အခန်း ၈၁

2.7K 323 0
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၈၁ အားလုံးကိုပြောပြတော့မယ်.

အတွင်းထဲမှ ကျယ်ဝန်းပြီးလှပတဲ့အပြင်အဆင်တွေကိုတွေ့လိုက်ရတော့ အားလုံးထပ်ပြီး ဆွံ့အသွားကြပြန်ကာ အထဲကိုတောင် မဝင်ရဲတော့ပဲ တံခါးနားတွင်သာရပ်နေကြတော့တယ်.

ဒီလို ကျယ်ဝန်းပြီး လှပတဲ့ အိမ်မျိုးကို သူတို့အရင်က ကုချင်းရှန်ရဲ့အိမ်တွင်မြင်ဖူးကြပါတယ်.

ထိုအိမ်ကို သူတို့သွားရရင်လဲ အရမ်းစိတ်လှုပ်ရှားကာ ဘယ်လိုပြုမူနေထိုင်ရမလဲ မသိဖြစ်ကြတာကြောင် ရွေးချယ်ခွင့်သာရရင် သွားတောင်မသွားချင်ပါဘူး.

သေချာပေါက် ကုချင်းရှန်ဘက်ကလဲ သူတို့ကို သဘောမကျပါဘူး.

"အိမ်ပြန်ရောက်နေတယ်ပဲ တွေးပါ. စိတ်လှုပ်ရှားစရာမလိုပါဘူး. အထင်ဝင်ကြလေ! သမီးအကုန်ပြောပြမယ်." ကုနင်းပစ္စည်းတွေကိုချကာ ကုမန့်နဲ့ ကုချင်တို့ကို ဧည့်ခန်းထဲဆွဲခေါ်လိုက်တယ်.

ကုချင်ကတော့ အခုထိစိတ်လှုပ်ရှားနေတုန်းပေမယ့်, ကုမန့်ကတော့ တော်တော်လေးစိတ်ငြိမ်သွားပါပြီ. ဘာလို့ဆို ဒီအိမ်က သူမရဲ့သမီးဝယ်ထားတာပဲလေ.

ကုနင်းဒီအိမ်ကို ဘယ်လောက်ဈေးကြီးကြီးပေးပြီးဝယ်ခဲ့ရလဲဆိုတာ ကုမန့်မသိပေမယ့် သူမရဲ့သမီးကို ယုံကြည်ပေးဖို့ပဲရွေးလိုက်ပါတယ်.

ကျန်းရွှီနဲ့ ကျန်းရှင်းရွှယ်လဲ နောက်ကနေဖြည်းဖြည်းချင်းလိုက်ဝင်လာတယ်.

"ထိုင်ကြပါ." ကုနင်းပြောလိုက်ပေမယ့် သူတို့မှာ ဆက်ပြီးမက်တပ်ရပ်နေကြတုန်းပဲ. သူတို့ပုံစံက ဆိုဖာကို ညစ်ပတ်အောင်လုပ်မိသွားမှာ စိုးရိမ်နေကြသလိုပဲ.

"ထိုင်ကြလေ." ကုမန့်လဲ ပြောရင်းနဲ့ဝင်ထိုင်လိုက်တယ်.

ပြီးတော့မှသူတို့အားလုံး ဝင်ထိုင်လိုက်ကြပေမယ့် စိတ်မသက်မသာဖြစ်နေတုန်းပါပဲ.

ဖီးနစ်သွေးစက် Book - 1(MMTranslation)On viuen les histories. Descobreix ara