အခန်း ၁၃၁

2.5K 227 1
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၁၃၁ ငါတို့ဘော့စ်ဘက်က ရပ်တည်မယ်.

ဘာသာပြန်သူ - Charm.Y

"မဟုတ်ဘူး, အဲ့ဒါငါမဟုတ်ဘူး. ငါမဟုတ်ဘူးလို့! ဒါလုပ်ကြံထားတာ!" ကုရှောင်ရှောင် ရုတ်တရက် ထငြင်းလိုက်တယ်. ဒါလုံးဝသူမလက်ခံလိုက်လို့မဖြစ်ဘူး. သူမလက်ခံလိုက်တာနဲ သူမအကြံအစည်တွေအကုန် ပျက်စီးသွားမှာ.

သူမငြင်းနေရင်တောင်မှာ သူမမျက်နှာအမူအရာတွေက သူမကို သစ္စာဖောက်နေတဲ့အချိန် အသံတစ်သံကထွက်ပေါ်လာတယ်.

"ထပ်ပြော. ငါ့ကို ထိခိုက်အောင် ဘယ်သူလုပ်ခိုင်းတာလဲ? ဘာလို့ဒီလိုလုပ်ခိုင်းတာတဲ့လဲ? ပြီးတော့ ငါ့ကိုဘယ်လိုလုပ်လိုက်ဖို့ သူပြောလဲ?"

ထိုအမျိုးသမီးအသံက ကုနင်းအသံမှန်း သူတို့အားလုံး သိကြတယ်.

ထို့နောက် အမျိုးသားသံတစ်သံက "ငါ..."

ခနလောက်နေပြီး မှ ထိုအမျိုးသားက ဆက်ပြီး,

"ကုရှောင်ရှောင် ခိုင်းတာပါ. သူ ငါ့ကိုဖုန်းခေါ်ပြီး မင်းကို ရိုက်ခိုင်းတယ်. ပြီးတော့ မင်းကို အဓမ္မပြုကျင့်ဖို့လဲပြောတယ်."

ထိုစကားကိုကြားတော့ လူတိုင်း ကုရှောင်ရှောင်ကို ကြောက်ရွံ့ထိတ်လန့်စွာကြည့်လိုက်ကြတယ်. သူမက ဒီလိုမကောင်းဆိုးဝါးဆန်ဆန်လူတစ်ယောက်ဖြစ်နေတာသိလိုက်ရ၍ အားလုံးအံ့အားသင့်ကုန်ကြတယ်.

ချင်ကျန်းကလဲ လင်းယွဲ့ဟောင်က ကုရှောင်ရှောင်ရဲ့ ဝမ်းကွဲအစ်ကိုမှန်းသိတယ်. ဒါကြောင့် သူ့အသံကိုကြားလိုက်တာနဲ့ လင်းယွဲ့ဟောင်မှန်းတန်းသိလိုက်တယ်.

ထို့နောက် သူဗီဒီယိုကိုလှမ်းကြည့်လိုက်တော့ သူ့အထင်မှန်နေတယ်.

"မဟုတ်ဘူး, အဲ့ဒါငါမဟုတ်ဘူး. ငါမဟုတ်ဘူးလို့! ဒါလုပ်ကြံထားတာ!" ကုရှောင်ရှောင် ဆက်ငြင်းနေလိုက်တယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now