အခန်း ၃၆

2.7K 335 1
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၃၆ ယုံကြည်မှုရှိတာလား စိတ်ကြီးဝင်နေတာလား

"ကုနင်း, ဒီကို ခနထွက်လာဦး"

အတန်းပိုင်ဆရာမက ရောက်လာတာနဲ့ ကုနင်းကို ထွက်လာဖို့ပြောလိုက်တယ်. ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စတွေကြောင့်မှန်း ကုနင်းခန့်မှန်းမိပါတယ်.

ကုနင်း အခန်းထဲကထွက်လိုက်တာနဲ့ အတန်းပိုင်ဆရာမက ဒေါသတွေနဲ့ မေးလိုက်တယ်,

"မင်း ကန်တင်းမှာ ဘာလို့အဲ့လိုလုပ်ခဲ့တာလဲ? ဘာလို့ တခြား ကျောင်သူတစ်ယောက်ကို ရိုက်လိုက်ရတာလဲ? ပြီးတော့ အခန်း ၇ က ဟောင်ရန်, ချင်းကျီရွှမ် နဲ့ ကျန်းထန်ပင်းတို့ စိန်ခေါ်တာကိုလဲ လက်ခံလိုက်သေးတယ်. ဒီကိစ္စက မင်းကိုကော ငါတို့အတန်းကိုပါ ဆိုးဆိုးဝါးဝါးသက်ရောက်မှုရှိတယ်ဆိုတာ သိရဲ့လား?"

ဆရာမရဲ့ ဒေါသတွေနဲ့မေးခွန်းကို ရင်ဆိုင်လိုက်ရရင်တခြားသူသာဆို ရူးတော့မလိုဖြစ်သွားနိုင်ပေမယ့် ကုနင်းအတွက်ကတော့ အေးဆေးပါပဲ. အဲ့ဒီအစား သူမ စိတ်ရှည်ရှည်နဲ့ပြန်ပြီး ရှင်းပြလိုက်တယ်,

"ပါမောက္ခကျန်း, ဒီကိစ္စတွေက ကုရှောင်ရှောင်အရင်ဆုံး သမီးနဲ့ သမီးအမေကို စပြီး စော်ကားခဲ့တာကြောင့် သူ့ကို ကန်တင်းမှာတုန်းက ရိုက်လိုက်တာပါ. ဒီလိုအရှက်ခွဲမှုမျိုးကို ဘယ်လိုလုပ်သည်းခံပေးနိုင်မှာလဲ? ဟောင်ရန်နဲ့ သူ့သူငယ်ချင်းတွေကတော့ သမီးသာ စိန်ခေါ်တာကို လက်မခံခဲ့ရင် သူတို့က ဘယ်တော့မှ သမီးကို ဒီတိုင်းအေးဆေးနေခိုင်းမှာမဟုတ်ဘူး. ဒါကြောင့် ပြဿနာဆိုတာအစထဲက ရင်ဆိုင်လိုက်တာအကောင်းဆုံးပဲလေ."

ကျန်းချိုးဟွာ အခုတော့ ကုနင်းရဲ့အခြေနေမှန်ကို သေချာသိသွားပါပြီ. တခြားကျောင်းသားတွေ ကုနင်းကို အမြဲအနိုင်ကျင့်ကြမှန်း သူမသိပါတယ်. အရမ်းပြင်းပြင်းထန်ထန်မဖြစ်ခဲ့တာကြောင့် သူတို့ကို လျစ်လျူရှုထားခဲ့တာပါ. ဒါကြောင့် အခုလို ကုနင်းပြန်တိုက်ခိုက်တယ်ဆိုတာကို နားလည်ပေးနိုင်ပါတယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Où les histoires vivent. Découvrez maintenant