အခန်း ၁၀၈

2.6K 237 0
                                    

[Zawgyi]
ဖီးနစ်သွေးစက်
အခန်း ၁၀၈ ကျိုးကျန်းဟန် နဲ့ ရှောင်ပင်းကြားက မကျေပွဲ

အတည်ပြုချက်ကိုကြားလိုက်ရပြီးတော့ ချင်ယီဖန်း အသက်ပြင်းပြင်းရှူလိုက်မိကာ ကုနင်းကို အံ့ဩလေးစားစွာကြည့်ရင်း,
"မင်းဒီလောက်အားသန်တယ်ဆိုတာ လုံးဝမယုံနိုင်စရာပဲ!"

သူ ဟောင်ရန်နဲ့ ကျန်တဲ့ကောင်လေးတွေရဲ့စွမ်းရည်ကို သေချာသိထားပါတယ်. တစ်ယောက်ချင်းစီကတောင် သာမာန်လူ၅ယောက်လောက်နဲ့တစ်ပြိုင်တည်းတိုက်ခိုက်နိုင်တယ်. ဒါကို ကုနင်းက သူမတစ်ယောက်ထဲနဲ့ သူတို့အားလုံးကို အလွယ်လေးတိုက်ခိုက်နိုင်တယ်တဲ့လား.

ကုနင်း သန်မာတာက သူမကိုဘယ်သူမှအနိုင်ကျင့်လို့ မရတော့၍ကောင်းတယ်ဆိုပေမယ့် ချင်ယီဖန်းနှလုံးသားထဲမှာတော့ ခါးသီးသွားရတယ်. အခုတော့ သူမကိုကာကွယ်ပေးနိုင်တဲ့အရည်အချင်းသူ့မှာမရှိတော့ဘူး.

ကုနင်းကတော့ပြုံးပဲပြုံးနေပြီး ဘာမှပြန်မပြောပါဘူး. ပြီးတော့ ဆက်ပြီးစားသောက်လိုက်ကြတယ်.

သူတို့အားလုံး လမ်းခွဲခါနီးကျတော့ ၁နာရီတောင်ရှိသွားပြီ. ချူးဖေ့ဟန်ကတော့ အိမ်မပြန်ချင်တော့ဆိုကာ ကျန်တဲ့မိန်းကလေးတွေနဲ့ ဟိုတယ်မှာပဲတည်းပြီး စကားတွေပြောချင်နေတယ်.

ကုနင်းခနလောက်တွေးပြီး သဘောတူလိုက်တယ်. သူမ မနက်ဖြန်ယူသွားဖို့ လိုအပ်တဲ့ပစ္စည်းတွေကို စိတ်စွမ်းအင်အာကာပြင်ထဲ ထည့်ထားပြီးဖြစ်ပါတယ်. ယွီမီရှီကလဲ သူမမိသားစုတွေကိုပြောထားပြီးဖြစ်တာကြောင့် တစ်ညလောက်အပြင်မှာအိပ်ဖို့ အဆင်ပြေပါတယ်.

ချင်ယီဖန်း အစကကုနင်းကို အိမ်ပြန်လိုက်ပို့ပေးဖို့ ရည်ရွယ်ထားပေမယ့် ဒီကောင်မလေးတွေက အိမ်မပြန်ချင်ကြဘူးဆိုတာကြောင့် သူတို့ကို ဟိုတယ်သာလိုက်ပို့ပေးလိုက်ရတယ်. ဟောင်ရန်တို့ကောင်လေးတွေကတော့ အများကြီးသောက်ထားပြီးတာတောင် အသိစိတ်သေချာရှိနေသေးတာကြောင့် အိမ်ကိုပဲပြန်လိုက်ကြတယ်.

နောက်နေ့တွင်, ကုနင်း သူမရဲ့ ၈နာရီခွဲလေယာဉ်ကိုမှီရန် မနက်၆နာရီခွဲထလိုက်တယ်. သူမပြီးတော့ ယွီမီရှီလဲထလာတယ်. သူမအဖေကို ကူညီပေးဖို့အိမ်ပြန်မှရမယ်လေ. ချူးဖေ့ဟန်ကတော့ အိမ်ရေးမဝသေးတာကြောင့် သူတို့ကိုပဲ အရင်ပြန်ခိုင်းလိုက်တယ်. ဒါကြောင့် ကုနင်းနဲ့ ယွီမီရှီတို့ပဲ မနက်အစောကြီးထပြန်လာကြတယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now