အခန်း ၁၆၇

2.4K 236 2
                                    

[Zawgyi]
ဖီးနစ်သွေးစက်
အခန်း ၁၆၇ လင်ရှောင်းထင် မိန်းကလေးတစ်ယောက်ကို စတင်ပိုးပန်းခြင်း
ဘာသာပြန်သူ - Charm.Y

"သွားရအောင်! ဖန်ဟွားအဆင့်မြင့်အိမ်ရာကို " စစ်ထူယဲ့အမိန့်ပေးလိုက်သည်.

စစ်ထူယဲ့၏အသံကို ကြားသည်နှင့် မောင်းသူနေရာမှ လူသည်ချက်ချင်းကားကို ဖန်ဟွားအဆင့်မြင့် အိမ်ရာဘက်ကို မောင်းထွက်လိုက်သည်.

စစ်ထူယဲ့၏Meseratiနောက်တွင်တော့ အနက်ရောင် Land Roverတစ်စီးရှိနေတာကို ဘယ်သူမှသတိမထားမိဘဲ ထိုထဲမှာထိုင်နေသည့် အမျိုးသားသည် ကုနင်းကိုပဲ တစ်ချန်လုံး မျက်စိဒေါက်ထောက်ကြည့်နေခဲ့သည်.

ကုနင်း စစ်ထူယဲ့၏ကားထဲဝင်ပြီး မောင်းထွက်သွားသည်ကိုမြင်တော့ ထိုလူ့အကြည့်တွေက အေးစက်ပြီး ဝမ်းနည်းရိပ်တွေသန်းလာခဲ့သည်. ထိုလူကတော့ လင်ရှောင်းထင်ပါပဲ.

လင်ရှောင်းထင် အတွေးနယ်ချဲ့ပြီးနောက်မှာ သူကုနင်းကို ချစ်မိနေပြီမှန်းသိသွားတာကြောင့် သူမဆီကိုလာခဲ့ပေမယ့် မမျှော်လင့်ထားစွာပဲ သူနောက်ကျသွားခဲ့သည်. ထိုကားပိုင်ရှင်က ဘယ်သူမှန်းမသိတောကြောင့် နောက်ကနေသာ တစ်လျှောက်လုံးဆက်လိုက်သွားတော့သည်.

တစ်ချိန်ထဲမှာပဲ အရှေ့ကကားထဲတွင်တော့ ကုနင်းနှင့် စစ်ထူယဲ့တိ့စကားပြောနေကြသည်. ဖန်ဟွားအဆင့်မြင့်အိမ်ရာသို့ရောက်ခါနီးတော့ စစ်ထူယဲ့က ကုနင်းနဲ့ ဖုန်းနံပါတ်လဲလိုက်ကြပြီး တကယ်လို့မြို့တော်Gတွင် သူမတစ်စုံတစ်ရာအခက်အခဲရှိခဲ့ပါက သူ့ကို အချိန်မရွေးဆက်သွယ်နိုင်ပြီး သူ့တွင် ဂိုဏ်းတွေ အစိုးရပိုင်းတွေနှင့် အဆက်အသွယ်ရှိကြောင်းပြောခဲ့သည်.

ရှေ့ခန်းတွင်ထိုင်သည့်၂ယောက်မှာတော့ ထပ်မံထိတ်လန့်သွားကြပြန်သည်. သူတို့ဘော့စ် ဘယ်ချိန်ကစပြီး ဒီလောက် ကိုယ်ကျိုးမငဲ့ကူညီချင်စိတ်တွေရှိသွားတာလဲ? ဒါပေမယ့် သူတို့လန့်သွားရင်တောင် ထုတ်ပြောဖို့အထိတော့ မလုပ်ရဲကြပါဘူး. ထိုသို့သာလုပ်မိရင် အရမ်းကိုဆိုးဝါးသည့်ကိစ္စဖြစ်သွားနိုင်သည်လေ.

ကုနင်းကတော့ သေချာပေါက် ဘယ်ငြင်းမလဲ. သူမ အကူအညီတွေလိုအပ်နေသည်လေ.

ကုနင်း ထိုလူက ချင်ဂိုဏ်းနှင့် အဆက်အသွယ်ရှိနေတာများလားလို့ သံသယဝင်ခဲ့သည်. အခုတော့ စစ်ထူယဲ့ကိုယ်တိုင်ကပြောလာတော့ သူက ချင်ဂိုဏ်းနှင့် ရင်းရင်းနှီးနှီးဆက်ဆံရေးရှိသည့်လူမှန်း ကုနင်းပိုသေချာသွားတော့သည်.

