အခန်း ၁၂၅

2.6K 256 2
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၁၂၅ ရှယ်ယာလွှဲပြောင်းခြင်း

ဘာသာပြန်သူ - Charm.Y

ဒါပေမယ့် ထိုကိစ္စနဲ့ပတ်သတ်ပြီး သူတို့ဘာမှမလုပ်နိုင်ကြပါဘူး. ကုနင်းက စာမေးပွဲတိုင်းမှာ အရင်ဆုံးစာအပ်ခဲ့လို့ ဆရာတွေတောင်မှ ကုနင်းမလှည့်စားခဲ့ဘူးလို့ပြောခဲ့တယ်လေ.

မုခယ်, ချူးဖေ့ဟန် နဲ့ ကျန်တဲ့လူတွေလဲ အံ့ဩနေကြပေမယ့် သူတို့ ကုနင်းကိုတော့ ယုံကြည်ပါတယ်. သူတို့မျက်လုံးထဲမှာတော့ ကုနင်းသည် သာမာန်မိန်းကလေးတစ်ယောက်လုံးဝမဟုတ်ပါဘူး.

အတန်းပြီးသွားတော့ သူတို့ WeChat ထဲက "ဖိုက်တာမိသားစု" မှာ ထိုကိစ္စကို အကြိတ်အနယ်ဆွေးနွေးနေကြတော့တယ်.

ဟောင်ရန် "ဘော့စ် အရမ်းမိုက်တာပဲ! ငါတို့နှစ်ရဲ့လပတ်စာမေးပွဲမှာ မင်းကထိပ်ဆုံးပဲ!"

ချင်ကျီရွှမ်း "ဟုတ်တယ်! ဘော့စ်, မင်းဘယ်လိုလုပ်လိုက်တာလဲ? အဖြေလွှာကိုလဲ အရင်ဆုံးအပ်တာမဟုတ်လား."

ချူးဖေ့ဟန် "ငါလဲ အံ့ဩသွားပေမယ့် ဒါအမှန်ဆိုတာတော့ ယုံကြည်တယ်."

မုခယ် "ငါရောပဲ."

ကျန်းထန်ပင်း "ငါရောပဲ."

ယွီမီရှီ "နင်းနင်းက ငါကိုလဲ စာကူကြည့်ပေးသေးတယ်, ဒါကြောင့် ငါလဲ အမှတ်ပိုတက်လာတာ."

ဟောင်ရန် "ငါကတော့ စာလုပ်ဖို့ကို စိတ်မဝင်စားတာ မဟုတ်ရင် ဘော့စ်ကို စာကြည့်ကူခိုင်းပါတယ်."

 ချင်ကျီရွှမ်း နဲ့ ကျန်းထန်ပင်း "ငါရောပဲ!"

ချူးဖေ့ဟန် "ငါကတော့ ကျောင်းသွားတာနဲ့ကိုလုံလောက်နေပြီ. အတန်းပိုသာထပ်သင်ရရင် ရူးသွားလိမ့်မယ်."

မုခယ် "ဘော့စ်, ငါ့ကို စာကြည့်ကူလို့ရလား?"

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now