[Zawgyi]
ဖီးနစ်သွေးစက်အခန်း ၃၇ တိုက်ပွဲ
"ငါက အမြဲယုံကြည်မှုရှိတယ်." ကုနင်း သူမရဲ့ယုံကြည်မှုရှိတဲ့အချက်ကို ဖုံးကွယ်ထားမနေပါဘူး.
"နင်..." ဒီလိုမျိုး မုန်တိုင်းမလာခင်အချိန်မှာတောင် ကုနင်းက အေးအေးဆေးဆေးနေနေနိုင်တာက ကုရှောင်ရှောင်ကို ပိုပြီးမုန်းတီးစေပါတယ်. ကုနင်းကို မျက်ရည်ပေါက်ပေါက်ကျနေတာကိုပဲ မြင်ချင်နဲ့သူပါ.
"ကုနင်း, နင်ဆက်ပြီးဟန်ဆောင်ထားပေါ့. ငါ့မျက်စိရှေ့မှာတင် နင်ဘယ်လိုမျိုး ရှုံးနိမ့်သွားမယ်ဆိုတာ ငါစောင့်ကြည့်နေမယ်. ပြီးတော့ မနေ့ကကိစ္စကို နင်မတောင်းပန်ရင် သေချာပေါက် ပြန်ပေးဆပ်စေရမယ်!"
ကုရှောင်ရှောင် ဒေါသထွက်လွန်းလို့ အန်တင်းတင်းကြိတ်မိလိုက်တယ်.
"ငါဘယ်တော့မှမတောင်းပန်ဘူး. နင်လုပ်ချင်တာသာလုပ်လိုက်. ငါစောင့်နေတယ်." ကုနင်းဘက်ကတော့ အေးဆေးပဲပြန်ဖြေလိုက်တယ်. ပြီးတာနဲ့ ကုရှောင်ရှောင်ကို လျစ်လျူရှုလိုက်ကာ တမင်ဒေါသကို ဆွပေးတဲ့အကြည့်လေးနဲ့ကြည့်လိုက်ကာ ဆက်လျှောက်သွားလိုက်တော့တယ်.
"နင်..." ကုရှောင်ရှောင်ကတော့ ရူးတော့မလိုပါပဲ. ကုနင်းဒီလိုမျိုးပြန်တုံ့ပြန်ရဲလိမ့်မယ်လို့ သူမမျှော်လင့်ထားမိဘူး. ဒါကြောင့် ကုနင်းနောက်ကနေ အော်လိုက်ပြီး,
"ကောင်းလိုက်တာ, ကုနင်း, နင်နောင်တရစေရမယ်!"
"ကုနင်း, အားလုံးအဆင်ပြေမှာပါနော်?" ယွီမီရှီ စိုးရိမ်စွာနဲ့ မေးလိုက်တယ်. ကုနင်းတို့သားအမိ အိုးမဲ့အိမ်မဲ့ဖြစ်သွားမှာကို သူမပူပန်နေမိတယ်.
"စိတ်မပူနဲ့. အားလုံးအဆင်ပြေတယ်." ကုနင်းပြန်ဖြေလိုက်တယ်.
အရင်အတိုင်းပဲ ယွီမီရှီက ကုနင်းကိုအလွန်ယုံကြည်ပါတယ်. ကုနင်းက အဆင်ပြေတယ်လို့ပြောနေမှတော့ သူမမှာ ဘာသံသယမှမရှိနေတော့ပါဘူး.
DU LIEST GERADE
ဖီးနစ်သွေးစက် Book - 1(MMTranslation)
RomantikBook 1 အပိုင်း (1- 200) Title: Reincarnation of Businesswoman at School Author: Warm Color Su Eng Translator: Henyee Translations Mm Translator : Charm.Y ထန်အိုက်နင်းဟာ မိသားစု၏ သာမာန်ကြိုးဆွဲရာကနေရတဲ့သူတစ်ယောက်ပါ. စီးပွားရေးသူလှျိုအဖြစ်သာမက ကြေးစား...