အခန်း ၅

3.7K 446 0
                                    

[Zawgyi]

အခန်း ၅ လူတစ်ယောက်ကို ကယ်တင်ခြင်းအတွက် 500,000တန် ချက်လက်မှတ်

ကုနင်း ချက်ချင်းတော့မလှုပ်ရှားပါဘူး. သူမအချိန်ကောင်းဖြစ်မှာကိုအရင်ဆုံးစောင့်ဆိုးရင်းလေ့းလာဦးမှာပါ.
သံသယရှိသူက ဒေါက်တာမကိုချိန်ရွယ်ရင်းသေနတ်ကို ကိုင်ထားတယ်. သူတို့ကအရမ်းနီးနေကြတယ်. တကယ်လို့ ကုနင်းသာ သံသယရှိသူကို မြန်မြန်မဖမ်းနိုင်ခဲ့ရင် သူ့ကိုခြောက်သလိုဖြစ်ပြီး ပစ်မိသွားနိုင်တယ် ဒီလိုဆို အဆိုးဆုံးရလာဒါဖြစ်သွားမှာ.
ကုနင်း ခေါင်မိုးထပ်တစ်ခုလုံးကို တစ်ချက်ကြည့်လိုက်သည်. ထွက်ပေါက်၏ညာဘက်တွင် ပစ္စည်းပုံတစ်ခုတွေ့တာကြောင့် ထိုနောက်တွင် ဝင်ပုန်းလိုက်ရင်း သူတို့နဲ့နီးအောင်ရွှေ့သွားလိုက်သည်.
ယန်ဟောင်, ရှင် ဘာ..လိုချင်လို့လဲ? ဆရာဝန်အမျိုးသမီးသည် သေနတ်အချိန်ခံထားရတာကြောင့် တုန်ရီစွာဖြင့်မေးလိုက်သည်.
ငါ ဘာလိုချင်တာလဲတဲ့လား? သံသယရှိသူ ယန်ဟောင်က နှာမှုတ်လိုက်တယ်. သူ၏မျက်ဝန်းတွင် ခက်ထန်မှုများဖြင့်ပြည့်နေပြီး စိတ်တိုစွာဖြင့်
ငါ ဒီလိုအဆုံးသတ်သွားရတာ အားလုံးမင်းကြောင့်ပဲ, ငါဘာလိုချင်တာလဲဟုတ်လား? ဆေးရုံကနေအလုပ်ဖြုတ်ခံရပြီး ငါ့ဇနီးကလဲ တခြားကောင်တစ်ကောင်ကြောင့် ငါ့ကို ထားသွားတယ်. အဲ့ဒါမင်းကြောင့်ပဲ ဒါတွေအားလုံးမင်းကြောင့်ပဲ.
ဒီစကားတွေကြားလိုက်တော့ အန်ချင်းလဲ မတရားခံလိုက်ရသလို ခံစားရပြီး
ဒီကိစ္စတွေအားလုံး ရှင် ကိုယ်ကျင့်တရားပျက်လို့ဖြစ်ရတာလေ. ဆရာဝန်တစ်ယောက်ဖြစ်ပြီး အခြေခံစည်းမျဉ်းကိုတောင် မလိုက်နာဘူး. လူနာတွေမိသားစုဆီကနေ လျှို့ဝှက်ငွေလက်ခံပြီး အသက်တစ်ချောင်းကို လျစ်လျူရှုခဲ့တယ်. ကျွန်မလုပ်ခဲ့တာဆိုလို့ အဲ့လူနာရဲ့အသက်ကိုကယ်တင်ခဲ့ရုံပဲ.
ပါးစပ်ပိတ်ထားစမ်း. ဒါက ငါ့ကိစ္စပါ မင်းဝင်နှောက်ယှက်စရာအကြောင်းကိုမရှိဘူး.
ယန်ဟောင် သေနတ်ကို ပိုတင်းအောင်ကိုင်လိုက်ပြီး
အခုချက်ချင်း ငါ့အကောင့်ထဲ ယွမ်5သန်းလွှဲရင်လွှဲ မဟုတ်ရင် ငါပစ်လိုက်မှာ
အန်ချင်း ကြောက်ရွံ့တုန်လှုပ်သွားပြီး ဖိအားပေးခံထားရာကနေပဲ....
