အခန်း ၂၃

3.1K 356 1
                                    

[Zawgyi]

ဖီးနစ်သွေးစက်

အခန်း ၂၃ နာကျင်မှုဝေဒနာ

ယွီမီရှီကတော့ သူတို့နှစ်ယောက် ဘာတွေပြောနေကြလဲဆိုတာကို နားမလည်တာကြောင့် စိတ်ရှုပ်ထွေးနေတယ်.

"ငါမနေ့တုန်းက အကွက်တွေ သိပ်အများကြီးမပြခဲ့ပါဘူး. ငါကွန်ဖူးအကြောင်း ဘာမှမသိပဲနဲ့ ဟန်ဆောင်နေတာဖြစ်မှာကို နင်မကြောက်ဘူးလား?" ကုနင်း  မုခယ်ရဲ့မေးခွန်းကို မဖြေပဲနဲ့ သူမကတစ်ဖန် မေးခွန်းပြန်ထုတ်လိုက်တယ်.

"တကယ်လို့ ငါမှားသွားတယ်ဆိုရင်တောင်မှ ကွန်ဖူးမှာ နင်ငါ့ထက်ပိုတော်တယ်ဆိုတာတော့ ငြင်းလို့မရဘူး" မုခယ် ကုနင်းကို လေးစားစွာနဲ့ကြည့်ရင်း ပြောလိုက်တယ်.

ကုနင်သာ သာမာန်မိန်းကလေးတစ်ယောက်ပဲဆို ယောက်ျားကြီးသုံးယောက်ကိုတောင် လွယ်လွယ်လေးအလဲထိုးနိုင်ပါ့မလား?

သူမက သေချာပေါက် ကွန်ဖူးဆရာတစ်ယောက်ပဲဖြစ်ရမယ်.

ကုနင်းက သူ့ရဲ့တောင်းဆိုချက်ကို ငြင်းလိုက်မှာ စိုးရိမ်တာကြောင့် မုခယ်က ထပ်ပြီး
"ကျေးဇူးပြုပြီး လက်ခံပေးပါနော်. ငါနင့်ရဲ့စာသင်ချိန်တွေကိုလဲ မနှောင့်ယှက်ပါဘူး. နင်အားတဲ့ အချိန်မှသာ သင်ပေးပါ. ပြီးတော့ သင်တန်းကြေးဖြစ်ဖြစ် တခြားနင်လိုချင်တာဖြစ်ဖြစ် ငါရောက်အောင်လုပ်ပေးပါ့မယ်. ဘာပဲဖြစ်ဖြစ်နော်."

မုခယ်က အလေးစားဆုံး ပုံစံနဲ့ သူ့ရဲ့ စိတ်ဓာတ်ခိုင်မာမှု အလုံးစုံကို ပြသနေတယ်.

တကယ်တော့ မုခယ်က တမင်ဒီအချက်ကို သိသာအောင်လုပ်နေတာပါ.

ကုနင်းအစတုန်းက တုံ့ဆိုင်းနေပေမယ့် အခုတော့ သူ့စိတ်ကို လှုပ်ခတ်သွားစေပါပြီ.

သူမ အန်ချင်းကို ရုတ်တရက်တွေးမိသွားတယ်.

ကုနင်းမှာ သူငယ်ချင်းများများစားစားလဲမရှိသလို မုခယ်ကလဲ အာဏာရှိတဲ့မိသားစုတစ်ခုကပါ. ဒါကြောင့် တစ်နေ့မှာ သူရဲ့အကူညီကို လိုလာနိုင်ပါတယ်.

ဒါကြောင့် ဒီကိစ္စကို သူမကောင်းဖို့အတွက် လုပ်ဖို့ဆုံးဖြတ်လိုက်တယ်. ဒါပေမယ့် ဒါတွေအားလုံးက မုခယ်ဟာ လူကောင်းတစ်ယောက်ဖြစ်တာကြောင့်ရယ် သူမကလဲ သူနဲ့သူငယ်ချင်းကောင်း ဖြစ်ချင်တာကြောင့်ရယ်လဲ ပါ,ပါတယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now