အခန်း ၁၂၂

2.6K 241 0
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၁၂၂ ချူးရွှမ်ဖန် နဲ့တွေ့ဆုံခြင်း

သူတို့ထိတ်လန့်သွားပေမယ့် ကားမှအပေါက်ကိုတွေ့သွားတော့မှ ဘာတွေဖြစ်မှန်းနားလည်သွားကြတယ်.

"မြို့တော်ဝန်!"

လူနှစ်ယောက်က ချက်ချင်းပဲ ကုနင်းတိုက်ချလိုက်လို့လဲသွားတဲ့ သက်လတ်ပိုင်းအရွယ်လူကို ဝိုင်းထူပေးလိုက်ကြတယ်.

မြို့တော်ဝန်? ကုနင်းဆွံ့အသွားရတယ်. ဒီလူက မြို့တော်ဝန်လား?

"ကျန်းလင်!"

ဆရာကြီးယန် မျက်နှာမှာကြောက်စိတ်ကြောင့် ဖြူဖျော့သွားတယ်. တော်သေး၍ ကျိုးကျန်းဟုန်က သူ့ကိုကူတွဲပေးပြီး အလျင်အမြန်ပဲ လျှောက်သွားလိုက်တယ်.

ယန်ကျန်းလင် တွန်းဖယ်ခံထားရတာကြောင့် တစ်ကိုယ်လုံးနာကျင်နေတယ်. သူ့အဝတ်အစားတွေမှာလဲ ဖုန်မှုန့်တွေပေကျံနေတာကြောင့် အရှက်ရစရာဆိုပေမယ့် ဒါတွေကို အသာထားကာ စိတ်တည်ငြိမ်အောင်ပြန်လုပ်ရင်း ဖြေလိုက်တယ်,

"ကျွန်တော်အဆင်ပြေပါတယ်."

ယန်ကျန်းလင် ဘာတွေဖြစ်သွားမှန်းအခုထိသေချာမသိသေးပေမယ့် သူ့အသက်ကို ကုနင်းကယ်ခဲ့မှန်းတော့သိပါတယ်. ဒါကြောင့် ချက်ချင်းကျေးဇူးတင်စကားပြောလိုက်တယ်,

"ကျေးဇူးအများကြီးတင်ပါတယ်! မင်းကြောင့်သာမဟုတ်ရင် ငါသေသွားပြီ."

ကုနင်းဘာမှပြန်မပြောရသေးခင်, ဆရာကြီးယန်က သူမလက်ကတွေကို တုန်တုန်ရီရီနဲ့ဆုပ်ကိုင်ကာ ငိုရှိုက်ရင်း,

"ကောင်မလေးကု, ကျေးဇူးအများကြီးတင်ပါတယ်! မင်း ငါ့သားအသက်ကိုကယ်ခဲ့တာမဟုတ် , မဟုတ်ရင်..."

အိုး, ဒါဆို မြို့တော်ဝန်က ဆရာကြီးယန်ရဲ့သားပေါ့!

သူမနဲ့ မိတ်ဆက်ပေးဖို့ ဆရာကြီးယန် စီစဉ်ထားတာ ဒီလူပဲဖြစ်ရမယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Dove le storie prendono vita. Scoprilo ora