ငါ..ငါ့မှာ အဲ့လောက်အများကြီးမရှိဘူး ယွမ်2သန်းပဲရှိတယ်
မရဘူး ငါ5သန်းလုံးအပြည့်လိုချင်တယ်. ဟိုမိန်းမက ငါ့ကိုဒီလောက်ပိုက်ဆံကြောင့်နဲ့ထားခဲ့တာ ပမာဏတူကိုသာ ပါပေးလိုက်ရင် ငါ့ဘက်ကိုပြန်ရောက်လာမှာပဲ 
ယန်ဟောင်ကိုကြည့်ရတာ အရမ်းစိတ်လှုပ်ရှားနေပြီး ပစ်မိတော့မလိုတောင်ထင်ရတယ်.
ကုနင်း ပစ္စည်းပုံကို အကာအကွယ်ယူရင်း ယန်ဟောင်၏ကျောဘက် 2မီတာလောက်အလို ရောက်သည်အထိ ရွှေ့လာခဲ့သည်. ယန်ဟောင်က အရမ်းစိတ်လှုပ်ရှားနေတာကြောင့် သူမကိုသတိမထားမိလိုက်ပေမယ့် လန့်ပြီး ပစ်မိသွားမှာကိုတော့ စိုးရိမ်နေစဲပဲ.
ယန်ဟောင်က အခုတော့ သိပ်စိတ်မလှုပ်ရှားတော့ဘဲနဲ့ ဆိုးရွားတာတစ်ခုခုလုပ်ဖို့ ကြံရွယ်နေတယ်.
ဟန်ဟောင်ဒီနေ့လုပ်ခဲ့တာတွေက တရားဥပဒေနဲ့ မလွတ်ကင်းပါဘူး. တကယ်လို့ သူယွမ်5သန်းရသွားခဲ့မယ်ဆိုရင်တောင် မကြာခင် ဥပဒေအရအရေးယူခံရပါ ဒါကြောင့် သူ့မိန်းမဆီပြန်သွားနိုင်ဖို့လဲ အခွင့်ရေးမရှိတော့ပါဘူး.
ဒါ့အပြင် သူမိန်းမကလဲ ပြန်လာမှာမဟုတ်ပါဘူး.
ယန်ဟောင် ယွမ်5သန်းပေးလိုက်မယ့်လူဟာ အတော်ကြွယ်ဝတဲ့သူဖြစ်လာမှာပဲ တကယ်လို့ သူ့ဇနီးက ပိုက်ဆံအတွက်နဲ့သူ့ကို ထားခဲ့တာဆိုရင် ပိုပြီးကွယ်ဝနေတဲ့ လူတစ်ယောက်အတွက် သူ့ကိုဘာကြောင့်ထပ်မထားခဲ့နိုင်ရမှာလဲ.
တကယ်လို့ ယန်ဟောင်၏မိန်းမသာ ပိုက်ဆံမမက်တဲ့သူဆိုရင်တောင်မှ ယန်ဟောင်က အခု သံသယရှိတရားခံဖြစ်နေပြီ မကြာခင် ထောင်ထဲရောက်တော့မှာ ဒီလိုဆို သူမ ယန်ဟောင်ကိုရော ပိုက်ဆံတွေကိုပါ လက်လွှတ်လိုက်ရလိမ့်မယ်.
အခုနေ ယန်ဟောင်ကို စိတ်တိုသွားစေမယ့်စကားမျိုး အန်ချင်းပြောလိုက်မိမှာကို ကုနင်းစိုးရိမ်နေတယ်. ထိုလူသာ စိတ်လွတ်ပြီး ပစ်မိသွားရင် ကုနင်းလဲကယ်လိုက်နိုင်မှာမဟုတ်ပါဘူး
အမျှော်အမြင်ရှိစွာနဲ့ အန်ချင်းလဲ ယန်ဟောင်၏စိတ်အခြေနေကို ခန့်မှန်းမိကာ နူးညံညင်သာသောအသံလေးဖြင့်
ကိစ္စမရှိဘူး. ကျွန်မ ရှင့်ကို ယွမ်5သန်းပေးပါ့မယ်. ဒါပေမယ့် ကျွန်မအကောင့်ထဲမှာက 2သန်းပဲရှိလို့ ကျွန်မအဖေကို ဖုန်းလှမ်းဆက်ပြီး တောင်းပါရစေ.
သူမသာ လွတ်မြောက်နိုင်မယ်ဆိုရင် 5သန်းဆိုလဲ ပေးမှာပါပဲ.
မကြာခင် ယန်ဟောင်ကို ရဲတွေဖမ်းမိသွားမယ်လို့လဲ သူမယုံကြည်ပါတယ်.
