အခန်း ၁၃၅

2.5K 225 0
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၁၃၅ ကုရှောင်ရှောင်ကို မြို့တော်Fမှ ထွက်သွားရန် ဖိအားပေးခြင်း

ဘာသာပြန်သူ - Charm.Y

ကုနင်းဘာမှပြန်မပြောရသေးခင် ချူးဖေ့ဟန် စိတ်တိုသွားကာ,

"ကုရှောင်ရှောင်, နင်တော်တော်အရှက်မဲ့တာပဲ! နင်းနင်း အခုဘာမှမဖြစ်ဘူးဆိုတာ သူကအားနည်းတဲ့သူမဟုတ်လို့. သူသာ ဟိုလူဆိုးတွေကို မတိုက်ခိုက်နိုင်ခဲ့ရင် ဖျက်စီးခံရပြီးပြီ. နင့်ပါးစပ်ကို ပိတ်ရင်ပိတ်ထား မဟုတ်ရင် ငါကိုယ်တိုင် ပိတ်သွားအောင်လုပ်ပစ်မယ်!"

ချူးဖေ့ဟန် ကုရှောင်ရှောင်ကို ခြိမ်းခြောက်နေခြင်းကို ဘယ်ဆရာမှ ဝင်မတားကြပါဘူး. ချူးဖေ့ဟန် ပြောသွားတာတွေက မှန်နေတာပဲ. ကုနင်းသာ ထိုလူဆိုးတွေကို မရိုက်နိုင်ခဲ့ရင် သူမဖျက်စီးခံလိုက်ရမှာ.

ကုရှောင်ရှောင် ဒီကိစ္စကို သေချာပေါက် တာဝန်ယူရပါမယ်.

"ကုရှောင်ရှောင်, ငါရဲခေါ်ပြီး နင့်ကိုထောင်ထဲမပို့တာက ငါအတတ်နိုင်ဆုံးကောင်းပေးထားတာပဲ. နင်ကုမိသားစုဝင်ဖြစ်နေတာကိုပဲ ကျေးဇူးတင်သင့်တယ်. ငါနဲ့ကို ညှာတာလိုက်တာ ငါ့အမေအတွက်ကြောင့်ပဲ. ပြီးတော့ နင့်အပြုအမူတွေကြောင့် ကျောင်းရဲ့ဂုဏ်သိက္ခာလဲကျရသေးတယ်. နင်ဒီမှာဆက်နေဖို့လုံးဝမဖြစ်နိုင်ဘူး." ကုနင်းပြောလိုက်တယ်. သူမကြင်နာမှုအလုံးစုံကိုပြခဲ့ပြီးသားဖြစ်တယ်.

"နင်...." ကုရှောင်ရှောင် ပြန်ခံမပြောနိုင်ခဲ့ပေမယ့် ဆက်ပြီးတော့ ငြင်းဆန်နေပါတယ်.

အပြင်မှာတော့,

ဝမ်ချန်းချီက ကုချင်းရှန်ကိုဖုန်းခေါ်လိုက်တယ်.

ကုချင်းရှန်လဲ ဝမ်ချန်းချီဖုန်းဆက်တာကိုမြင်ပေမယ့် ကုရှောင်ရှောင်အမှားလုပ်ထားတာကြောင့်လို့ မတွေးမိပါဘူး.

"ဟိုင်း, ပါမောက္ခဝမ်." ကုချင်းရှန် ချက်ချင်းဖုန်းပြန်ဖြေလိုက်တယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now