အခန်း ၄၄

2.7K 354 1
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၄၄ ကုမန့်ကို အမှန်အတိုင်းပြောပြခြင်း

"ကုနင်းအမေ, မစိုးရိမ်ပဲ စိတ်ကို အေးအေးထားပါ. ရှင်ပြန်ကောင်းလာဖို့ ကျွန်မကူညီပါ့မယ် ပြီးတော့ သိပ်လဲကုန်မှာမဟုတ်ပါဘူး. တကယ်လို့ ရှင်သာကောင်းကောင်းမနားဘူးဆိုရင် ရှင့်ရဲ့ကျန်းမာရေးကိုပါ အကျိုးသက်ရောက်သွားလိမ့်မယ်." ကုမန့်ရဲ့ခံစားချက်ကို အန်ချင်းနားလည်တာကြောင့် သူမကို ခြိမ်းခြောက်ရင်းနဲ့ နှစ်သိမ့်ပေးလိုက်တယ်.

ကုမန့်အရမ်းကို ကြောက်သွားကာ မြန်မြန်ပြန်ကောင်းလာပြီး ပိုက်ဆံအကုန်သက်သာဖို့အတွက် စိတ်ကိုအေးအေးချမ်းချမ်းမဲ့နေလိုက်တော့တယ်.

ညစာစားပြီးချိန်မှာတော့ မုခယ်နဲ့ ကျန်တဲ့သူတွေအားလုံးပြန်သွားကြတယ်.

သူတို့မထွက်သွားခင်, ကုရှောင်ရှောင် ဘယ်လိုသင်ခန်းစာပြန်ပေးမလဲဆိုတာလဲ ကုနင်းကိုမေးသွားသေးတယ်.

ကုနင်းက သူမကိုယ်တိုင်လုပ်ချင်တာမို့ သူတို့ကိုမလိုဘူးလို့ပြောလိုက်တာကြောင့် ဟောင်ရန်နဲ့တခြားသူတွေလဲ တိတ်တဆိတ်သာနေလိုက်တော့တယ်.

အခုဆို လူနာခန်းထဲမှာ ကုနင်းနဲ့ ကုမန့်နှစ်ယောက်သာ ကျန်နေပါတော့တယ်.

"အမေ, တကယ်တော့ ဒီတစ်ပတ်ပိတ်ရက်ကျရင် လျှို့ဝှက်ချက်တစ်ခုပြောပြမို့ပဲ. ဒါပေမယ့် အမေ ဒီလိုမတော်တဆဖြစ်လိုက်တော့ အခုပဲပြောလိုက်တာကောင်းမယ်ထင်တယ်." ကုနင်းချက်ချင်းကြီး အတည်အတန့်မျက်နှာထားဖြစ်သွားတာကြောင့် ကုမန့်တောင် စိတ်လှုပ်ရှားသွားရတယ်.

"လွန်ခဲ့တဲ့နေ့တွေတုန်းက သမီးလူတစ်ယောက်ကိုကယ်ခဲ့လို့ သူကပြန်ပြီး မြကျောက်တစ်တုံးပြန်ပေးခဲ့တယ်. အရင်နေ့တုန်းက သမီးအဲ့ဒါကိုရောင်းလိုက်တာ မမျှော်လင့်ထားပဲ အဲ့ကျောက်က ယွမ်၁၀သန်းတောင်တန်နေတယ်." ကုနင်း ထိုကိစ္စကြောင့် သူမကိုယ်တိုင်လဲ အရမ်းအံ့ဩနေတဲ့ပုံစံနဲ့ပြောနေလိုက်တယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)حيث تعيش القصص. اكتشف الآن