အခန်း ၂၉

2.8K 341 0
                                    

[Zawgyi]

ဖီးနစ်သွေးစက်
အခန်း ၂၉ ယီချိုင်ကျောက်စိမ်းဆိုင်နှင့် ချင်းယီဖန်း

ဒီကျောက်စိမ်းကို ဈေးထဲမှာပဲ ရောင်းနိုင်မယ်ဆိုရင်တောင်မှ ကုနင်းကျေနပ်ပါတယ်.

သူမ အင်တာနက်ကနေပြီး နှစ်ပေါင်းတစ်ရာလောက် သမိုင်းကြောင်းရှိသော "ယီချိုင်ကျောက်စိမ်းဆိုင်" လို့ခေါ်တဲ့ ကျောက်စိမ်းဆိုင်တစ်ဆိုင်ကို ရှာတွေ့ခဲ့တယ်. ထိုဆိုင်က သိပ်မကြီးပေမယ့် တော်တော်ကျော်ကြားပါတယ်.

ဘာလို့ဆို  "ယီချိုင်ကျောက်စိမ်းဆိုင်" ရဲ့ သူဌေးက မြို့တော်Fကျောက်စိမ်းအသင်းရဲ့ ဥက္ကဌဖြစ်နေလို့ပါပဲ.
"ယီချိုင်ကျောက်စိမ်းဆိုင်" ကကျောက်စိမ်းတွေက သူ့ရဲ့ အရည်အသွေးကောင်းမှုနဲ့ ဈေးသင့်မှုတို့ကြောင့် လူသိများပါတယ်.

ဒါကြောင့် ကုနင်း ထိုနှစ်တစ်ရာသက်တမ်းရှိနေတယ့် "ယီချိုင်ကျောက်စိမ်းဆိုင်" ကို သွားဖို့ စိတ်ဆုံးဖြတ်လိုက်တော့တယ်.

ကုနင်း "ယီချိုင်ကျောက်စိမ်းဆိုင်" အကြောင်းကို မသိသလို အင်တာနက်ပေါ်ကလူတွေပြောသလို အစစ်အမှန်ဈေးပေးရဲ့လားဆိုတာ မသိတာပေမယ့် သာမာန်  ရတနာပစ္စည်းဆိုင်တွေထက်စာရင်တော့ "ယီချိုင်ကျောက်စိမ်းဆိုင်" ကို ပိုယုံပါတယ်.

ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့ ကျောက်စိမ်းတန်ဖိုးကို သိပြီးသားပဲ. တကယ်လို့ သူပေးတဲ့ဈေးကို မကြိုက်ဘူးဆိုရင် မရောင်းရုံပဲရှိတာပေါ့.

"ယီချိုင်ကျောက်စိမ်းဆိုင်" ရဲ့ပင်ရင်းဆိုင်က ရှေးဟောင်းဈေးမှာတည်ရှိပေမယ့် ဆိုင်ခွဲတွေကတော့ ပလာဇာတော်တော်များများမှာရှိပါတယ်.

အခုတော့ ကုနင်းက မြို့လယ်ရှိ ကုန်သွယ်ရေးအဆောက်အဦးမှာရောက်နေပြီး "ယီချိုင်ကျောက်စိမ်းဆိုင်" ကိုတော့ နောက်မှသွားဖို့ဆုံးဖြတ်လိုက်တယ်.

ရှာဖွေလေ့လာပြီးနောက်မှာတော့ ကုနင်း ကျောက်စိမ်းနဲ့ ဖုန်းကို ကျောပိုးအိတ်ထဲထည့်လိုက်ကာ အရင်ဆုံးစားဖို့သွားလိုက်တယ်.

စားပြီးသွားတာနဲ့ "ယီချိုင်ကျောက်စိမ်းဆိုင်" သို့ တန်းသွားလိုက်တယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now