အခန်း ၁၀၁

2.6K 266 0
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၁၀၁ ကြင်နာပါ

ကုနင်း ကျန်တဲ့ မေးခွန်းလွှာတွေကိုလဲ ဘာလှည့်စားမှုမှမပါဝင်ပဲ နာရီဝက်အတွင်းပြီးခဲ့ပါတယ်. ကုနင်းကို စာညံ့တယ်လို့သိထားတဲ့လူတွေက သူမရဲ့အခုလိုပြောင်းလဲမှုကို လက်ခံနိုင်မှာမဟုတ်မှန်း ကုနင်းသိထားပေမယ့် အမှန်တရားက ဘယ်တော့မှ ပြောင်းလဲလို့မရပါဘူး. ဒါကြောင့် အခုချိန်မှာ သူမကို သံသယဝင်နေကြမယ့် အတန်းဖော်တွေနဲ့ ဆရာ/မတွေကို မျက်နှာချင်းဆိုင်မှု ကြောက်မနေပါဘူး.

နေ့လည်ခင်း ဖြေရမှာတွေပြီးသွားတော့ ၄နာရီရှိပြီဖြစ်တာကြောင့် ကုနင်းချက်ချင်းထွက်လာခဲ့လိုက်တယ်. ချိန်းထားတဲ့အချိန်က ယို့ယွီလမ်းပေါ်က ယို့ယွီစားသောက်ဆိုင်မှာ ညနေ၆နာရီချိန်းထားတာပါ. ဖန်းဟွာအိမ်ရာကနေ ယို့ယွီစားသောက်ဆိုင်ကို ရောက်ဖို့ မိနစ်၂၀လောက်အချိန်လိုတာကြောင့် ကုမန့်တို့က ညနေ၅နာရီထဲက အိမ်ကထွက်ကြဖို့ စီစဉ်ထားလေတယ်. ဒါကြောင့် ကုနင်း အိမ်ကို အရင်ပြန်ရပါမယ်.

ဒီနေ့တော့ ကုနင်းမပြေးတော့ဘဲ တက္ကစီသာစီးလိုက်တာကြောင့် မိနစ်၂၀အတွင်း ဖန်ဟွားအိမ်ရာကိုပြန်ရောက်ခဲ့တယ်. ကုနင်းက ဒီနေ့လပတ်စာမေးပွဲဖြေရတဲ့အကြောင်းပြောထားတာကြောင့် ကုမန့်တို့တွေ အခုလိုမျိုး ကုနင်းစောပြန်ရောက်တာကြောင့် အံ့ဩကုန်တယ်.

"ဘာလို့ ဒီလောက်အစောကြီးပြန်ရောက်လာတာလဲ?" ကုမန့်မေးလိုက်တယ်.

"ဖြေလို့ပြီးသွားတာနဲ့ စောပြန်လာလိုက်တာလေ." ကုမန့်ပြန်ဖြေလိုက်တယ်.

"မဟုတ်မှ အဖြေတွေတစ်ခုမှ မသိလို့လား? အဲ့လိုဆိုလဲ ကိစ္စမရှိဘူး. ဆက်ကြိုးစားလို့ရတာပဲ." ကုချင်နှစ်သိမ်းပေးလိုက်တယ်. သူတို့က ကုနင်းကိုဘယ်တော့မှအပြစ်မတင်ဘဲ အမြဲတမ်းအားပေးကြတယ်. ဘာလို့ဆို ကလေးတိုင်းက ထူးထူးချွန်ချွန်နဲ့ မွေးလာကြတာမဟုတ်ဘူးလေ.

ကုနင်းကတော့ ရှည်ရှည်ဝေးဝေးထပ်မရှင်းပြနေတော့ပါဘူး. အမှတ်ထွက်လာရင်သိရမှာပဲကို.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now