အခန်း ၁၃၂

2.5K 236 1
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၁၃၂ နင်မွေးမလာသင့်ဘူး!

ဘာသာပြန်သူ - Charm.Y

ကုရှောင်ရှောင် ဒုက္ခရောက်တော့မှာကို မြင်တော့ မကူညီတဲ့အပြင်ပျော်တောင်ပျော်နေကြတယ်. ဒါ့အပြင် ကုရှောင်ရှောင်လုပ်ခဲ့တာတွေကလဲ ဘယ်လိုမှလက်ခံနိုင်စရာအကြောင်းကိုမရှိဘူးလေ.

ကုရှောင်ရှောင်လဲ ချူးဖေ့ဟန်တို့ ရောက်လာတာ သူမကြောင့်ဆိုတာသိကြောင့် ကြောက်လန့်နေတယ်. ကျန်းထန်ပင်းနဲ့ ယွီမီရှီကလွဲပြီး ကျန်တဲ့ဘယ်သူနဲ့မှ သူမ ရန်ငြှိုးမဖွဲ့ရဲပါဘူး.

သူကြောက်ရွံ့လွန်၍ တုန်ရီနေပြီး သူမအိမ်ကိုသာထွက်ပြေးလိုက်ချင်ပေမယ့် မလုပ်နိုင်ခဲ့ပါဘူး.

ချူးဖေ့ဟန်က အရင်ပြေးလာပြီး သူမပါးကို အားပြင်းပြင်းနဲ့ ဖြတ်ရိုက်ချလိုက်တာကြောင့် လူတိုင်းလဲထိတ်လန့်သွားကြတယ်.

ကုရှောင်ရှောင် အသားနာသွားတာကြောင့် ဒေါသထွက်သွားတယ်. သူမ ချူးဖေ့ဟန်ကို ကြောက်တယ်ဆိုပေမယ့် ဒီတိုင်းတော့ သည်းမခံနိုင်ပါဘူး. ဒါကြောင့် ချူးဖေ့ဟန်ကိုပြန်ပြောလိုက်တယ်,

"ချူးဖေ့ဟန်, ဘာလို့ငါ့ကိုလာရိုက်တာလဲ?"

ကုရှောင်ရှောင်ရဲ့ပစ်မှတ်က ကုနင်းဖြစ်ပြီး ချူးဖေ့ဟန်မဟုတ်ပါဘူး. ကုနင်းနဲ့ ချူးဖေ့ဟန်က အရမ်းရင်းနှီးတယ်ဆိုပေမယ့် ထိုကိစ္စအတွက် ကုရှောင်ရှောင်ကို ရိုက်ခွင့်တော့မရှိပါဘူး. ဒါကြောင့် ကုရှောင်ရှောင် ဒေါသထွက်သွားတယ်.

ဟုတ်တာပေါ့ ကုရှောင်ရှောင်ရဲ့ပစ်မှတ်က ချူးဖေ့ဟန်မဟုတ်ပါဘူး. ဒါပေမယ့်သူမက ကုနင်းဘက်က ရပ်တည်ပေးမှာဖြစ်တာကြောင့် တမင်ကိုရိုက်လိုက်တာပါ.

ထိုအချိန်တွင် ကုရှောင်ရှောင်ရဲ့ချစ်သူဖြစ်တဲ့ ချင်ကျန်းကတော့ တိတ်ဆိတ်နေပါတယ်. သူလဲ ကုရှောင်ရှောင်ကို အလွန်စိတ်ပျက်နေတဲ့အပြင် ချူးဖေ့ဟန်တို့အဖွဲ့ကိုလဲ သူကြောက်ပါတယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now