တကယ်လို့မင်းသာ ဂိုဏ်းတစ်ခုခုကို စိတ်အနှောင့်အယှက်ပြုမိလျှင် မင်းရဲ့ဘဝနဲ့ရင်းပြီး ပြန်တိုက်ခိုက်ရပါလိမ့်မယ်.

ဒါကြောင့် အဆက်အသွယ်ကောင်းတွေတည်ဆောက်ထားဖို့အဆိုတာ အလွန်အရေးကြီးသည့် အချက်ဖြစ်နေခြင်းဖြစ်သည်.

ဖန်ဟွားအဆင့်မြင့်အိမ်ရာကိုရောက်တော့ ကုနင်းကားပေါ်ကဆင်းလိုက်ကာ အထဲမဝင်ခင် စစ်ထူယဲ့ကို ကျေးဇူးတင်စကားပြောလိုက်သည်. ဒါပေမယ့် စစ်ထူယဲ့တို့ကားသည် ချက်ချင်းမထွက်သွားသေးပဲ ကုနင်းကိုမြင်ကွင်းထဲမှပျောက်သည်အထိ ကားမှန်ကိုချကာ လိုက်ကြည့်နေသည်.

ဒါကြောင့်ပဲ ကားထဲမှလူတွေကို လင်ရှောင်းထင် မသွားခင်မြင်လိုက်ရသည်.

ကုနင်းလမ်းတစ်ဝက်လောက်ရောက်တော့ သူမဘေးမှာနောက်ထပ်ကားတစ်စီးထပ်ရပ်လာပြန်ကာ ထိုထဲမှ လင်ရှောင်းထင်ထွက်လာခဲ့သည်.

လင်ရှောင်းထင်ကို မြင်တော့ ချက်ချင်းမနက်ကဖြစ်ရပ်ကို ကုနင်းပြန်သတိရသွားကာ အနည်းငယ်စိတ်လှုပ်ရှားသွားပေမယ့် စက္ကန့်ပိုင်းအတွင်း သူမမျက်နှာအမူအရာကို ပြန်ပြောင်းလိုက်သည်.

လင်ရှောင်းထဲ ဒဲ့ပဲ သူမကို မေးလိုက်သည်,
"မင်းကို ချစ်ခွင့်ပန်တဲ့ယောက်ျားက အခုပြန်လိုက်ပို့တဲ့လူနဲ့တစ်ယောက်ထဲပဲလား?"

လင်ရှောင်းထဲ၏ ထိုလေသံမျိုးနှင့် အပြောခံရတာကြောင့် ကုနင်း မကျေနပ်ဖြစ်သွားသည်.

"ဒါက ရှင်နဲ့ဆိုင်မယ်လို့မထင်ဘူး. ရှင့်ကိစ္စမဟုတ်ဘူး!" ကုနင်းပြန်ပြောလိုက်သည်.

ကုနင်းရဲ့ အပြုအမူကြောင့် လင်ရှောင်းထင် သူမှန်းတာမှန်သွားပြီလို့တွေးမိတာကြောင့် သူ ဆက်ပြီး ဖျောင်းဖျလိုက်သည်,
"မင်းနဲ့မလိုက်ဘူး. သူက အန္တရာယ်များတယ်."

ကုနင်း မျက်မှောင်ကြုတ်သွားသည်. လင်ရှောင်းထင်က သူ့ကို သိနေတာလား? ဒါကြောင့် သူမသိချင်စိတ်ဖြစ်စွာ,
"ဘာလို့ အန္တရာယ်များတာလဲ? သူ့ရဲ့အကြောင်းကို သိလို့လား?"

"သူက ချင်ဂိုဏ်းရဲ့ဘော့စ် စစ်ထူယဲ့ပဲ." လင်ရှောင်းထင်၏ပြန်ဖြေသံတွင် ချင်ဂိုဏ်းကို မနှစ်မြို့မှုတွေပါဝင်နေသည်.

"ဘာ?" ကုနင်း သတိလစ်မလိုဖြစ်သွားသည်.

ထိုလူက ချင်ဂိုဏ်းနှင့်ရင်းနှီးသည့်ဆက်ဆံရေးရှိမယ်လို့ သူမခန့်မှန်းပြီးသားဖြစ်ပေမယ့် မမျှော်လင့်ထားစွာပဲ သူကဘော့စ်ဖြစ်နေတယ်တဲ့လား!

စစ်ထူယဲ့၏ နောက်ခံအစစ်အမှန်ကို ကြားလိုက်တော့ ဒါက သတင်းကောင်းလို့တောင် တွေးလိုက်မိသည်.

"ချင်ဂိုဏ်းရဲ့ဘော့စ်တဲ့လား. မဆိုးဘူးပဲ! ဒါဆို ဘယ်ပြဿနာမဆို စက္ကန့်ပိုင်းအတွင်းတောင်ဖြေရှင်နိုင်လိမ့်မယ်."  ကုနင်း ဂုဏ်ယူနေတဲ့လေသံနှင့်ပြောလိုက်သည်.

