အခန်း ၁၈

3.1K 370 1
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၁၈ ကုရှောင်ရှောင်

ကုနင်းရဲ့ မျက်နှာချင်းဆို သတိပေးမှုနဲ့ ကတိတောင်းမှုကို ယွီမီရီ ရိုးရိုးသားသားပဲပြန်ဖြေလိုက်တယ်.

"ကုနင်း, ငါ ငါတို့နှစ်ယောက်ရဲ့ သူငယ်ချင်းဆက်ဆံရေးကို မြတ်နိုးတယ်"

ယွီမီရှီကလဲ အနိုင်ကျင့်ခံရသူဖြစ်တာကြောင့် သစ္စာရှိမှုဆိုတာဘာလဲ သူမသေချာသိပါတယ်. သူမတစ်ယောက်ယောက်ကို သူငယ်ချင်းအဖြစ် တစ်ကြိမ်သတ်မှတ်ပြီးတာနဲ့ သစ္စာမဖောက်တော့ပါဘူး.

"ကောင်းတယ်. ငါနင့်ကိုယုံတယ်" ကုနင်းပေါ့ပေါ့ပါးပါးလေးပဲပြုံးလိုက်တယ်.  ဒီအချိန်မှာတော့ ကုနင်း ရိုးသားစွာနဲ့ပဲ ယွီမီရှီကို သူငယ်ချင်းအဖြစ်သတ်မှတ်လိုက်ပါပြီ.

တစ်စုံတစ်ယောက်ကို ယုံဖို့ဆိုတာ ကုနင်းအတွက်တော့မလွယ်ပါဘူး ဒါပေမယ့် ရေရှည်အတွက်စဉ်းစားကာ သူမဆုံးဖြတ်လိုက်တာပါ.

ကုနင်း သူမသူငယ်ချင်းကို ကိစ္စတိုင်းကိုတော့ အသိပေးမှာမဟုတ်ပါပေမယ့် သူမသူငယ်ချင်းကို ထိခိုက်အောင်လဲမလုပ်ပါဘူး. သူမအမြဲတမ်း ကူညီပေးနေမှာပါ.

ဒီမနက်ခင်းလေးအတွင်းမှာပဲ ရှောင်ဖေးဖေး, ယန်ယွီလု, ဝူချင်းယ နဲ့ ယန်ချန်ကျွင်းတို့အားလုံးရဲ့ မုန်းတီးမှုအပြည့်နဲ့ အကြည့်တွေကို ကုနင်းလက်ခံလိုက်ရပါပြီ.

ရှောင်ဖေးဖေး လက်မလျှော့လောက်ဘူးဆိုတာ ကုနင်း သိပါတယ်. ဒါပေမယ့် သူမကအရင်တုန်းက လူမှမဟုတ်တာ ဒါကြောင့် ဘယ်လိုမှမကြောက်ပါဘူး.

မနက်ခင်းအတန်းတွေပြီးတော့, ကုနင်းနဲ့ ယွီမီရှီ စာသင်ခန်းထဲကနေထွက်လိုက်ပြီး ကန်တင်းကို တန်းသွားလိုက်တယ်. ကံအားလျော်စွာနဲ့ ရှောင်ဖေးဖေး သူတို့ကို ဘာပြဿနာမှမရှာခဲ့ပါဘူး.

ဒါပေမယ့် ကုနင်းစာသင်ဆောင်ကထွက်လိုက်တယ်ဆိုရင်ပဲ မိန်းကလေးတစ်ယောက်က သူမကိုတားလိုက်တယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now