အခန်း ၅၉

2.7K 348 1
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၅၉ ကုနင်းရဲ့အစီအစဉ်

ကျိုးကျန်းဟုန် လူအများရှေ့မှာ ရှောင်ပင်းနဲ့ ပြိုင်မပြောနေချင်ပါဘူး. ဒါ့အပြင် သူ့ဘက်ကနိုင်နိုင်ချေလဲမရှိလေဘူး. ဒါကြောင့် ကျိုးကျန်းဟုန် သူ့ဒေါသကို လျှော့ချလိုက်ကာ အေးစက်စွာနဲ့ပြောလိုက်တယ်,

"ဒါမင်းကိစ္စမဟုတ်ဘူး. ရှောင်ပင်း မင်းမှာသာ မထင်မှတ်ထားတဲ့အဆိုးတွေမဖြစ်လာဖို့ ကိုယ့်ကိုကိုယ် ဂရုစိုက်နေ."

"ငါက ဘာကိုမှမကြောက်ဘူး! ဘယ်သူက အရှုံးသမားတစ်ယောက်ပြောတာကို အရေးစိုက်နေမှာလဲကျိုးကျန်းဟုန်, မင်းမှာ ကျောက်တစ်ပိုင်းလောက်ဝယ်ဖို့တောင် ငွေရှိလို့လား? မင်းမှာမရှိဘူးဆိုရင်တော့ ငါနည်းနည်းလောက်ချေးပေးလို့ပါတယ်." ရှောင်ပင်းက ကျိုးကျန်းဟုန်ကို အရှက်ခွဲလိုက်တယ်.

"ဘယ်သူက ဘယ်သူ့ကို မဝယ်နိုင်ဘူးလို့ပြောနေတာလဲ! ဦးလေးကျိုး ကောင်တာကိုသွားကြရအောင်." ကုနင်းလျှောက်လာပြီး ကျိုးကျန်းဟန်မငြင်းနိုင်ခင် ဆွဲခေါ်လိုက်တယ်.

"မင်းက...." ကျိုးကျန်းဟန်အရမ်းအံ့ဩသွားတယ်. ဒီလိုမိန်းမငယ်လေးက ဒီလောက်ထိသန်မယ်လို့သူမထင်ထားမိဘူး.

ဒီမိန်းကလေး သူ့ကို ကူညီနေတာမှန်း သိပေမယ့် သူ့မှာ ကျောက်ရိုင်းကို ဝယ်ဖို့ငွေမရှိဘူးလေ.

ရှောင်ပင်းကတော့ ကျန်းကျိုးဟုန်နဲ့ရှိနေတဲ့ မိန်းကလေးကိုမသိပါဘူး. သူစိတ်အနှောက်အယှက်ဖြစ်သွားပေမယ့် ကျန်းကျိုးဟုန်ဘာရသွားမလဲဆိုတာကို သိချင်နေသေးတယ်.

"မိန်းကလေ, ငါမဝယ်ဘူး" ကျန်းကျိုးဟန် ကိုးရိုးကားရားဖြစ်နေရက်နဲ့ပြောလိုက်တယ်.

"လူကြီးမင်းကျိုး, ရှင် ဒီကျောက်ရိုင်းကို သဘောကျနေပေမယ့် ဆိုးရိမ်နေလို့မဝယ်မှန်းသိပါတယ်. ကျွန်မကလဲ ဒီကျောက်ကိုသဘောကျနေတာ. တကယ်လို့ ရှင်တစ်ယောက်ထဲ ဆိုးကျိုးအားလုံးကို ရင်မဆိုင်နိုင်ဘူးဆိုရင် ကျွန်မတို့ တစ်ယောက်တစ်ဝက်ပေးလို့ရတာပဲ. ဒါက တကယ်အဖိုးတန်တဲ့ပစ္စည်းဆိုရင် အမြတ်ကို တစ်ယောက်တစ်ဝက်ခွဲယူကြတာပေါ့. မဟုတ်ရင်လဲ အတူတူဆုံးရှုံးခံကြတာပေါ့" ကျိုးကျန်းဟုန် ဒီကျောက်ကို ကြိုက်နေမှန်း ကုနင်းသိတဲ့အပြင် သူ့မှာ ပိုက်ဆံမလောက်လို့ တုံ့ဆိုင်းနေမှန်းလဲသိပါတယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now