အခန်း ၁၀၇

2.6K 261 0
                                    

[Zawgyi]
ဖီးနစ်သွေးစက်
အခန်း ၁၀၇ သူရဲဘောကြောင်တဲ့လူတွေ!

ကုနင်းတို့သူငယ်ချင်းတွေ ဘားမှာအကြာကြီးမနေကြဘဲ ည၁၁နာရီမှာ ပျော်လို့ပြီးသွားကြတယ်. တကယ်တော့ ည၁၁နာရီဆိုတာ ညပျော်တွေအတွက်တော့ အခုမှစမယ့်အချိန်ပါ ဒါကြောင့် ချူးဖေ့ဟန်က ညလယ်စာမုန့်သွားစားဖို့ပြောလိုက်တယ်. သူမ အရသာရှိတဲ့ငါးကင်ကောင်းကောင်းရတဲ့ဆိုင်ကို သိတယ်တဲ့.

ကုနင်းကတော့ ချူးဖေ့ဟန်ရဲ့ အသောက်စွမ်းရည်ကို လေးစားမိတယ်. သူမဒီလောက်အများကြီးသောက်ထားတာတောင်မှ အခုချိန်ထိအေးဆေးဖြစ်နေတုန်းပဲ! သူမနဲနဲမူးနောက်နောက်တော့ဖြစ်နေပေမယ့် အသိစိတ်ကတော့ လုံးဝပုံမှန်ပဲ.

၁၁နာရီဆိုတာ နောက်မကျသေးတဲ့အပြင် သူတို့ အခုလိုဆုံဖြစ်ဖို့ကလဲ မလွယ်တာကြောင့် သွားစားဖို့ သဘောတူလိုက်ကြတယ်. ပြီးတော့ တက္ကစီငှားကာ ငှားကင်စားဖို့သွားတော့တယ်. ထိုနေရာကသိပ်မဝေးတာကြောင့် မိနစ်အနည်းငယ်မောင်းလိုက်တာနဲ့ တန်းရောက်သွားတယ်.

ငါးကင်က ချူးဖေ့ဟန်ပြောသလောက်ကြီးကောင်းပါ့မလားဆိုတာ သူတို့မသိပေမယ့် ဆိုင်ကတော့ နာမည်ကြီးပုံပဲ. ကြည့်ရတာ ငါးကင်ကတကယ်ကောင်းရမယ်. ဆိုင်အတွင်းအပြင် စားပွဲတွေမှာ လူတွေပြည့်နေတယ်. အနားမှာ တခြားဆိုင်တစ်ချို့တစ်လေရှိနေသေးပေမယ့် ဒီဆိုင်လောက်တော့ လူမပြည့်ပါဘူး.

လမ်းမှာတုန်းက ချူးဖေ့ဟန်က စားပွဲဖယ်ထားဖို့ လှမ်းပြောခဲ့ပေမယ့် ကံသာမကောင်းရင် ထိုင်ဖို့ရခဲ့မှာတောင်မဟုတ်ဘူး.

သူတို့စားပွဲက တံခါးအပြင်နားတွင်ဖြစ်တယ်. နာရီဝက်လောက်နေတော့ ငါးကင်ရောက်လာတယ်. ချူးဖေ့ဟန်ပြောသလိုပဲ ငါးကင်အနံ့ကအရမ်းမွှေးတယ်. သူတို့ညလယ်စာစားရင်းနဲ့ ကုနင်းနဲ့ ယွီမီရှီကလွဲပြီး ကျန်တဲ့လူတွေက ထပ်သောက်ကြပြန်တယ်. သူတို့အသိစိတ်ရှိနေပြီးမူးပြီးမမှောက်သွားသ၍ ကုနင်းမတားပါဘူး.

"နင်းနင်း, ငါနဲ့သန့်စင်ခန်းခနလိုက်ခဲ့ပေးလို့ရလား?" ယွီမီရှီ ကုနင်းကို တိုးတိုးတိတ်တိတ်မေးလိုက်တယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Место, где живут истории. Откройте их для себя