[Zawgyi]
ဖီးနစ်သွေးစက်အခန်း ၆၆ မတော်တဆ
"ကောင်မလေး, ကျုပ်ဒီ ဖန်သားကျောက်အတွက် ယွမ်သန်း၃၀ပေးမယ်. ဘယ်လိုလဲ?"
ဆရာကြီးဖူမေးလိုက်တယ်.
"ကိစ္စမရှိပါဘူး" ကုနင်ပြန်ဖြေလိုက်တယ်. ဒီဈေးကသင့်လျော်ပါတယ်.
အခုတော့ ကုနင်းလက်ထဲမှာ ယွမ်သန်း၂၇၀လောက်ရှိသွားပါပြီ.
"ဟ-ဟ, မင်းရဲ့ကျွမ်းကျင်တဲ့ အပေးအယူလုပ်ပုံကို ကျုပ်သဘောကျတယ်. ကောင်းပြီလေ, အခုပဲ မင်းကို ငွေလွှဲပေးမယ်." ကုနင်းရဲ့ ကျွမ်းကျင်မှုက ထပ်ပြီးတော့ ဆရာကြီးဖူကို အမြင်ကောင်းကျန်ခဲ့စေပြန်တယ်. သူချက်ချင်းပဲ ငွေလွှဲပေးဖို့ ဖုန်းခေါ်ပြီးပြောလိုက်တယ်.
"ကောင်မလေး, မင်းစိတ်မရှိဘူးဆိုရင် ကျုပ်ကို အဖိုးဖူလို့ခေါ်ပါလား. နောက်ကျုပ်အကူအညီလိုရင်လဲ မင်းပြောပေါ့. ကျုပ်အတတ်နိုင်ဆုံးထောက်ပံ့ပေးမယ်." ဆရာကြီးဖူကပြောလိုက်တယ်. သူ ဒီမိန်းမငယ်လေးကို တကယ်လေးလေးစားစားနဲ့ မိတ်ဆွေဖြစ်ချင်နေတာပါ.
ဆရာကြီးဖူက အတွေ့အကြုံများတဲ့သူဖြစ်တာကြောင့် ကုနင်းက တိုးတက်ဖို့အလားအလာရှိတဲ့ ဆယ်ကျောက်သက်လေးတစ်ယောက်မှန်း သေချာသိနေပါတယ်.
"အဖိုးဖူ, အခုပဲအဘိုးရဲ့အကူအညီလိုနေပါပြီ." ကုနင်းက တုံ့ဆိုင်းမနေဘဲ သူမကိုကူညီပေးရန် ဆရာကြီးဖူကိုပြောလိုက်တယ်.
"အိုး. ဘာဖြစ်လို့လဲ? ပြောလေ." ဆရာကြီးဖူက အနည်းငယ်အံ့ဩသွားကာ သိချင်သွားတယ်.
"အဲ့ဒါက, ကျွန်မကျောက်မြတ်ရတနာကုမ္ပဏီတစ်ခုကို မှတ်ပုံတင်ဖို့လုပ်နေတာ. ဒါပေမယ့် အဲ့ကိစ္စက အရမ်းစိတ်ရှုပ်ဖို့ကောင်းတယ်လေ. ဒါကြောင့် အဖိုးမှာများ စက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနဘက်မှု လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက်လောက်များရှိလား?
YOU ARE READING
ဖီးနစ်သွေးစက် Book - 1(MMTranslation)
RomanceBook 1 အပိုင်း (1- 200) Title: Reincarnation of Businesswoman at School Author: Warm Color Su Eng Translator: Henyee Translations Mm Translator : Charm.Y ထန်အိုက်နင်းဟာ မိသားစု၏ သာမာန်ကြိုးဆွဲရာကနေရတဲ့သူတစ်ယောက်ပါ. စီးပွားရေးသူလှျိုအဖြစ်သာမက ကြေးစား...