အခန်း ၁၃၉

2.5K 237 6
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၁၃၉ စည်းကမ်းကြီးတဲ့ဘော့စ်

လင်ရှောင်းထင် ရှုကျင်းချန်ကို အေးစက်စက်တစ်ချက်ကြည့်လိုက်တော့ ပါးစပ်တော့ပိတ်သွားပေမယ့် လင်ရှောင်းထင်ကိုပြန်ပြီး စိုက်ကြည့်နေတယ်. သူပြောတာ မှားမှမမှားပဲကို.

တကယ်တော့ လင်ရှောင်းထင်လဲ သူ့ကိုယ်သူ ထိုမေးခွန်းပြန်မေးနေမိတယ်. သူတို့နှစ်ယောက်ဘယ်တုန်းက ဒီလောက်ရင်းနှီးသွားတာများလဲ?

ဒါပေမယ့် သူက အရင်ကတည်းက ဒီလိုလူမျိုးပဲမဟုတ်ဘူးလား?

သူအလုပ် နှင့် တာဝန်တွေကို ကျေပွန်အောင်ဆောင်ရွက်တာခဲ့တာတွေက မကောင်းတဲ့လူတွေကို အပြစ်ပေးပြီး သူ့တိုင်းပြည်ငြိမ်းချမ်းရေးကို ယူဆောင်လာနိုင်ဖို့လေ.

"သူကအမြဲဒီလို အေးစက်စက်ကြီးလား?" ကုနင်း လင်ရှောင်းထင်ကို ကြည့်ရင်း ရှုကျင်းချန်ကိုမေးလိုက်တယ်.

"အဲ့လိုလဲမဟုတ်ပါဘူး. အလုပ်လုပ်ရင်တော့ တက်ကြွနေပေမယ့် တခြားလူရဲ့အရေးကိစ္စကိုကူညီပေးဖို့ တက်ကြွနေတာမျိုးကိုတော့ တစ်ခါမှမမြင်ဖူးဘူး." ရှုကျင်းချန် အမှန်အတိုင်းပြောလိုက်တာပါ. လင်ရှောင်းထင်က တကယ်ကို သူ့တာဝန်တွေမ်းဆောင်ရာမှာ ဒါမှမဟုတ် အပြစ်သားတွေကိုအပြစ်ပေးရာမှာ တက်ကြွပေမယ့် တစ်ယောက်ယောက်ကသူ့ကို လူမှုရေးကိစ္စတွေအကူအညီလာတောင်းရင်တော့ သူဘယ်တုန်းကမှ အဖက်မလုပ်ခဲ့ပါဘူး.

"အိုး, ဒါဆို ကျွန်မကတော့ မတူဘူးထင်တယ်." ကုနင်း ဟာသလုပ်လိုက်တော့ လင်ရှောင်းထင်ဘက်က အဓိပ္ပါယ်ပါတဲ့အကြည့်နဲ့ကြည့်လာခဲ့တယ်. သူလဲ သူ့ကိုယ်သူဘာဖြစ်နေမှန်းမသိပေမယ့် ကုနင်းက သူ့အတွက်တခြားလူတွေနဲ့မတူကွဲပြားတာကိုတော့ လက်ခံပါတယ်.

ထိုအချိန် ကုနင်းနှလုံးသားလေးက ပျော်ရွှင်သွားတယ်. သူမဘာလို့ပျော်ရွှင်မိသွားမှန်းတော့မသိပေမယ့် ကျေနပ်ပါတယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now