အခန်း ၁

14.5K 679 5
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၁ ပင်လယ်ထဲသို့ခုန်ချခြင်း

ကမ်းစပ်နဲ့ဝေးသော ပင်လယ်ပြင်တစ်နေရာတွင် ကိုယ်ပိုင်ဇိမ်ခံသင်္ဘောတစ်စင်း ဖြည်းညှင်းစွာမောင်းနှင်နေသည်။

ထိုအချိန်၌ ပင်လယ်ပြင်ကြီးသည် ကျားတစ်ကောင်ဟိန်းဟောက်မာန်ဖီနေသကဲ့သို့ ပင်လယ်လှိုင်းလုံးများမြင့်တက်ရိုက်ခတ်နေပြီး တန်အိုက်နင်းရဲ့ စိတ်မှာလဲ အလားတူဖြစ်ပျက်နေသည်။

ထန်အိုက်နင်းသည် သာမာန်ရှပ်အဖြူနှင့် အပြာရောင်ဂျင်းဘောင်းဘီကိုတွဲဖက်ဝတ်ဆင်ထားပြီး ဇိမ်ခံသင်္ဘော၏ အစွန်အဖျားတစ်နေရာတွင် မတ်တပ်ရပ်နေခဲ့သည်။ သူနောက်ကိုသာ တစ်လှမ်းလောက်ထပ်ဆုတ်လိုက်ရင် နက်ရှိုင်းလှသော ပင်လယ်ရေပြင်အတွင်းသို့ ပြုတ်ကျသွားမည်မှာမလွဲ။

အဆိုးဆုံးကတော့ သူမရဲ့ ညာဘက်ပခုံးနှင့် ဘယ်ဘက်ပေါင်သည် သေနတ်ဒဏ်ရာကြောင့် သွေးများစွာစီးကျနေခြင်းပင်။ သူမဟာ တုန်ရီနေပြီးတော့ ဒယိမ်းဒယိုင်ဖြစ်နေတာတောင်မှ ဒီနေရာမှာဆက်ရှိနေဖို့ တောင့်ခံထားနေဆဲပဲ။

သူမမှာ ဘယ်လောက်တောင် သတ္တိရှိပြီး ခိုင်မာတဲ့စိတ်ဓာတ်ရှိလိုက်လဲ။ တကယ်တော့ သေနတ်ဒဏ်ရာနှစ်ခုလောက်က ထန်အိုက်နင်းကို တုန်ရီပြီး ဒယိမ်းဒယိုင်ဖြစ်စေဖို့လောက်အထိမစွမ်းပါဘူး. သူမရဲ့သန်မာမှုအများအပြားပျောက်ဆုံးနေရခြာင်းမှာ အစောပိုင်းက ဆေးခတ်ခံထားရတာကြောင့်ပါ.

ဒီလိုသာမဟုတ်ရင် လွယ်လွယ်နဲ့ ဖမ်းမိစရာအကောင်းမရှိပါဘူး

သူမရဲ့မျက်နှာချင်းဆိုင်မှာတော့ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့ရှိနေတယ်

အမျိုးသမီးမှာ ပခုံးသားလစ်ဟာပြထားတဲ့ အဖြူရောင်ပွဲတက်ဝတ်စုံကိုဝတ်ထားပြီး သူမရဲ့နီညိုရောင်ဆံပင်အခွေရယ် လိုက်ဖက်လှတဲ့ မိတ်ကပ်ထူထူရယ်က သူမကို ညှို့ဓာတ်ပြင်းတဲ့ပုံစံပေါက်စေသည် သူမရဲ့မျက်ဝန်းများမှာတော့ ပျော်ရွှင်ကျေနပ်မှုများဖြင့်ပြည့်လျှံနေသည်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now