အခန်း ၄၀

2.9K 347 1
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၄၀ မင်းကိုသေတဲ့အထိတော့မရိုက်ပါဘူး

ဆေးရုံ? လင်ရှောင်းထင် မျက်မှောင်ကြုတ်သွားမိတယ်. သူမဘာလို့ဆေးရုံကိုသွားချင်မှန်း တွေးမိသွားပေမယ့် ထပ်မမေးနေတော့ပါဘူး. ဒါကြောင့် မောင်းသူနေရာက အမျိုးသားကိုပဲ လှမ်းပြောလိုက်တယ်.

"မောင်းတော့"

"ဘာကို? အော်, ဟုတ်သားပဲ." ထိုလူခနတော့စိတ်လွတ်သွားပေမယ့် လင်ရှောင်းထင်ရဲ့စကားကြောင့် ချက်ချင်းပဲ အသိပြန်ဝင်သွားကာ ကားကိုမြန်မြန်ဆန်ဆန်ပဲမောင်းထွက်လိုက်တယ်.

ထိုလူ့စိတ်ထဲမှာ မေးခွန်းတွေအများကြီးရှိနေတာကြောင့် သူဘေးမှာထိုင်နေတဲ့ လင်ရှောင်းထင်ကို ကြည့်လိုက် နောက်ကြည့်မှန်ကနေတစ်ဆင့် ကုနင်းကိုကြည့်လိုက်လုပ်နေတယ်.

ထိုကျောင်းသူလေးက ကြည့်ကောင်းတယ်ဆိုပေမယ့် အရမ်းငယ်နေသေးတယ်. သူမက လင်ရှောင်းထင်အကြိုက်တော့မဖြစ်နိုင်လောက်ဘူး.

"အာရုံစိုက်မောင်း." လင်ရှောင်းထင် အေးစက်စွာနဲ့ပြောလိုက်တယ်. ထိုလူလဲကြောက်သွားတာကြောင့်သူ့အာရုံတွေအကုန်လမ်းဘက်ကိုပဲ ပို့ထားလိုက်တော့တယ်. အခုချိန်ထိတော့ လင်ရှောင်းထင်နဲ့ ကျောင်းသူလေးကြားက ဆက်ဆံရေးကို သိချငနေတုန်းပဲဆိုပေမယ့် ထုတ်မေးဖို့အထိတော့ သတ္တိမရှိသေးပါဘူး.

ထိုအချိန်မှာပဲ ကုနင်းဖုန်းမြည်လာတာကြောင့် ကိုင်လိုက်တယ်. သူမဘက်က ဘာမှမပြောရသေးခင်မှာပဲ, တစ်ဖက်က မုခယ်ရဲ့စိုးရိမ်တကြီးအသံက,

"ဘော့စ်, ဘယ်သူ့ကားထဲကို ဝင်သွားတာလဲ? အန္တရာယ်ကင်းရဲ့လား?"

မုခယ်နဲ့ တခြားသူတွေလိုက်လာတဲ့အချိန် ကုနင်း အနက်ရောင်Maseratiကားထဲဝင်သွားတာကို သူတို့တွေ့လိုက်တယ်.

ထိုကားက အရမ်းဈေးကြီးမှန်းသိတာကြောင့် သူတို့အားလုံးထိတ်လန့်သွားကြတယ်. ပိုင်ရှင်က အရမ်းချမ်းသာတဲ့သူ ဒါမှမဟုတ် အာဏာပိုင်တစ်ယောက်ပဲဖြစ်ရမယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now