အခန်း ၂၆

2.9K 372 0
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၂၆ လင်ရှောင်းထင်

ပုံမှန်ဆို ကုနင်းက မိနစ်၂၀စောပြီးကြိုရောက်နေရမှာ အခုတော့ ကုမန့်က စိတ်ပူနေရပြီ.

ကုနင်း သူ့အမေကို စိတ်အေးအောင်လို့, "မေမေ, သမီးရှင်းပြပါရစေဦး. သမီးအတန်းဖော်က မတော်တဆဖြစ်ပြီး ခြေကျင်းဝတ်လည်သွားလို့. အခုသူ့ကို အိမ်ပြန်ပို့ပေးနေတာ. စိတ်မပူပါနဲ့. သူ့ကိုပို့ပြီးတာနဲ့ သမီးပြန်လာခဲ့ပါ့မယ်."

ဒါကို ကြားတော့မှ ကုမန့်လဲ စိတ်သက်သာရာရသွားတော့သည်. သူမသမီးကိုသူမ အမြဲတမ်းယုံတာကြောင့်,

"ကောင်းပြီလေ, ကိုယ့်ကိုကိုယ်လဲ ဂရုစိုက်ဦးနော်"

"ဟုတ် ဂရုစိုက်ပါ့မယ်, ဘိုင့် ဘိုင်" ကုနင်း ဖုန်းချလိုက်ပြီးမှပဲ အသက်ဝဝရှူထုတ်လိုက်နိုင်တယ်.

သူမသတိမထားလိုက်မိတာက နောက်ခုံမှာထိုင်နေတဲ့လူက ကုနင်းနဲ့ သူမအမေစကားပြောနေချိန်အတွင်း နည်းနည်း ဝမ်းနည်းသွားပြီး မနာလိုဖြစ်နေခဲ့တယ်ဆိုတာပဲ.

ဖန်ဟွားအဆင့်မြင့်အိမ်ရာဆိုတာ မြို့တော် ရဲ့ နေလို့အကောင်းဆုံး အဆင့်မြင့်ဆုံးနေရာပါ. သူက မြို့လယ်နဲ့ နီးပြီး တိတ်ဆိတ်အေးချမ်းကာ အကောင်းဆုံးနေရာတွင် တည်ရှိနေပြီး ပတ်ဝန်းကျင်ကလဲ သာယာလှတယ်.

ဒီဖန်ဟွားအဆင့်မြင့်အိမ်ရာမှာ ချမ်းသာတဲ့လူ ဒါမှမဟုတ် အာဏာရှိတဲ့လူတွေပဲနေကြတယ်.

ကုနင်းရဲ့ အကြီးဆုံးဦးလေးက ဒီဖန်ဟွားအိမ်ရာမှာ အိမ်တစ်လုံးလောက်ဝယ်ချင်နေပေမယ့် အရမ်းဈေးကြီးလွန်းတာကြောင့် မတတ်နိုင်ဘူး.

အိမ်တစ်လုံးချင်းရဲ့ အနည်းဆုံးတန်ဖိုးကတင် ယွမ်၅သန်းကနေ ၆သန်းအထိရှိတယ်.

ကုချင်းရှန်မှာ ယွမ်သန်းနှင့်ချီပြီး ချမ်းသာနေတာတောင်မှ သူမဝယ်နိုင်သေးပါဘူး.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now