အခန်း ၈၇

2.7K 297 0
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၈၇ လက်ဆောင်လိုချင်ရင် ၁၀ပတ်အရင်ပြေး

ကျန်းရွှီပြန်မရောက်သေးခင် အားလုံးအနားယူနေလိုက်ကြတယ်.

တစ်ဖက်မှာတော့ ကုနင်းရဲ့ ရန်စခြင်းကို ခံလိုက်ရတဲ့ လင်လိကျွမ်းမှာတော့ ဆက်ပြီးမဝယ်နိုင်တော့ဘဲ အိမ်ကိုအစောကြီးပြန်သွားခဲ့တယ်.

အိမ်ပြန်ရောက်တဲ့အထိ ကုနင်းတို့သားအမိကို ကျိန်ဆဲလို့မဆုံးနိုင်သေးပါဘူး.

"ဘာဖြစ်လာတာလဲ?" လင်လိကျွမ်း ကုနင်းတို့သားအမိကိုကျိန်ဆဲနေတာကို ကြားရပေမယ့် ဘာဖြစ်ခဲ့မှန်းမသိသေးတာကြောင့် ယောက္ခမဖြစ်သူကမေးလိုက်တယ်.

လင်လိကျွမ်း အမျိုးသမီးကြီးကို အကုန်ပြောပြလိုက်တယ်.

"ဘာ? အဲ့မိမစစ်ဖမစစ်ကုနင်းကများ ဒီနေ့နင့်ကို ခြိမ်းခြောက်လိုက်တယ်ပေါ့? ဒီနေ့က တနင်္လာနေ့မဟုတ်ဘူးလား? သူကျောင်း ဘာလို့မသွားတာလဲ?" အမျိုးသမီးကြီးလဲ အံ့ဩသွားတယ်.

ဒီတော့မှ လင်လိကျွမ်း ဒီနေ့က တနင်္လာနေ့ဖြစ်ပေမယ့် ကုနင်းကျောင်းမသွားတာကို အမှတ်ရသွားကာ,

"ဘယ်သိမလဲ? အထုတ်ခံလိုက်ရတာဖြစ်နိုင်တာပဲ!"

ထိုသို့ပြောနေရင်း ကုနင်းကျောင်းထုတ်ခံရတယ်လို့တောင် လင်လိကျွမ်းတကယ်ယုံကြည်မိမလိုဖြစ်သွားကာ ပျော်တောင်ပျော်သွားသေးတယ်.

"သူတကယ်အထုတ်ခံရရင်လဲ သူ့ထိုက်နဲ့သူ့ကံပဲ! သူက ငါတို့ရှောင်ရှောင်ကိုမတောင်းပန်တဲ့အပြင် ငါ့ကိုတောင်အော်လိုက်သေးတယ်." အမျိုးသမီးကြီးကလဲ ဒေါသတွေနဲ့ပြန်ပြောလိုက်တယ်. သူမရဲ့ မြေးမအပေါ်သနားစိတ်လုံးဝကို မရှိနေပါဘူး.

"အိုး, ဟုတ်သားပဲ, ကုချင် ငါသတိပေးထားတာကို ဆန့်ကျင်ပြီး ကုမန့်တို့ကို သူနဲ့နေခွင့်ပေးထားတာလား?" အမျိုးသမီးကြီးက မေးလိုက်တယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now