ကုနင်းကတော့ အဲ့လိုမထင်ပါဘူး ယန်ဟောင်က သူမကိုခွင့်မပြုလောက်ဘူး အဲ့လိုသာမဟုတ်ရင် အန်ချင်းက ရဲကိုချက်ချင်းဖုန်းဆက်လိုက်မှာပေါ့.
ဒီလိုသာဆို ယန်ဟောင်ပိုက်ဆံတွေရသွားရင်တောင် ထွက်ပြေးလို့မလွတ်နိုင်တော့ဘူး.
အန်ချင်းသဘောတူတာကို ကြားတော့မှ ယန်ဟောင်လဲစိတ်သက်သာရာရသွားပြီး
ကောင်းပြီလေ. ဒါပေမယ့် မင်းစပီကာဖွင့်ပြီးမှပြောရမယ်.
ရတာပေါ့ အန်ချင်းလဲ သူမဖုန်းကို တုန်ရီစွာ ထုတ်ယူလိုက်တယ်.
သေနတ်ကိုင်ထားတာကြာပြီဖြစ်တာကြောင့် ယန်ဟောင်ရဲ့လက်တွေက ထုံကျဉ်နေပြီး အားလျော့လာတယ်.
ထိုအချိန်မှာပဲ ကုနင်းလဲအခွင့်ရေးကိုမြင်သွားပြီး ယန်ဟောင်ထံတိုးဝင်လိုက်သည်. သူလဲပြင်ဆင်ချိန်မရှိတာကြောင့် ကိုင်ပေါက်ခံလိုက်ရပြီး သေနတ်လဲ သူ့လက်မှလွတ်သွားကာ မီတာဝေးဝေးဆီသို့ လွင့်ထွက်သွားသည်.
ကိစ္စတွေက အလျှင်အမြန်ဖြစ်ပျက်သွားတာကြောင့် အန်ချင်းလဲ သူမလက်ထဲကဖုန်းလွတ်ကျသွားတာတောင်မသိလိုက်ဘဲ ကြောင်အစွာရပ်နေမိတယ်.
ဒါမပြီးသေးပါဘူး သေနတ်မရှိတော့တာတောင်မှ ယန်ဟောင်က ကုနင်းကိုပြန်တိုက်ဖို့လုပ်သည်. သူပြန်မတိုက်နိုင်ခင်မှာပဲ ကုနင်းက ယန်ဟောင်၏ ဟာကွက်ကို ရိုက်ချလိုက်သည်.
သူအားနည်းသွားတဲ့အချိန်မှာပဲ ကုနင်းလဲ ကြိုးတစ်ချောင်းရှာပြီး သူ့ကိုချည်လိုက်ကာ ပါးစပ်တွင်းသို့ အဝတ်စတစ်ခု ထိုးထည့်လိုက်သည်.
ကုနင်းလဲ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေသော အန်ချင်းဘက်ကိုလှည့်လိုက်ပြီး
ရဲကို ခေါ်လိုက်
အိုး. ဟုတ်သားပဲ, ဟုတ်သားပဲ
ဒီတော့မှ အန်ချင်းလဲ သတိပြန်ဝင်လာကာ သူမလွတ်ကျသွားတဲ့ဖုန်းကို ပြန်ရှာလိုက်ပြီး ကောက်ယူလိုက်တယ်.
ဖုန်းနံပါတ်မနှိပ်ရသေးခင်မှာပဲ သူမဖုန်းမြည်လာသည်.
ခေါ်ဆိုသူမှာ သူမအဖေဖြစ်တာကြောင့် ချက်ချင်းကိုင်လိုက်ပြီး
ဟဲလို, အဖေ
ချင်းချင်း, သမီးအခုဘယ်မှာလဲ?
သမီး အတွင်းလူနာဆောင်ရဲ့ ခေါင်မိုးထပ်မှာပါ အဖေ.
အန်ချင်းလဲ ဖြစ်ခဲ့သမျှကိုပြန်ပြောပြလိုက်ပြီးနောက်
အဖေ, သမီးတို့ရဲခေါ်သင့်လား?
ကုနင်း မျက်မှောင်ကြုတ်သွားသည်. အန်ချင်းဘာလို့များ ရဲကိုခေါ်မယ့်အစား ဒီလိုမေးတယ်ဆိုတာ နားမလည်နိုင်တော့ဘူး.
ဘာ? ဘယ်လိုဖြစ်ရတာလဲ? သမီးအဆင်ပြေရဲ့လား? အန်ချင်းအဖေ အလွန်စိုးရိမ်ပူပန်သွားပြီး သူ့နှလုံးတောင်ထွက်ကျတော့မလိုအထိ ထိတ်လန့်သွားတယ်.
