီမီရှီရော သူမအဖေပါ အံ့ဩနေကြသည်, အထူးသဖြင့် ယွီမီရှီ့အဖေပေါ့. သူ့သမီးသူငယ်ချင်းတွေက ဒီလောက်အထိ လွှမ်းမိုးမှုရှိမယ်လို့ မထင်ထားမိလေဘူး.

"ကျေးဇူးအများကြီးတင်ပါတယ်!" ယွီမီရှီချက်ချင်းပဲ ဒါရိုက်တာကို ဦးညွှတ်ပြီး ကျေးဇူးတင်လိုက်ကာ ပြီးတာနှင့် ယွီမီရှီ့အမေကို ခွဲခန်းထဲ ခေါ်သွားကြတော့သည်.

ယွီမီရှီနဲ့ သူမအဖေကတော့ အပြင်ဘက်မှာစောင့်နေပြီး ရလဒ်ကို မသိရသေးတာကြောင့် အရမ်းတော့စိတ်မအေးရသေးပါဘူး.

မိနစ်၃၀ကြာပြီးနောက်, ကုနင်း ချူးရွှမ်ဖန်တို့နှင့် ဆေးရုံအဝင်မှာ မတော်တဆတွေ့ကာအတူတူဝင်သွားကြတော့သည်.

................Book 11 Part163end..............
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် Like & Shareလေးတွေလုပ်ပေးကြဖို့ မမေ့နဲ့နော်

ဖီးနစ်သွေးစက် Book - 1(MMTranslation)Waar verhalen tot leven komen. Ontdek het nu