ထိုစကားကို ကြားတော့လင်ရှောင်းထင်မကျေမနပ်ဖြစ်သွားကာ ချက်ချင်းပြန်ခံပြောလိုက်သည်.
"ငါလဲ ကူညီနိုင်တယ်. ပြီတော့ သူ့ထက်ပိုတော်တယ်."

ဒါသည် လင်ရှောင်းထင် တခြားသူထက်ကိုယ့်ကိုကိုယ် ဂုဏ်တင်ပြောဆိုတာ ပထမဆုံးအကြိမ်ပဲ.

ကုနင်း အံ့ဩသွားပေမယ့် ဒါ လင်ရှောင်းထင် ကြွားရုံကြွားနေတာမဟုတ်မှန်း သူမသိပါသည်. သူမလင်ရှောင်းထင်ရော စစ်ထူယဲ့နဲ့ပါ တိုက်ခိုက်ကြည့်ဖူးပြီး လင်ရှောင်းထင်က စစ်ထူယဲ့ထက်ပိုတောင်တာတော့အမှန်ပါပဲ. ဒါပေမယ့် ဝံပုလွေတစ်ကောင်က ဝံပုလွေအုပ်စုကိုတော့ မနိုင်နိုင်ဘူးလေ! သန်မာသည့် အဖွဲ့တစ်ခုရှိဖို့က အရေးကြီးဆုံးဖြစ်သည်.

ကုနင်း သူ့ကိုသံသယဝင်ပြီး စစ်ထူယဲ့ကိုတော့ လေးစားနေခြင်းကို လင်ရှောင်းထင်မုန်းမိသလို နာကျင်မိသည်.

"ငါ့ရဲ့ နောက်ခံအစစ်အမှန်အကြောင်း မင်းကို အခုတော့ မပြောနိုင်သေးပေမယ့် ဘာပဲဖြစ်ဖြစ် ငါလုပ်ပေးနိုင်တယ်လို့ ကတိပေးတယ်. သူ့ထက်လဲပိုပြီးတော်တယ်." လင်ရှောင်းထင် ယုံကြည်မှုအပြည့်နှင့်ပြောလိုက်သည်.

ကုနင်းကတော့ လင်ရှောင်းထင်၏ဂုဏ်ဖော်တတ်နေမှုကို အခုချိန်ထိမသိခဲ့ပါဘူး.

သူမဆွံ့အသွားခဲ့ပါဘူးပြီးတော့ သူ့ရဲ့အပြုအမူကနေ လင်ရှောင်းထင်စိတ်ထဲဘာတွေးနေတယ်ဆိုတာကို သိလိုက်သည်,
"အိုး, တကယ်လား? ဒါ့ပေမယ့် အဲ့ဒါက ကျွန်မနဲ့မဆိုင်ဘူးထင်တယ်." ကုနင်း တမင်ပြောလိုက်ပေမယ့် ရင်ထဲမှာတော့ အလွန်ပျော်ရွှင်နေမိသည်.

"ငါမင်းကို ကူညီပေးနိုင်တယ်!" လင်ရှောင်းထင်ဆက်ပြောလိုက်သည်.

"ဘာလို့ကျွန်မကို ကူညီချင်တာလဲ? ဘာပဲဖြစ်ဖြစ် ကျွန်မတို့က အရမ်းရင်းနှီးကြတာမှမဟုတ်ဘဲ." ကုနင်း ပြန်မေးလိုက်သည်.

"ဖြစ်နိုင်တယ်." လင်ရှောင်းထင်ပြောလိုက်တော့ ကုနင်းက,
"ဘာဖြစ်နိုင်တာလဲ?"

"ငါတို့ရင်းနှီးနိုင်တယ်." လင်ရှောင်းထင် ထပ်ပြောလိုက်တော့ ကုနင်းက ဆက်ပြီး
"ဘယ်လောက်အထိ ရင်းနှီးနိုင်လို့လဲ?"

"အမ်..."လင်ရှောင်းထင် တုံ့ဆိုင်းသွားပြီး ပြောစရာစကားတွေပျောက်ဆုံးကုန်တော့သည်.

"တော်ပါပြီ. ရှင့်ကို ဆက်မနှောင့်ယှက်တာပိုကောင်းမယ်." လို့ပြောပြီး ကုနင်းလှည့်ထွက်သွားတာကြောင့် လင်ရှောင်းထင် စိတ်လှုပ်ရှားကာ နှုတ်မှလွတ်ခနဲပြောလိုက်မိသည်,
"မင်း ငါ့ကောင်မလေးလုပ်မလား?"

