အခန်း ၄

4.1K 432 0
                                    

[Zawgyi]

အခန်း ၄ သေနတ်နဲ့ဆရာဝန်
ကုနင်း ယခင်လူပြန်မဝင်စားသေးခင်ဘဝတုန်းက တိုက်တိုက်ဆိုင်ဆိုင် ဖီးနစ်ပုံစံအနီရောင်ကျောက်စိမ်းတစ်ခုကောက်ရခဲ့တယ်.
ထိုကျောက်စိမ်းမှာ ပိုင်ရှင်ရှိမရှိလဲမသိသလို သူမကလဲ သဘောကျနေတာကြောင့် သိမ်းထားလိုက်ခဲ့တယ်.

မမျှော်လင့်ထားဘဲ ထိုကျောက်စိမ်းမှာမှော်စွမ်းအားရှိနေပြီး သူမကိုပြန်လည်မွေးဖွားစေခဲ့သည်.

ဒါတင်မကသေး ဒီ ဖီးနစ်သွေးစက်ကျောက်စိမ်းက သူမစိတ်ဝဉာဉ်ထဲပျော်ဝင်သွားပြီး ကျောက်စိမ်းရဲ့ စွမ်းအားဖြစ်တဲ့ ကျောက်စိမ်းမျက်လုံးတစ်စုံကိုပါ ခက်ခံရရှိခဲ့တယ်.

အရာအားလုံးဟာ သူမရဲ့ ကျောက်စိမ်းမျက်ဝန်းတစ်စုံအတွင်းမှာတော့ ကြည်လင်နေတဲ့ ခရစ်စတယ်တွေလိုပါပဲ.
ဒီစွမ်းအားကြောင့် ကုနင်းဟာ အကြားအမြင်စွမ်းအားနဲ့ ပုံရိပ်တွေကိုမှတ်တမ်းတင်သလိုမှတ်မိနေနိုင်တဲ့စွမ်းအားကိုပါ ရရှိခဲ့တယ်.

ချီစိတ်ဝဉာဉ်စွမးအားဆိုတာ နေနှင့်လ၏အနှစ်သာရနှင့်ဆင်တူသော ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးကြားရှိမရေမတွက်နိုင်အောင်များပြားသောအရာတွေပါဝင်နေတဲ့ သန့်စင်သောစွမ်းအင်ဖြစ်တယ်
ပြီးတော့ စိတ်စွမ်းအင်အာကာပြင်လဲရှိပါသေးတယ်. သူကတော့ သိုလှောင်လို့ရတဲ့နေရာပေါ့.
မည်သည့်သက်မဲ့အရာဝတ္ထုပစ္စည်းကိုမဆို အတွေးလေးတစ်ချက်နဲ့တင် စိတ်စွမ်းအင်အာကာပြင်ထဲထည့်ထားနိုင်ပါတယ်.

ဒီလုပ်ဆောင်ချက်တွေရော ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုရင်ပါ စွမ်းအားကုန်မှာပါ.

ဒီစွမ်းအားကြောင့် အသက်ရှည်ရှည်နေနိုင်သလို အနာရောဂါတွေကိုလဲပျောက်ကင်းစေနိုင်ပါတယ်.
မင်းရဲ့စွမ်းအားမြင့်လာလေလေ စိတ်စွမ်းအင်အာကာပြင်မှာပိုကျယ်လာပြီး ပစ္စည်းများများထည့်သွင်းနိုင်လေဖြစ်တယ်.

ဖီးနစ်သွေးစက်သည် ကိုယ်တိုင်ကလဲ ကျောက်စိမ်းဖြစ်တာကြောင့် ကျောက်စိမ်းတွေရဲ့စွမ်းအားကိုလိုအပ်ပါတယ်.

ကျောက်စိမ်း၌ နက်ဖရိုက် နှင့် ဂျိတ်ဒိုက် ပါဝင်တယ်.
နက်ဖရိုက်မှာတော့ ရိုးရာကျောက်မျက်များဖြစ်တဲ့ သလင်းကျောက်, သန္တာကျောက်, မဟူရာကျောက် စသည်တို့ပါဝင်ပြီး
ဂျိတ်ဒိုက်တွင်တော့ မြကျောက်အဓိကပါဝင်သည်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now