အခန်း ၃၂

2.8K 357 0
                                    

[Zawgyi]

ဖီးနစ်သွေးစက်
အခန်း ၃၂ ညီအစ်ကိုများကြားက အငြင်းပွားမှု

မုခယ်ကို ကုနင်းနဲ့အတူမြင်လိုက်ရတာကြောင့် ချင်ကျန်းနဲ့သူ့သူငယ်ချင်းတွေအကုန် အံ့ဩသွားကြတယ်.

အံ့ဩပြီးသွားတော့မှ, ကျန်းယီမင်က မနှစ်မြို့သောအသံဖြင့်
"မုခယ်, မင်းကဘာလို့ သူနဲ့အတူရှိနေတာလဲ?"

ထို"သူ"ဆိုတဲ့နေရာမှာ သိသိသာသာ လေသံကိုဖိပြီးတော့ပြောလိုက်တယ်.

ထိုစကားကိုကြားတော့ မုခယ်စိတ်အလိုမကျစွာနဲ့ မျက်မှောင်ကြုတ်လိုက်ပြီး,
"ငါဘယ်သူနဲ့ရှိရှိ မင်းကိစ္စမဟုတ်ဘူး." မုခယ် သူစိမ်းဆန်ဆန်ပဲ ပြန်ဖြေလိုက်တယ်.

ဖူမင်လျန် ချက်ချင်းပဲ အံ့ဩလွန်းလို့ထအော်လိုက်တယ်.
"ဘုရားရေ, မင်း ကုနင်းကိုကြိုက်နေတာလား? သူကဆင်းရဲတယ်နော်. ဘယ်တော့မှ မင်းနဲ့ အတူရှိနိုင်မှာမဟုတ်ဘူး!"

ဖူမင်လျန်ကလဲ မုခယ် ကုနင်းကို ကြိုက်နေတယ်လို့ထင်နေတယ်. ဒါကြောင့်နဲ့တော့ သူ့ရဲ့မနှစ်မြို့မှုကို မဖုံးကွယ်ထားချင်ဘူး.

"မင်း ပါးစပ်ကိုပိတ်ထားလိုက်!" မုခယ်စိတ်တိုသွားတယ်. ကုနင်းက သူ့ရဲ့ဘော့စ်ဖြစ်ပြီး သူ့နှလုံးသားထဲမှာ အရေးအကြီးဆုံးပုံရိပ်အနေနဲ့တည်ရှိနေတာပါ.

မုခယ် အေးစက်စက်အကြည့်တွေနဲ့ ဖူမင်လျန်ကိုကြည့်လိုက်တယ်. သူ့ပုံစံက ထရိုက်တော့မလိုတောင်နဲ့,
"ဖူမင်လျန်, မင်းဒီစကားမျိုးနောက်ထပ်ပြောရဲပြောကြည့်စမ်း, မင်းကိုရိုက်ပစ်မယ်!"

မုခယ်ရဲ့ အပြုအမူကအောင်မြင်စွာနဲ့ပဲ ဖူမင်လျန်ကို ဒေါသထွက်စေခဲ့တယ်. သူစိတ်တိုစွာနဲ့ မုခယ်ကိုအော်လိုက်ပြီး,
"မုခယ်, မင်းဘာဖြစ်နေတာလဲ? အဲ့မိန်းကလေးအတွက်နဲ့ မင်းက မင်းရဲ့ညီအစ်ကို,ကိုတောင် တကယ်ရိုက်တော့မယ်ပေါ့?"

ဖူမင်လျန်ရဲ့အော်သံက ဘေးနားရှိလူများကို ဆွဲဆောင်သွားခဲ့တယ်.

"စိတ်ဝင်စားစရာပဲ," မုခယ်ရယ်လိုက်ကာ ထေ့ငေါ့ပြီး,
"အရိုးသားဆုံးပြောရရင် ငါမင်းတို့နဲ့သူငယ်ချင်းမဖြစ်ချင်ဘူး. မင်းတို့က ဖြူစင်တဲ့အတန်းဖော်ကို အရှက်ခွဲအနိုင်ကျင့်ရတာကို ပျော်နေကြတဲ့သူတွေပဲ. မင်းတို့အားလုံးက မင်းတို့မိဘတွေရဲ့ ချမ်းသာပြီးခမ်းနားကြီးကျယ်တဲ့ဘဝတွေအပေါ်မှာ မှီခိုနေကြတာ.
ပြီးတော့ အဲ့ဒါကို မင်းတို့က ဂုဏ်ယူနေကြသေးတယ်လား? မရှက်ကြဘူးလား. တစ်ကြိမ်လောက် မမှီခိုပဲကြိုးစားကြည့်ကြပါလား!"

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now