အခန်း ၉၄

2.6K 284 0
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၉၄ အန်းယီ

ဟောင်ရန်နဲ့ သူ့ညီအကိုတွေကတော့ တစ်ယောက်နဲ့တစ်ယောက်အချက်ပြကာ ရယ်နေကြတယ်. ဒါပေမယ့် အားလုံးက ကုနင်းအမိန့်ကို တော့ မနှောင့်နှေးစေဘဲ အမြန်ဆုံးအကောင်အထည်ဖော်ကြပါတယ်.

ရှုကျင်းချန်အတွက် ၂၀ကီလိုမီတာပြေးဖို့ တစ်နာရီနီးပါးအချိန်ယူလိုက်ရပါတယ်. သူတို့လေ့ကျင့်ရင် ပြေးတဲ့လေ့ကျင့်ခန်းက ပုံမှန်ပါနေကျပါ. ရှုကျင်းချန်အတွက်လဲ ကီလိုမီတာ၂၀ဆိုတာ ဘာမှမဟုတ်ပေမယ့် အခုက ဖိနပ်အပါးစီးထားရတာကြောင့် ပြေးရတာ သက်သောင့်သက်သာမဖြစ်ပါဘူး.

ရှုကျင်းချန်အိမ်ပြန်ရောက်တော့ ရေမချိုးခင် လင်ရှောင်းထင်ဆီအရင်သွားလိုက်ကာ,

"ဘော့စ်, အဲ့ကောင်မလေးနဲ့ ချိန်းတွေ့နေတာလား?"

ထိုစကားကိုကြားတော့ လင်ရှောင်းအထင် အေးစက်စက်ကြည့်လိုက်တာကြောင့် ရှုကျင်းချန်မှာ သတိလက်လွတ်နောက်ကို ဆုတ်လိုက်မိတယ်. ဒါပေမယ့် သူအရမ်းသိချင်နေတာကြောင့် အန္တရာယ်ကိုတောင် မမြင်တော့ပါဘူး. ပြီးတော့ လင်ရှောင်းထင်ကို သိချင်စိတ်ပြင်းပျတဲ့အကြည့်တွေနဲ့ ဆက်ကြည့်နေကာ အဖြေရဖို့မျှော်လင့်နေမိတယ်.

"မဟုတ်ဘူး." လင်ရှောင်းထင် ငြင်းလိုက်တယ်.

"မဟုတ်ဘူး? ဒါဆို ဘာလို့စောစောစီးစီး အဲ့ကောင်မလေးကိုသွားတွေ့တာလဲ?" ရှုကျင်းချန် သူ့ပြောတာကို မယုံကြည်ပါဘူး.

"မင်းအခုတော်တော်အားနေလား?" လင်ရှောင်းထင် ပုံမှန်လိုပဲမေးလိုက်ပေမယ့် ရှုကျင်းချန်ကတော့ အန္တရာယ်အငွေ့အသက်တွေကို ခံစားလိုက်ရတယ်.

သူ့မျက်နှာ အကြောတွေတောင် တောင့်တင်းလာတော့တယ်. သူတကယ်လို့ နောက်တစ်ခွန်းလောက်လေးပဲထပ်ပြောလိုက်မယ်ဆိုရင်တောင် ထပ်ပြီးအပြစ်ပေးခံရမယ်မှန်း ခန့်မှန်းမိနေတယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)On viuen les histories. Descobreix ara