အခန်း ၇၀

2.8K 290 0
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၇၀ မိန်းမတစ်ယောက်ရဲ့ပုံမှန်နည်းလမ်း

ထိုစကားကိုကြားတော့ ထိုလူတွေခေတ္တမျှဆွံ့အသွားရတယ်. ကုနင်းက သူတို့နောက်ကွယ်ကလူကို သိနေတာကြောင့် အံ့အားသင့်သွားကြတယ်.

နောက်တော့မှ ကုနင်းက လီကျန်းကျန်းနဲ့အစထဲက ရန်ငြှိုးရှိနေတာကြောင့် သူမသိနေမှန်း နားလည်သွားတော့တယ်.

ဒါကြောင့် ခေါင်းဆောင်လာတဲ့လူကလဲ မကွယ်ဝှက်နေတော့ပါဘူး.

"ကောင်မလေး, မင်း ဘယ်သူနဲ့ ရန်ငြှိုးရှိနေလဲဆိုတာတောင်သိနေမှတော့ မင်းအမှားလုပ်ခဲ့တာကိုလဲ သိမှာပေါ့. ဒီနေ့ငါတို့လာတာ မင်းကို ပညာပေးမလို့ပဲ. တောင်းပန်ပါတယ်." ခေါင်းဆောင်ကနေပြီးပြောလိုက်တယ်.

ဒါကိုသိတော့ လီကျန်းကျန်းကို ကုနင်းရွံရှာသွားတယ်. သူမက ကိုယ့်ကိုကိုယ်တောင် မဖုံးကွယ်နေဘူးဘဲ.

တော်တော်ယုံကြည်ချက်ရှိနေတဲ့ပုံပဲ.

ကုနင်းက ထိုလူတွေကို ကျိန်ဆဲတာလောက်ပဲ လုပ်နိုင်မယ်လို့ယုံကြည်တာကြောင့် လီကျန်းကျန်းယုံကြည်ချက်တွေရှိနေတာပေါ့.

"တစ်ယောက်ယောက်ကို ရန်မစသင့်မှန်း ရှင်သိနေရင် ကျွန်မကလဲ ရှင်ဘယ်တော့မှရန်ငြှိုးမဖွဲ့သင့်တဲ့လူဖြစ်နေမှာ မကြောက်ဘူးလား?" ကုနင်းအေးဆေးပဲမေးလိုက်တယ်. သူမပုံစံက လုံးဝကိုမကြောက်နေပါဘူး.

ဒါကိုကြားတော့ ထိုလူတွေ အကျယ်ကြီးထမရယ်ကြသေးခင် ခနမျှ ဆွံ့အသွားကြတယ်.

"ကောင်မလေး, ငါတို့ဘယ်သူဆိုတာသိရဲ့လား? ငါတို့က ချင်ဂိုဏ်းကကွ! ချင်ဂိုဏ်း! မင်းငါတို့အကြောင်းမကြားဖူးဘူးလား? ငါတို့က ပြည်မကြီးရဲ့ အကြီးဆုံးဂိုဏ်းနှစ်ခုထဲက တစ်ဂိုဏ်းပဲ. မင်းငါတို့ကို ဘယ်တော့မှပြန်လက်စားချေနိုင်မှာမဟုတ်ဘူး." ထိုလူက အထင်သေးစွာနဲ့ ပြောလိုက်တယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now