အခန်း ၃

4.4K 479 0
                                    

[Zawgyi]

အခန်း ၃ မျှော်လင့်ချက်များကို ထုတ်ဖော်ခြင်း
ကုနင်း ဒါမှမဟုတ် ထန်အိုက်နင်း စကားစပြောလိုက်တာက ကုမန့် နဲ့ ကုချင်ကို အလွန်အံ့သြသွားစေပါတယ်.
ကုနင်း ကုတင်ခေါင်းရင်းကိုမှီပြီး ထိုင်နေတာကိုမြင်ရတာ သူမတို့မျက်လုံးကိုပင်ပြန်မယုံနိုင်လောက်အောင်ပါပဲ.
ဆရာဝန်က ကုနင်းရဲ့ဦးဏှောက်အတွင်းသွေးခဲနေတဲ့အတွက် ခွဲစိတ်မှုပြုလုပ်ရမယ်လို့ပြောထားတာပါ ဒါပေမယ့်အခုတော့ ကုနင်းက ဘာမှတောင်မလုပ်ရသေးခင် ပြန်သတိရလာရုံသာမက ကိုယ်တိုင်တောင်ထထိုင်နေနိုင်သေးတယ်.

နင်း,နင်းနင်း, သမီး သတိရလာပြီ ....

ကုမန့် အံ့သြသွားပေမယ့်လဲ မကြာခင်မှာပဲ ပြန်လည်တုံ့ပြန်နိုင်ခဲ့ပါတယ်. သူမမျက်ရည်တွေစီးကျလာပြီး ချက်ချင်းကုနင်းဆီသွားပြီး ဖတ်ထားချင်ပေမယ့် သူမလေးကို နာကျင်သွားစေမှာကိုလဲ စိုးရွံ့နေမိတယ် ဒါကြောင့်သူမလက်ကို ဘယ်ထားရမှန်းမသိစွာနဲ့ နေရာမှာပဲဆက်လက်ရပ်နေတယ်.

နင်းနင်း, သမီး သတိရလာပြီ , နောက်ဆုံးတော့ နိုးလာခဲ့ပြီပေါ့...
ကုချင် သူမဆီအပြေးသွားလိုက်တယ်. သူမမယုံကြည်နိုင်သေးပေမယ့်လဲ အမှန်တကယ် စိတ်လှုပ်ရှားပျော်ရွှင်နေခဲ့ပါတယ်.

မေမေ, အန်တီ သမီးတကယ်သတိရလာပါပြီ
ကုနင်း ကုမန့်စိတ်သက်သာရာရစေရန် လက်ကိုဆုပ်ကိုင်ရင်းပြောလိုက်သည်.

ဟုတ်တာပေါ့ ဟုတ်တာပေါ့. သမီးသတိရလာလို့တော်သေးတာပေါ့
ကုမန့် ပျော်ရွှင်မျက်ရည်များကျဆင်းနေပြီး ကုနင်းရဲ့လက်ကို ပျောက်ကွယ်သွားမှာစိုးသည့်အလား တင်းကျပ်စွာပြန်လည်ဆုပ်ကိုင်ထားသည်.

ကုချင်သည်လဲပဲ ပျော်ရွှင်မှုကြောင့် မျက်ရည်များကျနေပါတယ်. ဒီလိုပြဇာတ်ဆန်ဆန်ဇာတ်လမ်းမျိုးက လူသားတွေလက်ခံနိုင်ဖို့ ခက်ခဲလွန်းပါတယ်.

အိုး.. ငါဒေါက်တာကို သွားခေါ်လိုက်ဦးမယ် ကုချင်အရင်ဆုံးသတိရလိုက်ပြီး ချက်ချင်းပြေးထွက်သွားသည်.
မကြာခင်မှာပဲ ဒေါက်တာရောက်ရှိလာပြီး ကုနင်း၏မှော်ဆန်ဆန်နိုးထလာမှုကို အလွန်အံ့အားသင့်နေတယ်.
ဒါပေမယ့်လဲ သေချာအောင်စမ်းသပ်စစ်ဆေးမှုတွေလုပ်ဖို့လိုပါသေးတယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Tempat cerita menjadi hidup. Temukan sekarang