အခန်း ၄၃

2.7K 321 0
                                    

[Zawgyi]
 ဖီးနစ်သွေးစက်

အခန်း ၄၃ စနေကြတာပါ

ကုနင်းပြောပြီးတာနဲ့ ကုမန့်ကိုယ်တိုင်စစ်လို့ရအောင် အင်္ကျီလက်ကို ပင့်တင်ပေးလိုက်တယ်.

ဆောင်းရာသီဆိုပေမယ့် သိပ်မအေးပါဘူးလို့ ကုနင်းလဲ အထူကြီးမဝတ်ထားပါဘူး. ဒါကြောင့် သူလွယ်လွယ်လေး မတင်လိုက်တော့ သူမရဲ့ ဒဏ်ရာကင်းစင်တဲ့ လှပတဲ့လက်မောင်းတစ်စုံသာ ထွက်ပေါ်လာတယ်.

"ဟုတ်တယ်. ကျွန်တော်တို့ စနေကြတာပါ. ရန်ဖြစ်နေတာမဟုတ်ဘူး."

"ဟုတ်တယ်, ဟုတ်တယ်."

မုခယ်နဲ့ ယွီမီရှီတို့လဲ ချက်ချင်းရှေ့တိုးလာပြီး ကုနင်းအမေကို ကူရှင်းပြလိုက်တယ်.

ဒီတော့မှ ကုမန့်လဲ အခန်းထဲမှာ ကျောင်းဝတ်စုံဆင်တူဝတ်ထားကြတဲ့ တခြားသူတွေလဲရှိနေသေးမှန်းသိသွားတယ်. သူတို့က ကုနင်းနဲ့ တစ်ကျောင်းတည်းသားတွေပဲဖြစ်ရမယ်.

ကုနင်းကို ယုံလိုက်ဖို့ ကုမန့်ရွေးလိုက်တယ်. ပြီးတော့ ကုနင်းနဲ့ သူ့အတန်းဖော်တွေရန်မဖြစ်ခဲ့ဘူးလို့ အပြည့်အဝယုံကြည်လိုက်တယ်.

"ဒီလိုဆို ကောင်းတာပေါ့. ကောင်းတယ်." ကုမန့်ပြောလိုက်တယ်.

ပြီးတော့ ကုမန့် အခန်းပတ်လည်ကို ကြည့်လိုက်ပြီး အံ့ဩသွားရတယ်.

ဒါက သာမာန်လူနာခန်းမဟုတ်တာကို ချက်ချင်းသတိထားမိသွားတယ်. ဒါက တကယ့်ကိုအထူးခန်းပဲ.

ဒါပေမယ့် သူမ ဒီလိုအခန်းမျိုးကို မတတ်နိုင်ဘူးလေ.

"နင်းနင်း, အမေအခုကောင်းသွားပါပြီ. မြန်မြန်ကုန်ကျစားရိတ်သွင်းစရာရှိတာသွင်းပြီး ဆေးရုံကဆင်းကြရအောင်." လို့ ကုမန့်ပြောလိုက်တယ်.

ကုနင်းလဲ ကုမန့်အကြောင်းကိုသိတာကြောင့် စိတ်ငြိမ်သွားအောင်လုပ်လိုက်ပြီး,

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now