အခန်း ၁၄၈

2.5K 224 0
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၁၄၈ V5ဘားမှ မတော်တဆ

ဘာသာပြန်သူ - Chram.Y

ဒါပေမယ့် ဝယ်ယူသူတစ်ယောက်ကို လက်ဝတ်ရတနာတစ်ခုစီပဲရရှိမှာပါ. အစိမ်းရောင်ကျောက်စိမ်းသည် လက်ကောက်၎ကွင်း, လက်စွပ်အကြီး၂ကွင်း, ဆွဲသီးတော်တော်များများရယ် နဲ့ နားဆွဲတွေရယ်လုပ်ဖို့အထိတော့ကြီးပါတယ်.

လက်ဝတ်ရတနာရဲ့အရွယ်အစားက သေးလေ, ပိုပြီးများများထုတ်လုပ်နိုင်လေဖြစ်ပါတယ်.

တကယ်တော့ ဈေးအရမ်းမြင့်တာကြောင့် အစိမ်းရောင်ဘုရင်ကိုဝယ်ယူမယ့်သူအများကြီးရှိလိမ့်မယ်လို့တော့ ကုနင်းမမျှော်လင့်ထားပါဘူး. တော်တော်များများက မတတ်နိုင်ကြသလို လက်ဝတ်ရတနာတစ်ခုအတွက် မပေးလိုက်ချင်သူတွေလဲရှိပေမယ့် ကြော်ငြာကောင်းတစ်ခုတော့ဖြစ်ပါသေးတယ်.

နေ့လည်ခင်းမှာတော့ ကုချင်းယန် နှင့် ကုချင်းရှန်တို့ ကျောင်းအပ်ဖို့သွားကြတယ်. ထိုကျောင်းက မြို့တော်Gရဲ့ သာမာန် အမှတ်၂အထက်တန်းကျောင်းတစ်ခုဖြစ်ပါတယ်. ကုရှောင်ရှောင်ကတော့ တနင်္လာနေ့မှာသာ သွားရင်းနှင့်တစ်ခါတည်းစာရင်းပေးရမှာဖြစ်တယ်.

ဒီလိုဆိုရင်တောင် ကုချင်းရှန်ကတော့ စိတ်အေးသွားပါပြီ. ထိုအချိန် ကုချင်းယန်က ကုချင်းရှန်က ကုရှောင်ရှောင်က ကျောင်းအဆောင်နေမှာလား အပြင်မှာနေမှာလားလို့မေးလိုက်တယ်. သူသာ အပြင်မှာနေမယ်ဆိုရင် အိမ်တစ်လုံးအရင်ငှားထားဖို့လိုတယ်လေ.

ထိုအချက်ကြောင့်ပဲ ကုချင်းယန်က တမင် အမှတ်၂ကျောင်းကိုပြောင်းပေးခဲ့တာပါ. ဒီကျောင်းက သူ့အိမ်နဲ့အတော်ဝေးတာကြောင့် ကုရှောင်ရှောင် သူ့အိမ်ကနေတစ်ဆင့်မတတ်နိုင်တော့ဘူးလေ.

ကုချင်းရှန်ကလဲ ထိုကိစ္စနဲ့ ပြဿနာလုပ်ဖို့ စိတ်မပါသေးပါဘူး. ပြီးတော့ သူ့သမီးအကြောင်းလဲ သူသိတာကြောင့် ကျောင်းနားက နေရာတစ်နေရာမှာ ကုရှောင်ရှောင်အတွက် တိုက်ခန်းရှာပေးရန် ကုချင်းယန်ကိုပြောလိုက်တယ်. ကုရှောင်ရှောင် တက္ကသိုရောက်ရင်တော့ အိမ်တစ်လုံးဝယ်ပေးဖို့ စီစဉ်ထားပါတယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now