ဒါနဲ့ အန်ချင်းလဲ အဖေ သမီးအခုအဆင်ပြေနေပါပြီ
အဲ့မှာပဲစောင့်နေ အဖေအခုလာခဲ့မယ် ရဲကိုလဲမခေါ်နဲ့ဦး သူမဖေပြောတာကို အန်ချင်းလဲ သဘောတူလိုက်ပြီး ဖုန်းချလိုက်သည်.
ကုနင်း ကောင်းကောင်းကြားပါတယ်. အန်ချင်းနဲ့သူမအဖေပြောနေတာတွေကို ရှင်းရှင်းလင်းလင်းကြီး ကြားလိုက်တာပါ ဒါကြောင့် သူမဖုန်းချလိုက်တာနဲ့ နားမလည်နိုင်တဲ့အရာကိုမေးလိုက်တယ်.
ဘာလို့ရဲကိုမခေါ်ရတာလဲ?
ဘာလို့ဆို ရဲခေါလိုက်ရင် ဆေးရုံတစ်ခုလုံးသိသွားမှာ လူတွေအားလုံးလန့်သွားမှာ ငါမလိုချင်ဘူး အန်ချင်းကရှင်းပြလိုက်တယ်.
ကုနင်းလဲ အကြောင်းရင်းကိုသိသွားတာကြောင့် နှုတ်ပိတ်နေလိုက်တယ်.
အန်ချင်းက ထပ်ပြီး
ဒါပေမယ့် ယန်ဟောင်ကိုတော့ ရဲစခန်းသေချာပေါက် ကိုယ်တိုင်သွားပို့မှာပါ. ငါတို့နှစ်ယောက်ပြောထားတာတွေကိုလဲ အသံဖမ်းထားတယ်. ပြီးတော့ သေနတ်မှာလဲ သူလက်ဗွေရာရှိနေတာဆိုတော့ သက်သေလုံလောက်နေပါပြီ.
အသံသွင်းထားတာ?
ကုနင်း အမှန်တကယ် အန်ချင်းကိုလေးစားသွားတယ် ဒီလောက်အန္တရယ်များနေတာတောင်မှ အသံသွင်းဖို့သတိတရရှိသေးတယ်.
ဒါနဲ့, ကျွန်မရဲ့ အသက်ကိုကယ်တင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်. အန်ချင်း လေးစားစွာဖြင့် ကုနင်းကိုကျေးဇူးတင်လိုက်သည်. ထို့နောက် သူမအင်္ကျီထဲက ချက်လက်မှတ်နဲ့ ဘောပင်ကို ထုတ်ယူကာ တစ်စုံတစ်ခုရေးလိုက်ပြီး ကုနင်းကိုပေးလိုက်ကာ..
ကျွန်မ ရှင့်ကို ဘယ်လိုကျေးဇူးတင်ရမလဲမသိလို့. ဒီ 500,000တန် ချက်လက်မှတ်ကို ယူလိုက်ပါ
ကုနင်း ချက်လက်မှတ်ကို စိုက်ကြည့်ကာ မျက်မှောင်ကြုတ်သွားတယ်. ဒါပေမယ့် သူမလဲ ငွေလိုအပ်နေတာကြောင့် ငြင်းချင်စိတ်တော့မရှိပါဘူး
ဒါပေမယ့် သူမမှာလဲ သူမကိုယ်ပိုင်စည်းမျဉ်းတွေရှိပါတယ် သူမဘက်ကအရင် လူတစ်ယောက်ကိုစပြီး ကူညီခဲ့ရင် တန်ကြေးဆိုပြီး ပြန်မတောင်းပါဘူး. ဒါကြောင့် သူမစိတ်ခိုင်ခိုင်ထားပြီး ငြင်းဆိုလိုက်ပါတယ်..
ကျွန်မ ရှင့်အသက်ကို ငွေကြောင့်ကယ်ခဲ့တာမဟုတ်ဘူး. ဒါကိုပြန်ယူလိုက်ပါ
အန်ချင်း အံ့သြမိသွားတယ်.
ဒါပေမယ့် ကုနင်းက ဒီငွေနဲ့မလုံလောက်လို့ငြင်းလိုက်တာလို့ သံသယမဝင်မိတဲ့အပြင် ဒီမိန်းမငယ်လေးဆီမှ ကြင်နာမှုကိုပါ ခံစားလိုက်ရတယ်.


ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now