အခန်း ၃၁

2.9K 347 0
                                    

[Zawgyi]

ဖီးနစ်သွေးစက်
အခန်း ၃၁ ဆရာမှ ပြဿနာရှာခြင်း

ချင်ကျန်း, ကုနင်းကိုမကြိုက်ရင်တောင်မှ သူ့ကိုအရမ်းကြိုက်နေတဲ့ မိန်းကလေးတစ်ယောက်က ချက်ချင်းကြီးပြောင်းလဲသွားတဲ့အချက်ကို လက်မခံနိုင်ဘူးဖြစ်နေတယ်.

ချင်ကျန်းသည် တစ်ကိုယ်ကောင်းဆန်တဲ့ကောင်လေးတစ်ယောက်ပါ. သူ့ကို လေးစားကြရင် ပျော်ရွှင်တတ်ပြီး လူအများကြားထင်ပေါ်နေရတာကိုလဲ ဂုဏ်ယူနေတတ်သူပေါ့.

ကုနင်းအတန်းထဲကို ဝင်သွားလိုက်တာနဲ့ ရှောင်ဖေးဖေးရဲ့ ကြင်နာမှုကင်းမဲ့နေသော အကြည့်တွေနဲ့ ရင်ဆိုလိုက်ရတယ်. အမှန်အတိုင်းပြောရရင် ထိုအကြည့်တွေကြောင့် ကုနင်း ဖျားချင်သလိုလိုတောင်ဖြစ်သွားရတယ်.

ကုနင်း ထိုင်လိုက်တာနဲ့ ယွီမီရှီ ချက်ချင်းကိုမေးလိုက်တယ်
"ကုနင်း, အားလုံးအဆင်ပြေရဲ့လား?"

"အရမ်းကိုပြေတာပေါ့" ဆိုပြီး ကုနင်းပြန်ဖြေပေးလိုက်တယ်.

ပထမအချိန်က အင်္ဂလိပ်စာအချိန်ဖြစ်ပြီး ဆရာက မမျှော်လင့်ထားစွာပဲ ကုနင်းအပေါ် အမှားရှာဖို့လုပ်နေတယ်.

ဆရာဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်ကို ကုနင်းသိပါတယ်.

ဒီအင်္ဂလိပ်ဆရာနာမည်က  ချန်းမင်ဖြစ်ပြီး ချန်းကျီယောင်ရဲ့ဦးလေးလဲဖြစ်သည်. ကြည့်ရတာ ချန်းကျီယောင်က ကုနင်းကို တမင်အပြစ်ရှာဖို့ ချန်းမင်ကိုပြောထားတာပဲဖြစ်ရမယ်.

"ကုနင်း, ဒီစာကို အင်္ဂလိပ်လိုဘာသာပြန်ပြ." ချန်းမင်ပြောလိုက်တယ်.

ကုနင်း အင်္ဂလိမ်စာညံတာ လူတိုင်းသိကြပါတယ်. ချန်းမင်က တမင်သက်သက်ကို စာပိုဒ်တစ်ခုလုံးသူမကို ဘာသာပြန်ခိုင်းလိုက်တာပဲ.
သူတို့အတန်းထဲက အင်္ဂလိပ်စာ အတော်ဆုံးကျောင်းသားတောင်မှ လုပ်နိုင်မှာမဟုတ်ဘူး.

တကယ်လို့ တစ်ယောက်ယောက်ကသာ သုံးပုံနှစ်ပုံလောက်အထိ ဘာသာပြန်နိုင်နေရင် ချက်ချင်ကို ပျော်ပျော်ကြီး ထလုပ်ပြီးနေပြီ.

ဒါပေမယ့် ချန်းမင်က တမင် ကုနင်းကိုအပြစ်ရှာနေတာမှန်းအားလုံး ခန့်မှန်းမိကြပါတယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now