[Zawgyi]
ဖီးနစ်သွေးစက်အခန်း ၅၂ လီကျန်းကျန်း
အခုချိန်ထိတော့ ကုနင်းရဲ့အရည်အချင်းကိုအသိအမှတ်ပြုတဲ့အဆင့်ထိပဲရှိပါသေးတယ်. ချင်ယီဖန်းစိတ်ထဲမှာ အခုလို အဆင့်မြင့်မြင့်တွေးဖူးတဲ့လူဆိုတာအများကြီးမရှိပါဘူး. ဒါကြောင့် ကုနင်းကို ထပ်တွေ့လိုက်ရတော့ စိတ်လှုပ်ရှားနေမိတာပါ.
"ကျွန်မရောပဲ." ကုနင်းပြုံးလိုက်တယ်.
"တကယ့်ကို တိုက်ဆိုင်တာပဲ! လာလေ ပြီးရင်အတူတူလေယာဉ်ပေါ်တက်ကြတာပေါ့." ချင်ယီဖန်းက သူမကို ဖိတ်ခေါ်လိုက်တယ်.
ကုနင်းလဲ မငြင်းနေတော့ဘဲ ချင်ယီဖန်းတို့ထိုင်တဲ့နေရာကိုလိုက်သွားလိုက်တယ်.
လူကြီးလူကောင်းတစ်ယောက်လိုမျိုး ကုနင်းအတွက်ထိုင်ခုံကို ချင်ယီဖန်းဆွဲထုတ်ပေးလိုက်တော့ ဟိုဘက်က အမျိုးသမီးလေးရဲ့မျက်နှာ ထပ်ပြီးတော့ မှောင်မိုက်သွားပြန်တယ်.
"မင်းဘာသောက်မလဲ?" ချင်ယီဖန်းမေးလိုက်တယ်.
"ကော်ဖီ," ကုနင်းလဲပြန်ဖြေလိုက်တယ်.
ချင်ယီဖန်း စားပွဲထိုးတစ်ယောက်ကိုခေါ်လိုက်ကာ ကုနင်းအတွက် ကော်ဖီတစ်ခွက်မှာပေးလိုက်တယ်.
"ယီဖန်း, နင်ငါ့ကို ဒီမိန်းကလေးနဲ့မိတ်မဆက်ပေးရသေးဘူးနော်." ထိုမိန်းကလေးကနေပြီး တမင်သက်သက် ချင်ယီဖန်းနဲ့ ရင်းနှီးတယ်ဆိုတာသိသာအောင် ခေါ်လိုက်ပြီး စပြောလိုက်တယ်.
ထို့နောက် ချင်ယီဖန်းလဲ ထိုမိန်းကလေးဘက်ကိုလှည့်လိုက်ပြီ.
"ဒါက ငါ့သူငယ်ချင်း, ကုနင်းတဲ့."
"ကုနင်း, ဒီဘက်က ငါ့ဦးလေးရဲ့သမီး လီကျန်းကျန်း." သူကုနင်းကို ပြန်မိတ်ဆက်ပေးလိုက်တယ်.
"တွေ့ရတာဝမ်းသာပါတယ်, မိန်းကလေးလီ." လီကျန်းကျန်း သူမကိုမနှစ်သက်မှန်း ကုနင်းသိပေမယ့် သူမကိုမထိခိုက်သေးတာကြောင့် ယဉ်ယဉ်ကျေးကျေးပဲ ပြန်နှုတ်ဆက်လိုက်တယ်.
YOU ARE READING
ဖီးနစ်သွေးစက် Book - 1(MMTranslation)
RomanceBook 1 အပိုင်း (1- 200) Title: Reincarnation of Businesswoman at School Author: Warm Color Su Eng Translator: Henyee Translations Mm Translator : Charm.Y ထန်အိုက်နင်းဟာ မိသားစု၏ သာမာန်ကြိုးဆွဲရာကနေရတဲ့သူတစ်ယောက်ပါ. စီးပွားရေးသူလှျိုအဖြစ်သာမက ကြေးစား...