အခန်း ၁၄၃

2.5K 235 2
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၁၄၃ သိုက်တူးသမား?

"အန်ချင်း, အလုပ်အမှုဆောင်လီ." ကုနင်း သူတို့ကို အရင်နှုတ်ဆက်လိုက်တယ်.

"မိန်းကလေးကု, တွေ့ရတာဝမ်းသာပါတယ်." လဲ့ကျန်းယွီလဲ ပြန်နှုတ်ဆက်လိုက်တယ်.

"မင်္ဂလာပါ, အလုပ်အမှုဆောင်လီ, မိန်းကလေးအန်." ချင်ယီဖန်းလဲရောက်လာခဲ့တယ်.

"တွေ့ရတာဝမ်းသာပါတယ်, လူကြီးမင်းချင်." အန်ချင်းရော အလုပ်အမှုဆောင်လီပါနှုတ်ဆက်လိုက်တယ်.

"ဘယ်သူကများဒီလောက်တောင် ဆွဲဆောင်အားကောင်းနေပါလဲလို့ အံ့ဩနေတာ! နင်ဖြစ်နေတာကိုး!" အန်ချင်း ကုနင်းကိုကြည့်ပြီးနောက်လိုက်တယ်.

"ငါတို့က အုပ်စုလိုက်ကြီးဝင်လာတာဆိုတော့ သတိမထားမိကြဖို့ကမှ ခက်နေဦးမယ်လေ." ကုနင်း သာမာန်လိုပဲပြန်ပြောလိုက်တယ်.

အန်းချင်းပြုံးလိုက်ပြီးတော့ ကုနင်းနောက်က ပုံရိပ်တစ်ခုကိုတွေ့သွား၍ အံ့ဩသွားတယ်,

"ရှောင်ရီ, နင်ဒီလိုပွဲမျိုးတွေကို မကြိုက်ဘူးမဟုတ်လား? ဒီနေ့မှ ဘယ်လိုလုပ်ရောက်လာတာလဲ?"

"အစ်မဝမ်းကွဲချင်း, ကျွန်တော့်သူငယ်ချင်းတွေအားလုံးက ဒီရောက်နေတာဆိုတော့ တစ်ယောက်ထဲမကျန်ခဲ့ချင်လို့ပါ." အန်းရီပြန်ဖြေလိုက်တယ်.

အန်ချင်းနဲ့ အန်းရီတို့က ဝမ်းကွဲတွေမှန်းသိလိုက်တော့ ကုနင်းအံ့ဩသွားတယ်.

"ဟုတ်ပါပြီ, နင်တို့ပျော်ကြပေါ့, ငါတို့တခြားသူငယ်ချင်းတွေကို သွားနှုတ်ဆက်လိုက်ဦးမယ်." အန်းချင် ကုနင်းနဲ့အတူစကားဆက်ပြောချင်သေးပေမယ့် လဲ့ကျန်းယွီက လူမှုရေးအရ သူ့မိတ်ဆွေတွေနဲ့ စကားသွားပြောဖို့လိုပါသေးတယ်. ပြီးတော့ သူမကလဲ သူ့ရဲ့မိန်းကလေးတွဲဖော်ဖြစ်တာကြောင့် လိုက်သွားမှရပါမယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now