အခန်း ၂၄

2.9K 339 0
                                    

[Zawgyi]

ဖီးနစ်သွေးစက်
အခန်း ၂၄ လူမိုက်တွေ ဝိုင်းတာခံရခြင်း

"သေချာတာပေါ့, သူတို့ကို ဗီဒီယိုရိုပြီး ကျောင်းဖိုရမ်ပေါ်တင်ရမယ်. ဟဟဟ"

ကောင်လေးတစ်ယောက်က သူ့ဖုန်းကိုထုတ်ကာ ဗီဒီယိုစရိုက်ဖို့ ပြင်နေတယ်.

ဒါပေမယ့် သူစရိုက်လိုက်ရသေးခင်မှာပဲ ကုနင်းနဲ့ မုခယ်တို့ရပ်သွားကြသည်.

"ဘာလို့ရပ်လိုက်တာလဲ? ဆက်လုပ်လေ! ငါအခုမှစရိုက်တော့မလို့ကို." ကောင်လေးက စိတ်စောစွာနဲ့ အသံမြှင့်ပြီးအော်ပြောလိုက်တယ်.

ကုနင်းထိုကောင်လေးကို အေးစက်စွာကြည့်ရင်း အနားသို့လျှောက်သွားကာ "နင်ကိုယ်တိုင် ငါနဲ့လာတိုက်ကြည့်ပါလား?"

တကယ်လို့ ထိုကောင်လေးသာ ဗီဒီယိုရိုက်ပြီး ကျောင်းဖိုရမ်ပေါ်တင်လိုက်မယ်ဆိုရင် တစ်ကျောင်းလုံး သိသွားကြလိမ့်မယ်. ကုနင်း ပြဿနာမတက်ချင်ပါဘူး.

ကောင်လေးလဲ ကြောက်လန့်သွားကာ ချက်ချင်းကို ငြင်းလိုက်တယ်.
"မလုပ်ဘူး. မတိုက်တော့ပါဘူး. ဒီလောက်အထိလုပ်ဖို့မလိုအပ်ဘူးထင်...."

ပြောနေရင်းနဲ့ပဲ မြေပြင်ပေါ်ကကောင်လေးလို သူ့ကိုလဲ ကုနင်းရိုက်လိုက်မှာကြောက်တာကြောင့် တဖြည်းဖြည်းနဲ့ အဝေးကိုဆုတ်သွားလိုက်တယ်.

ကုနင်းနဲ့ မုခယ်တို့တိုက်ခိုက်တာရပ်သွားတာနဲ့ ဘေးနားမှရပ်ကြည့်နေကြသူတွေလဲ ပြန်ပြီးလူစုခွဲသွားလိုက်ကြတယ်.

"ဟေ့,ဘော့စ်, မင်းကငါထင်ထားတာထက်ကိုပိုပြီး ခွန်အားကြီးတာပဲ. ငါမှန်သွားပြီ" မုခယ် အရမ်းနာနေတာတောင်မှ ကုနင်းထံပြေးသွားဖို့ကြိုးစားနေတယ်. သူ့ပုံစံကြည့်ရတာ ကုနင်းက သိုင်းဆရာတစ်ယောက်ဆိုတာထက် သူကိုယ်တိုင်က သိုင်းဆရာတစ်ယောက်ဖြစ်နေသလိုမျိုးကို အရမ်းတွေစိတ်လှုပ်ရှားနေတယ်.

ကုနင်းပြန်ပြုံးပြလိုက်ပေမယ့် စိတ်ထဲမှာတော့ ဝမ်းနည်းသွားတယ်.

သာမာန်လူတွေနဲ့ယှဉ်ရင် သူမကို အတော်လေးတော်တယ်တဲ့အခြေနေဆိုပေမယ့် ကိုယ့်ကိုကိုယ်ပြန်နှိုင်းယှဉ်ကြည့်ရရင် သူမ အားနည်းနေတုန်းပဲဆိုတာ သိပါတယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)On viuen les histories. Descobreix ara