အခန်း ၁၁၂

2.6K 257 0
                                    

[Zawgyi]
ဖီးနစ်သွေးစက်
အခန်း ၁၁၂ လူသားမဟုတ်ဘူးလား?
ဘာသာပြန်သူ - Charm.Y

သို့သော်ငြား, ဒီလထဲမှာတွင် ကိစ္စတော်တော်များများက မြန်ဆန်စွာပြောင်းလဲဖြစ်ပွားခဲ့တယ်. ပြီးခဲ့တဲ့တစ်ပတ်တုန်းက မိန်းမငယ်လေးတစ်ယောက်က အဖိုးတန်ကျောက်ပေါင်းများစွာကို ဖြတ်နိုင်ခဲ့သလို အခုလဲ အမျိုးသမီးတစ်ယောက်က ပိုပြီးအဖိုးတန်တဲ့ကျောက်စိမ်းကို ဖြတ်လိုက်နိုင်ပြန်ပြီ. ဆိုင်ရှင်ကတော့ အလွန့်အလွန်ကို မပျော်မရွှင်ဖြစ်နေပါပြီ.

သတင်းပျံ့သွားပြီးနောက်မှာတော့ ဆိုင်ထဲတွင် လူများအုံဖွဲ့လာတယ်, အထူးသဖြင့် ကျောက်မြတ်ရတနာလုပ်ငန်းရှင်တွေပေါ့. သူတို့အားလုံး ထိုကျောက်စိမ်းကိုဝယ်ချင်နေကြတယ်. ဆိုင်ကတော်တော်ကြီးတယ်ဆိုပေမယ့် အခုတော့ပြည့်ကျပ်နေပါပြီ.

ပထမတစ်တုံးက ရောင်းပြီးသွားပြီဖြစ်ပြီး ဒုတိယတစ်တုံးကတော့ ဖြတ်နေစဲပါ. အလယ့်အမြင့်ဆင့်ရေသားကျောက်အကြီးကြီးဆိုတာကို မြင်လိုက်ရတော့ ကျောက်မြတ်ရတနာလုပ်ငန်းရှင်တွေ အရမ်းကို စိတ်လှုပ်ရှားနေကြတယ်. အလယ်အမြင့်ဆင်ကျောက်စိမ်းက မရှားပေမယ့် တစ်တုံးလောက်ရှာတွေ့ဖို့တောင် ခက်ပါသေးတယ်. ဘယ်သူမှ ဒီလိုအခွင့်ရေးကို လက်လွှတ်မခံချင်ကြပါဘူး.

စီးပွားရေးနယ်ပယ်တိုင်းတွင် စည်းမျဉ်းသတ်မှတ်ချက်တွေရှိကာ သူတို့လိုက်နာကြရပါမယ်.

ပြီးတော့ အဆင့်မြင့်ကျောက်စိမ်းရှိမယ့် ကျောက်ရိုင်းနောက်တစ်တုံးကို ကုနင်းရွေးလိုက်တယ်. ထိုကျောက်က ပန်းသီးနှစ်လုံးအရွယ်လောက်ကြီးပြီး ပထမကျောက်ဖြတ်သူကို ပေးလိုက်တယ်.

တတိယကျောက်ရိုင်းက သိပ်မကြီးတာကြောင့် ကျောက်ဖြတ်သူက ကျောက်သွေးမှရပါမယ်. ကုနင်းက အဆင့်မြင့်တန်ဖိုးကြီးကျောက်တွေကို ဖြတ်နိုင်ထားတဲ့သူဆိုတော့ ကျောက်ဖြတ်သူက အရမ်းဂရုစိုက်နေပေမယ့် ဒီအမျိုးသမီးကံအရမ်းကောင်းတာကိုတော့ သူမယုံကြည်နိုင်သေးဖြစ်နေတယ်.

လူအုပ်ကြီးမှာလဲ ခံစားချက်တွေရှုပ်ထွေးနေကြတယ်. တစ်ချို့ကတော့ နောက်ထပ် တန်ဖိုးကြီးကျောက်ကို မျှောင့်လင့်နေကြပြီး တစ်ချို့ကတော့ ဆန့်ကျင်ဘက်ပါ.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now