အခန်း ၁၇

3.1K 365 0
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၁၇ ရှောင်ဖေးဖေးကို မကြောက်ဘူးလား?

ယန်ချန်ကျွင်း အရင်ဦးအောင် ကုနင်းအပေါ် အပြစ်တွေလွှဲချချင်လိုက်တာပါ. ဒါပေမယ့် သူမေ့သွားတာက အတန်းပိုင်ဆရာမက အဖြစ်အပျက်တွေကို သေချာမသိပဲ အဆုံးသတ်ကို ခုန်ပျံကျော်လွှားပြီး ကြည့်မှာမဟုတ်တာပါပဲ.

ဒါကြောင့် အတန်းပိုင်ဆရာမလဲ ကုနင်းဘက်ကိုလှည့်ကာ မေးမြန်းလိုက်တယ်.

"ကုနင်း ဘာတွေဖြစ်သွားတာလဲဆိုတာ ရှင်းပြနိုင်မလား?"

"ဟုတ်ကဲ့. သမီး ရှောင်ဖေးဖေးကို ရိုက်ခဲ့တယ်ဆိုတာ ဝန်ခံပါတယ်. ဒါကလဲ သူအရင် သမီးကို စော်ကားခဲ့တာကြောင့်ပါ. သမီးမနေ့က ရတာနာဆိုင်ကိုသွားခဲ့တယ်. ဒီအတိုင်းကြည့်ချင်လို့သွားတာပေမယ့် သူက ဆင်းရဲတယ်ဆိုပြီး အရှက်ခွဲခဲ့တယ်.

ဒီနေ့ကျတော့ သူက အားလုံးရဲ့ရှေ့မှာလှောင်ပြောနေပြီး သမီးကို တစ်ယောက်လောက်ရှာဖို့လိုတယ်လို့ပြောတယ်.

သူ့ပါးစပ်ကို ပိတ်ဖို့ စက္ကူလုံးလေးပဲသုံးခဲ့တာကို သူက သမီးကို ခွေးမလို့ခေါ်တယ်. သမီးလဲ ဒေါသထွက်သွားတာကြောင့် သူ့ကိုပါးရိုက်လိုက်တယ်.

သူကနောက်ကနေပြီး ရေဘူးနဲ့ပစ်လိုက်လို့ သမီးက ကိုယ့်ကိုကိုယ်ကာကွယ်တဲ့အနေနဲ့ ပြန်ရိုက်ချလိုက်တာ. မမျှော်လင့်ဘဲ ရေဘူးက နောက်ပြန်လွင့်သွားပြီး သူ့နဖူးကို ရိုက်မိသွားတယ်. ဒါအကုန်ပါပဲ"

ကုနင်း အစအဆုံးပြောပြလိုက်တယ်.

သူမ အမှန်ကိုပြောနေတာပေမယ့် ရှောင်ဖေးဖေးကို တမင်ရေဘူးနဲ့ရိုက်မိသွားအောင်လုပ်လိုက်တယ်ဆိုတာတော့ မပြောပါဘူး.

ကုနင်းကတော့ ဘာမှဖုံးကွယ်နေစရာမလိုဘူးလို့ ထင်ပါတယ်.

အတန်းပိုင်ဆရာမက အခုတော့ ပိုပြီးစိတ်ပျက်သွားကာ ရှောင်ဖေးဖေးဘက်လှည့်ပြီး "အမှန်တွေပဲလား?"

"သမီး...." ရှောင်ဖေးဖေးပြန်ငြင်းချင်ပေမယ့် အတန်းပိုင်ဆရာမကို ကြောက်တာကြောင့် အဆုံးမှာတော့ ဘာမှမပြောဘဲ ခေါင်းသာငုံ့ထားလိုက်တော့တယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Opowieści tętniące życiem. Odkryj je teraz