အခန်း ၁၁၇

2.5K 242 0
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၁၁၇ ငယ်ရွယ်ပြီး အရည်အချင်းရှိတယ်

ဘာသာပြန်သူ - Charm.Y

ကုနင်း သူတို့နဲ့ညစာမစားချင်လို့မဟုတ်ပေမယ့် သူတို့က အလုပ်သမားတွေနဲ့ ဘော့စ်တစ်ယောက်ဖြစ်တယ်. ပြီးတော့ ကုနင်းက ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်. ဒါကြောင့် ဒီလိုအရွယ်ရောက်ပြီးသား ယောက်ျားတွေအများကြီးနဲ့ အပြင်ထွက်စားဖို့က သူမအတွက်မသင့်တော်ပါဘူး.

ဒါကြောင့် ကျိုးကျန်းဟုန်ကိုပဲ သူမစားဖို့ မြို့ထဲလိုက်ပို့ခိုင်းလိုက်တော့ ကျန်တဲ့လူတွေလဲ သဘောတူလိုက်ကြတယ်.

မြို့ထဲသို့သွားနေရင်းလမ်းမှာ, ကုနင်း ဆရာကြီးဖူထံဖုန်းဆက်လိုက်ပြီး သူနဲ့ တွေ့ချင်တာကြောင့် မနက်ဖြန်အားလားလို့ မေးလိုက်တယ်. ဆရာကြီးဖူလဲ ကုနင်း မြို့တော်Gကိုရောက်နေမှန်းသိတော့ ဝမ်းသာသွားတယ်. သူ မြန်မြန်ပဲ ဖိတ်ခေါ်ချက်ကိုလက်ခံလိုက်ကာ ကုနင်းကို ကူညီစရာရှိရင်ကူညီပေးမယ်လို့ ကတိပေးလိုက်သည်. ပြီးတော့ ကျောက်အလောင်းအစားလမ်းမှာဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သတ်ပြီး ပြန်စဉ်းစားမိသွားတော့ ကုနင်းကိုတိုင်တန်းတော့တယ်. ပထမတော့ ထိုကျောက်အလောင်းအစားလမ်းက ကုနင်းကို တွေးလိုက်ပေမယ့် ထိုအမျိုးသမီးက အရွယ်ရောက်ပြီးသားဖြစ်နေခဲ့တယ်.

ပြီးတော့ ဆရာကြီးပိုင်က သူ့ရှေ့လာကြွားတဲ့အကြောင်းကိုလဲ ထပ်တိုင်လိုက်သေးတယ်. ဒီနေ့ အပြင်သွားဖို့ ငြင်းမိတဲ့အတွက်လဲ စိတ်လဲတိုသလို နောင်တလဲ ရနေမိတယ်. ကုနင်းမနေနိုင်ပဲ ရယ်လိုက်မိကာ,

"အဘိုးဖူလဲ အဲ့ဒီအမျိုးသမီးက အဖိုးနဲ့လဲသိပြီး နောက်ထပ်ပိုတန်ဖိုးကြီးတဲ့ ကျောက်စိမ်းတွေထပ်ရှိနေသေးတယ်လို့ပြောလိုက်ပေါ့. ဒီလိုဆို အဘိုးလဲ ကြွားလို့ရသွားပြီ."

"ငါ အဲ့အမျိုးသမီးကိုမသိဘူးလေ! သူသာ မင်းပဲဆိုရင် ကြွားလိုက်ပြီးနေပြီ." ဆရာကြီးဖူမကျေမနပ်နဲ့ပြန်ပြောလိုက်တယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now