အခန်း ၈၃

2.7K 303 0
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၈၃ လက်ဆောင်

ကုနင်းငြင်းတော့မလိုဖြစ်နေတာကြောင့် ကုနင်းကချက်ချင်းထပ်ပြောလိုက်တယ်,

"အန်တီ ငြင်းလို့မရဘူးနော်. သမီးတို့က မိသားစုတွေ. တစ်ယောက်နဲ့တစ်ယောက်ထောက်ပံ့ပေးရမှာပေါ့."

သူတို့က မိသားစုတွေလို့ပြောလိုက်ထဲက ကုချင်ငြင်းလို့မရတော့ပါဘူး. ဒါကြောင့်,

"ကောင်းပြီလေ, သမီးပြောတာနားထောင်ပါ့မယ်. ဒါပေမယ့် မနက်ဖြန်ကျောင်းမသွားလို့ ရလို့လား?"

ကုနင်းက စာသိပ်မတော်ာတာကြောင့် ဒီလိုမျိုးကျောင်းပျက်တာက သူမပညာရေးကို ထိခိုက်မှာ ကုချင်စိုးရိမ်နေမိတယ်.

"တစ်ရက်လောက်ပျက်တာက အဆင်ပြေပါတယ်. ပြီးတော့ စာချုပ်စာတမ်းကိစ္စ ရုံးဖွင့်ရက်တွေမှာပဲ အပြီးသတ်လို့ရတာ." ကုနင်းပြောလိုက်တယ်.

"ကောင်းပြီလေ," ကုချင်ပဲအလျှော့ပေးလိုက်ရတော့တယ်.

ကုမန့်ကတော့ အခုဆိုကုနင်း ကိုယ်တိုင် သူမဘဝနဲ့ ပညာရေးကိုလဲ ကောင်းကောင်းကိုင်တွယ်မယ်လို့ ယုံကြည်ထားပါတယ်.

"အိုး, သမီးမြိုတော်Gက လက်ဆောင်တွေဝယ်ခဲ့သေးတယ်. သွားယူလိုက်ဦးမယ်နော်." ပြောပြီးတော့ ဒုတိယမြောက်အခန်းထဲကို ကုနင်းဝင်သွားခဲ့တယ်. ပစ္စည်းတွေကို စိတ်စွမ်းအင်အာကာပြင်ထဲထည့်ထားတာကြောင့် အခန်းတစ်ခုထဲကွယ်ပြီးမှထုတ်ရမယ်လေ.

"တကယ်လား?"

ကုချင်ကတော့ ဘာပြန်ပြောရမလဲတောင်မသိတော့ပါဘူး. ကုနင်းရဲ့စေတနာကြင်နာမှုတွေက သူတို့အားလုံးရဲ့စိတ်ကို ထပ်မံလှုပ်ရှားသွားစေပြန်ပါတယ်.

ကုနင်း အခန်းထဲကနေ အိတ်တွေအများကြီးကို သယ်လာကာ ဆိုဖာပေါ်ချလိုက်တယ်. အဲ့တော့ ကုချင်လဲ ပစ္စည်းတွေကြည့်ရအောင် ချက်ချင်းပဲ ကုမန့်ကို ဆွဲခေါ်လိုက်တယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now