အခန်း ၈၀

2.9K 323 5
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၈၀ ကုမန့်ဆေးရုံကဆင်းခြင်း

လူနာခန်းထဲရောက်တော့ ကုချင်တို့တစ်ယောက်စီကို ကုနင်းနှုတ်ဆက်လိုက်တယ်.

ကုမန့်က အရင်နေ့တွေထက် ပိုပြီးအသားပြည့်လာကာ အားရှိလာပုံကို မြင်ရ‌တော့ ကုနင်းပျော်သွားမိတယ်.

ကုမန့်က ကုချင်နဲ့ ကျန်းရွှီတို့က ကုနင်းအိမ်ရှာနေတဲ့အကြောင်းပြောပြနေတယ်.

"နင်းနင်း, သမီးအိမ်ရှာတွေ့ပြီဆို?" ကုနင်းဝင်လာတာနဲ့ ကုချင်တန်းမေးလိုက်တယ်. တကယ်လို့ ကုနင်းသာအိမ်ရှာမတွေ့ဘူးဆိုရင် သူမတို့မိသားအရင်နေထားဖို့ ကုချင်ထပ်ပြောမှာဖြစ်ပြီး ဒီလိုဆို အိမ်ရှာဖို့လဲ အချိန်ပိုရမှာဖြစ်တယ်.

"ရှာတွေ့ပါပြီ." ကုနင်းဖြေလိုက်တယ်.

"တကယ်လား? ကောင်းတာပေါ့. အိမ်က ဘယ်နားမှာလဲ? လုံခြုံရဲ့လား? တစ်လဘယ်လောက်ပေးရလဲ?" ကုချင်ထပ်မေးလိုက်တယ်.

ကုချင်ရဲ့ ကြင်နာမှုနဲ့ ဂရုစိုက်မှုတို့ကြောင့် ကုနင်းကျေနပ်သွားကာ ပြုံးပြလိုက်ပြီး,

"အိမ်က ယို့ယွီလမ်းနားမှာပါ. လုံခြုံပြီး ဈေးလဲသင့်တယ်."

ကုနင်းအသေးစိတ်မပြောပြသေးပါဘူး. အခုချိန်က သင့်တော်တဲ့အချိန်မဟုတ်သေးဘူးလေ.

ကုနင်းက မငှားဘဲနဲ့ ဝယ်မယ်ဆိုတာကို ကုမန့်သိထားတာကြောင့် အံ့ဩသွားရတယ်.

ယို့ယွီလမ်းက ဖန်ဟွားအဆင့်မြင့်အိမ်ရာထက်ပိုပြီး မြို့ထဲနဲ့နီးပါတယ်. သေချာပေါက် ဖန်ဟွားအဆင့်မြင့်အိမ်ရာမှာဖြစ်နေမယ်လို့တော့ ကုမန့်မထင်ပေမယ့် ထိုလမ်းတစ်ဝိုက်ကအိမ်တွေက ဈေးမနည်းကြပါဘူး.

အိမ်တစ်လုံးကို အနည်းဆုံး ယွမ်၂သန်းလောက်ပေးရပါတယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now