ပြောပြီးသွားတော့ ထိုအမျိုးသားရဲ့မျက်နှာမှာ မီးတွေတောက်လောင်နေသလိုဖြစ်သွားကာ နှလုံးခုန်နှုန်းတွေလဲ အလွန်မြန်ဆန်လာခဲ့သည်. ဒါပေမယ့် သူအကျယ်ကြီးပြောလိုက်မိတာကြောင့် ပြန်ရုတ်သိမ်းဖို့လဲမဖြစ်နိုင်တော့ပါဘူး. ပြီးတော့ ပြန်ရုတ်သိမ်းလို့ရရင်တောင် သူ,မလုပ်ချင်ပါဘူး.

ကုနင်း ရပ်တန့်သွားသည်. ဒါက မမျှော်လင့်ထားသည့်ကိစ္စတော့မဟုတ်ပေမယ့် သူမအံ့ဩမိနေတုန်းပါပဲ. သူမလဲ စိတ်လှုပ်ရှားနေကာ လင်ရှောင်းထင်ကိုတောင် မျက်နှာချင်းမဆိုင်ရဲတော့ပါဘူး.

"ဒါက ကျွန်မနဲ့မဆိုင်ဘူးလေ, ရှင်နဲ့ပဲဆိုင်တာ. ရှင်ကျွန်မနှလုံးသားကို သိမ်းပိုက်နိုင်ပါ့မလား?" ကုနင်း သူမစိတ်ကို ငြိမ်အောင်ပြန်ထိန်းလိုက်ကာ လင်ရှောင်းထင်ကို လမ်းဖွင့်ပေးလိုက်သည်.

ထိုစကားကို ကြားတော့ လင်ရှောင်းထင်မျက်ဝန်းထဲ ပျော်ရွှင်မှုမီးလျှံတွေတောက်ပကုန်သည်. သူမိန်းမတစ်ယောက်ကို ဘယ်လိုလိုက်ရမယ်ဆိုတာမသိပေမယ့် သင်ယူနိုင်တယ်လေ. ဒါကြောင့် ပြန်ဖြေလိုက်သည်,
"ငါအကောင်းဆုံးကြိုးစားမယ်!"

"ကောင်းပြီလေ, ကျွန်မစောင့်နေမယ်." ကုနင်းပြောပြီးတာနဲ့ ထွက်ပြေးသွားကာ လင်ရှောင်းထင်ကတော့ ထိုနေရာမှာပဲ အကြာကြီးဆက်ရပ်နေခဲ့သည်.

သူအိမ်ပြန်ရောက်တော့ ချက်ချင်းပဲ အင်တာနက်ကနေ မိန်းကလေးတစ်ယောကို ပိုးပန်းနည်းကို ရှာဖွေပါတော့သည်.

ကုနင်း မျက်နှာနီရဲပြီး အိမ်ကို ပြန်ရောက်လာတာကြောင့် ကုမန့် ထိတ်လန့်သွားကာ,
"နင်းနင်း, ဘာဖြစ်လာတာလဲ? သမီးမျက်နှာအရမ်းနီနေတယ်!" ကုနင်းပြောရင်းနှင့် ကုနင်းရဲ့နဖူးကို ထိကာ အဖျားများရှိနေလို့လားဆိုပြီး စမ်းသပ်လိုက်သည်.

"အမေ, သမီးနေကောင်းပါတယ်. ပြေးလာတာဆိုတော့ နည်းနည်းပူနေလို့ပါ." ကုနင်းချက်ချင်းရှင်းပြလိုက်ပေမယ့် ကိုယ့် အဖြေကိုယ်တောင် မယုံကြည်ပါဘူး.

ကုနင်းစိတ်အေးသွားပြီး ကုနင်းရဲ့နဖူးကလဲပူနေတာကြောင့် ယုံကြည်သွားကာ,
"အရင်ရေချိုးလိုက်ဦး. ပြီးရင် သမီးအန်တီအိမ်ကို သွားပြီး နေ့လည်စာစားကြတာပေါ့."

"ကောင်းပါပြီ." ကုနင်းပြန်ဖြေပြီး သူမအခန်းထဲကို ဝင်သွားလိုက်သည်.

၁၀မိနစ်နေတော့ ကုနင်းချိုးပြီးသွားကာ အိမ်နေရင်းဝတ်စုံလေးဝတ်ပြီး ထွက်လာခဲ့သည်.

...............Part 167 Book 12.....................
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် Like & Shareလေးတွေလုပ်ပေးကြဖို့ မမေ့နဲ့နော်

ဖီးနစ်သွေးစက် Book - 1(MMTranslation)Tempat cerita menjadi hidup. Temukan sekarang